advertisement-image
Trade & Investment

Warning: copy(/var/www/com.ceo-myanmar/wp-content/uploads/img/160x111-36473-Digital-Currency.jpg): failed to open stream: Permission denied in /var/www/com.ceo-myanmar/wp-content/plugins/fly-crop/inc/helpers.php on line 36

ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ

ဒီဆောင်းပါးဟာ စင်ကာပူFinTech ပွဲတော်ဒုတိယနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)မှာ Monetary Authority of Singapore – MAS ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Ravi Menon က The Future of Money, Finance and the Internet ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားသွားတဲ့ မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒစ်ဂျစ်တယ် ငွေကြေးအမျိုးမျိုးအကြောင်း၊ ဗဟိုဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့လားရာ၊ ဈေးကွက်တွေအပေါ်သက်ရောက်မှုတွေနဲ့ အကျိုးပြုနိုင်မှုတွေ စသဖြင့် စုံစုံလင်လင်ပါဝင်တယ်။ ငွေကြေး၊ စာရင်းအင်းနှင့် အင်တာနက် ငွေကြေးကို နှစ်သန်းပေါင်းများစွာကတည်းက ကြားခံလဲလှယ်ရေးအရာ (Medium of Exchange) အဖြစ်သုံးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့တိုးတက်ဖြစ် […]
Posted On October 19, 2022, By Editorial

လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group

ဆိပ်ကမ်းတွေနဲ့ စွမ်းအင်လုပ်ငန်းစုတွေအပါအဝင် လုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်နေရာယူထားပြီးသားဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီးဖြစ်တဲ့ Adani Group ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေထပ်မံပြုလုပ်သွားဖို့ရှိကြောင်း Chairman ဖြစ်သူ Gautam Adani က ဆိုပါတယ်။ အများစုကိုတော့ သဘာဝသယံဇာတကနေ ကာဗွန်ထုတ်လုပ်မှုသုညဖြစ်နိုင်ခြေနည်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် (energy transition business) တွေဘက်မှာ အသုံးချရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၁၉၈၈ ခုနှစ်က coal trading လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့တဲ့ Adani Group ကို အခုအသက် ၆၀ ဝန်းကျင်ရှိတဲ့ Gautam Adani က ဦးဆောင်နေပြီး သူဟာလုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်အခြေချ အောင်မြင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အခြေခံအဆောက်အအုံ များတည်ဆောက်ငှားရမ်း၊ လုပ်ကိုင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းစုဟာ […]
Posted On September 30, 2022, By Editorial

Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ

ဂျပန်နိုင်ငံရဲ့နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းကြီး Olympus က သူ့ရဲ့ မိုက်ခရိုစကုပ်ထုတ်လုပ်ရေးလုပ်ငန်းခွဲကို Bain Capital (ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ)ကို ဂျပန်ယမ်း ၄၂၇.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ)ဖြင့်ရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။ ဒါဟာ Olympus အတွက် အကြီးဆုံး ရောင်းချမှုတစ်ခုဖြစ်မှာပါ။             ဒီရောင်းချလိုက်တဲ့လုပ်ငန်းဟာ မိုက်ခရိုစကုပ်တွေအပြင် Endoscopes နဲ့ X-ray Analyser တွေကိုပါ ထုတ်လုပ်တဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။ ရောင်းချရင်းအကြောင်းရင်းကတော့ Olympus ကုမ္ပဏီအနေနဲ့ ဆေးနှင့်ပတ်သက်သောနည်းပညာအမျိုးမျိုးအပေါ်ကိုပဲ အဓိကထားလုပ်ကိုင်သွားဖို့ ကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုပုံစံကိုစတင်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနေတာကြောင့်ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲဖွဲ့စည်းခြင်းကို ၂၀၁၉ ခုနှစ်ကတည်းကစတင်လုပ်ဆောင်လာတာဖြစ်ပြီး အခုရောင်းချလိုက်တဲ့လုပ်ငန်းခွဲဟာလည်း အရောင်းအားလည်းကောင်းပြီး အမြတ်လည်းရှိတဲ့လုပ်ငန်းခွဲပါ။ ပြောင်းလဲပြင်ဆင်မှုလုပ်ငန်းစဉ်အတွင်း ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဘုတ်အဖွဲ့ထဲကို ValueAct Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုပါထည့်သွင်းခဲ့သလို ၊ နိုင်ငံပြင်ပက ဆေးပစ္စည်းလုပ်ငန်းအမျိုးမျိုးကိုဝယ်ယူခဲ့ကာ၊ ကာလရှည်ကြာအရှုံးပေါ်နေတဲ့လုပ်ငန်းဖြစ်တဲ့ ဒီဂျစ်တယ်ကင်မရာလုပ်ငန်းကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။             […]
Posted On September 4, 2022, By Editorial

