ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် အစေခံခေါင်းဆောင်နဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ကာလက Service Master မှာ ပထမဦးဆုံး ဝင်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အီလီနွိုက်ပြည်နယ်၊ ဝီတန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပြီး ဝီတန်ကော်လိပ်ရဲ့စီမံခန့်ခွဲမှုကော်မတီမှာ ကျွန်တော်သင်ယူခဲ့တဲ့ရှေ့နေပညာရပ်နဲ့ ဆယ်နှစ်တိတိအလုပ်လုပ်ခဲ့ပါတယ်။ ပြင်ပလောကထွက်ပြီး ရှေ့နေအနေနဲ့ လုပ်စားဖို့စဉ်းစားတုန်း Service Master မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ခြင်းခံရပါတယ်။ အဲဒီအချိန်မှာ ServiceMaster မှာ Ken Hensen က ဥက္ကဋ္ဌရာထူးနဲ့ Ken Wessner က အမှုဆောင်အရာရှိချုပ်တာဝန်ယူထားပြီး ကျွန်တော့်အနေနဲ့ နှစ်ယောက်စလုံးနဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ်ကျွမ်းကျင်ပြီး တော်တဲ့အရောင်းသမားကောင်းတွေဖြစ်ပါတယ်။ သူတို့ ဦးဆောင်နေရတဲ့အချိန်မှာ ServiceMaster ဟာ အများပိုင်ကုမ္ပဏီ သေးသေးလေးတစ်ခုသာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ServiceMaster ရဲ့ ရှေ့ရေးတစ်ခုလုံးကို အသေးစိတ်ပြောပြ၊ ခြယ်မှုန်းပြရင်း ကျွန်တော်ဟာ တစ်နေ့ဦးဆောင် […]
Posted On January 10, 2020, By CEO Editors