ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုအများဆုံးသော လုပ်ငန်းကဏ္ဍတွေထဲမှာ လူသားအရင်းအမြစ် အများဆုံးသုံးရတဲ့ အထည်ချုပ်လုပ်ငန်းပါဝင်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ဥရောပနှင့် နိုင်ငံတကာရှိ ဖက်ရှင်ကုမ္ပဏီကြီးများက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီသော အမှာများကို ဖျက်သိမ်းခဲ့တာကြောင့် ဖနွမ်းပင်၊ ဒါကာနှင့် ရန်ကုန်မြို့ကြီးများက အထည်ချုပ်စက်ရုံများ ရာနှင့်ချီပိတ်သိမ်းမှုရဲ့နောက်ဆက်တွဲက အလုပ်အကိုင်ပေါင်း ထောင်သောင်းချီပြီးဆုံးရှုံးမှုများ ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းအလွန်ကာလများအတွင်းမှာ ဆိုင်ရာလုပ်ငန်းအသီးသီးမှ မိမိတို့၏လုပ်သားများကို နည်းမျိုးစုံဖြင့်ပံ့ပိုးတောင့်ခံနေရခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအစိုး ရအသီးသီးထံမှ အထောက်အပံ့များကိုလည်း အတိုင်းအတာတစ်ခုအထိရရှိခဲ့ခြင်းကြောင့် တစ်တပ်တစ်အား အားရှိခဲ့ခြင်းဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းသဘောသဘာဝအရ စက်တင်ဘာနှင့် နောက်ပိုင်းလများတွင် ရာသီဖက်ရှင်အထည်များနှင့် အမှာများရလေ့ရှိတာ ကြောင့် နိုင်ငံတွင်းမှ လုပ်ငန်းရှင်များအနေဖြင့်လည်း ထိုကဲ့သို့အမှာများရရှိနိုင်အောင် အပူတပြင်းကြိုးစားနေကြရပါတယ်။ အမှာရခြင်း၊ မရခြင်းသည် စိန်ခေါ်မှုကြီးမားသကဲ့သို့ တစ်ပြိုင်နက်တည်းမှာပင် အနည်းဆုံးလုပ်ခလစာနှုန်းထားကိစ္စ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းခြင်းကိစ္စများသည်လည်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များအဖို့ စိန်ခေါ်မှုများဖြစ်နေသည်။ လုပ်ငန်းရှင်များဘက်မှ မည်သို့ပင်ကြိုးစားစေကာမူ […]
Posted On September 27, 2020, By CEO Editors