အမေရိကန်မှာ ဘက်ထရီစက်ရုံတည်ဆောက်မယ့် Honda နဲ့ LG Energy Solution

Honda Motor Co နဲ့ တောင်ကိုရီးယား ဘက်ထရီထုတ်လုပ်ရေးလုပ်ကြီး LG Energy Solution Ltd တို့အနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာ လျှပ်စစ်ကားတွေမှာအသုံးပြုဖို့ ဘက်ထရီစက်ရုံတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံအသုံးပြုသွားဖို့ သဘောတူညီလုပ်ဆောင်လျက်ရှိပါတယ်။ အဓိကကတော့ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းကြီး Honda Motor Co အနေနဲ့ ၂၀၄၀ ပြည့်နှစ်ရောက်ရှိတဲ့အခါမှာ သဘာဝသယံဇာတစွမ်းအင်အသုံးပြုမှုကိုလုံးဝဖြတ်တောက်ဖြစ်နိုင်ဖို့ ရည်မှန်းထားတာကြောင့်ပါ။ အဲဒီဘက်ထရီစက်ရုံကနေပြီးတော့ ၂၀၂၅ ခုနှစ်ကစတင်ပြီး 40Gigawatt-hours တစ်နှစ်ကိုထုတ်လုပ်နှုန်းရဖို့ ရည်မှန်းချက်ထားထားကြောင်းလည်း Honda Motor က ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်မှာစတင် စက်ရုံတည်ဖို့လျာထားတဲ့ ဒီဘက်ထရီစက်ရုံကို Joint Venture အနေနဲ့ Honda Motor Co နဲ့ LG Energy Solution Ltd တို့က တည်ထောင်မှာြဖစ်ပြီး […]
Posted On September 3, 2022, By Editorial

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူ : တိုယိုတာ

ကားထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအတွင်းအချက်အလက်တွေအရ တိုယိုတာ မော်တော် ကော့ပ်ဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီး Volkswagen AG ကို ၃ နှစ်ဆက်တိုက် ကျော်ဖြတ်ကာ ထပ်ကိုရောက်ရှိနေပါတယ်။ ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီး တိုယိုတာအနေနဲ့ ဒီကာလအတွင်းမှာ ကမ္ဘာတစ်ဝန်း အကြမ်းဖျဉ်းအားဖြင့် ယာဉ်အစီးရေ ၅.၁၄ သန်းရောင်းချခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ အဲဒီအရောင်းပမာဏထဲမှာ တိုယိုတာရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ minivehicle တွေထုတ်လုပ်တဲ့ ဒိုင်ဟတ်ဆုမော်တော်ကုမ္ပဏီရဲ့ ရောင်းအားရယ်၊ ထရပ်ကားတွေထုတ်လုပ်တဲ့ ဟီးနိုးမော်တာလီမိတက်ရဲ့ ရောင်းအားတွေလည်း ပါဝင်တာပါ။ ဒီအရောင်းပမာဏက အရင်တစ်နှစ်ကထက် ၆ ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီလိုရာခိုင်နှုန်းတစ်ခု လျော့ကျခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုအရောင်းရာခိုင်နှုန်းကျဆင်းခြင်းရဲ့အဓိကအချက်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုပမာဏကလည်း ၃.၈ ရာခိုင်နှုန်း၊ အစီးရေအားဖြင့် ၅.၁၀ သန်းလျော့ကျထုတ်လုပ်ခဲ့တဲ့အတွက်ဖြစ်ပြီး ဒါဟာလည်း နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် […]
Posted On July 31, 2022, By Editorial

SCG အမြတ်ရာခိုင်နှုန်းကျဆင်း

၂၀၂၂ ခုနှစ်ပထမနှစ်ဝက်ကာလအတွင်း ဆီရော ကုန်ကြမ်းဈေးနှုန်းတွေရော မြင့်တက်လာတဲ့ဲဒဏ်ကြောင့် ဘိလိပ်မြေထုတ်လုပ်သူ SCG ဟာ အမြတ်ကျဆင်းခဲ့ပါတယ်။ SET (Stock Exchange of Thailand) စာရင်းဝင် ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘိလိပ်မြေထုတ်လုပ်သူနဲ့ စက်မှုလက်မှုလုပ်ငန်းစုကြီးဖြစ်တဲ့ Siam Cement Group (SCG) ဟာ ပမာဏအားဖြင့်ဆိုရင်တော့ နှစ်အလိုက်တိုင်းတာချက်တွေနှိုင်းယှဉ်မှုအရ ၄၁ ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်ပြီး ၁၈.၇ ဘီလီယံ ဘတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းမြင့်တက်တာ၊ ကုန်ကြမ်းတွေဈေးမြင့်တက်လာတာတွေက SCG ရဲ့ ဓာတုဆိုင်ရာလုပ်ငန်းတွေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပြီး SCG ရဲ့ President နဲ့ CEO ဖြစ်သူ Roongrote Rangsiyopash က စတော့ရှယ်ယာကနေရတဲ့အမြတ်ဝေစုနှုန်းတွေလည်း ကျဆင်းဖို့ရှိနေတယ်လို့ မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ သူက ကမ္ဘာ့စီးပွားရေးအနေနဲ့ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ […]
Posted On July 30, 2022, By Editorial

Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်

ထိုင်းနိုင်ငံ၏ဖြစ်နိုင်ခြေစီးပွားရေးတိုးတက်မှုအနေအထားကြောင့် အမေရိကန်အခြေစိုက် Starbucks ကော်ဖီဆိုင်လုပ်ငန်းစုအနေဖြင့် ၂၀၂၂-၂၀၂၄ ကာလတွင် တစ်နှစ်လျှင် ဆိုင်ခွဲ ၃၀ ထပ်မံဖွင့်လှစ်ရန်အစီအစဉ်ရှိကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် နှစ်ဝက်ကာလအထိ အရောင်းပမာဏမှာတိုးတက်လာသဖြင့် ယခင်က COVID-19 မတိုင်မီက ရည်ရွယ်ထားသည့်အတိုင်း ၂၀၂၂ မှစ၍ ၂၀၂၄ ခုနှစ်အထိ နှစ်စဉ် ဆိုင်ခွဲ ၃၀ ဖွင့်လှစ်သွားမည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။ COVID-19 ကာလတွင် ကျန်းမာရေးအနေအထားနှင့်စည်းကမ်းချက်များနှင့်အညီ ကားနှင့်အော်ဒါမှာ၍ ပစ္စည်းမှာယူနိုင်သောဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဒစ်ဂျစ်တယ်ပလက်‌ဖောင်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံထားခဲ့သည်။ ထို့ပြင် အစည်းအဝေးခန်းမ ငှားရမ်းခြင်းဝန်ဆောင်မှုလည်းတိုးချဲ့ထားရာ လက်ရှိတွင် Starbucks ဆိုင်ခွဲ ၅၀ ရာခိုင်နှုန်းတွင် ထိုဝန်ဆောင်မှုရရှိနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် Starbucks အနေဖြင့် ၁၉၉၈ ခုနှစ်၊ ဇူလိုင်တွင် ပထမဆုံးဆိုင်ခွဲစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်နိုင်ငံတွင်း ဆိုင်ပေါင်း ၄၄၄ ဆိုင်ရှိပြီး […]
Posted On July 21, 2022, By Editorial

ဗီယက်နမ်က ယခုနှစ် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရောက်ရှိဖို့မျှော်မှန်း

ယခင်ကသတ်မှတ်ထားခဲ့တဲ့မျှော်မှန်း စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းကနေ ၆.၅ ရာခိုင်နှုန်းရှိဖို့လျာထားချက်ကို ဒီတစ်ပတ်အစပိုင်း တနင်္လာနေ့က ထပ်မံတိုးမြှင့်လိုက်ကြောင်းကို ဗီယက်နမ်နိုင်ငံရဲ့စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဝန်ကြီး Nguyen Chi Dung ပြောလိုက်ပါတယ်။ ဒီလိုမျှော်မှန်းထားချက်ပြည့်မီရောက်ရှိဖို့ဆိုရင်တော့ နှစ်အလိုက်ယှဉ်တဲ့စီးပွားရေးတိုးတက်နှုန်းဟာ ဒီတတိယသုံးလပတ်နှိုင်းယှဉ်ချက်မှာ ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်းနဲ့၊ လာမယ့် စတုတ္ထသုံးလပတ်နှိုင်းယှဉ်ချက်မှာတော့ ယခင်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း အသီးသီးပိုများဖို့လိုနေတာဖြစ်တယ်လို့ သူကထပ်မံဖြည့်စွက်ပြောဆိုပါတယ်။ Dung က နိုင်ငံရဲ့ဘတ်ဂျက်လျာထားချက်မှာ ပိုငွေပြနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူပြည်သားတွေကို ထောက်ပံ့ပေးနိုင်မယ့် ဘဏ္ဍာရေးပေါ်လစီတွေချမှတ်လုပ်ကိုင်ဖို့ လုပ်နိုင်ကြောင်းလည်းဆိုပါတယ်။ Credit Institutions တွေအနေနဲ့လည်း သူတို့ရဲ့ ချေးငွေအတိုးနှုန်းတွေကိုလျှော့ချဖို့လုပ်ရလိမ့်မှာဖြစ်ကြောင်းနဲ့ အဓိကကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ ထည့်ဝင်ငွေအပေါ်မှာ ဖိအားများနေတာတွေလျော့ကျသွားစေဖို့၊ စီးပွားရေးအသိုက်အဝန်းအပေါ်ဖိအားတွေလျော့ကျဖို့ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။ ယခုအခါမှာ ဒေသတွင်းကုန်ထုတ်လုပ်ရေးအချက်အချာဒေသဖြစ်လာတဲ့ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးခဲ့ကာ […]
Posted On July 7, 2022, By Editorial

၀င်ငွေလျော့ကျနေတဲ့ Netflix က ဝန်ထမ်း ၃၀၀ ထပ်မံလျှော့ချ

ဒီတစ်ပတ်ကြာသာပတေးနေ့တုန်းက အင်တာနက်ကနေဗီဒီယိုများထုတ်လွှင့်ပြသခြင်းလုပ်ငန်းကြီး Netflix ဟာ ဒုတယအကြိမ်အနေနဲ့ အလုပ်သမားလျှော့ချခြင်းကို ဒီတစ်ပတ်ရဲ့ ကြာသာပတေးနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ လစဉ်ကြေးပေးသွင်း ကြည့်ရှုသူဦးရေလျော့ကျခြင်း ဒဏ်ကို ကာမိစေဖို့နဲ့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးနှုန်းကျဆင်းခြင်းကို ကာမိစေဖို့လုပ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ Netflix က ကုမ္ပဏီရဲ့ဈေးကွက်မြှင့်တင်ရေးဌာနဘက်က ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်း ၁၅၀ ကိုအလုပ်ကရပ်နားခဲ့ပါသေးတယ်။ အခု ဒုတိယအကြိမ် လျှော့ချအပြီး ကုမ္ပဏီအနေနဲ့ ဒီအွန်လိုင်းကနေရုပ်ရှင် ဗီဒီယိုများထုတ်လွှင့်ခြင်း ကဏ္ဍမှာ ဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားဦးမှာဖြစ်ကြောင်း၊ ဒီလိုလျှော့ချရတာကလည်း ဝင်ငွေတိုးတက်နှုန်းနှေးကွေးသွားခြင်းနဲ့ ကာမိစေမယ့် ကုန်ကျစရိတ်တွေဖြစ်အောင် တစ်ဖက်တစ်လမ်းက လုပ်တဲ့အနေအထားဖြစ်ကြောင်းလည်းထုတ်ပြန်ပါတယ်။ ကုမ္ပဏီဟာ လစဉ်ကြေးပေးသွင်းသူတွေအနေနဲ့ အကောင့်တစ်ခုတည်းဝယ်ပြီးလူတွေမျှသုံးနေတာနဲ့ပတ်သက်လို့ တင်းကြပ်စိစစ်ဖျက်ချလိုက်အပြီးမှာ ဧပြီလကစလို့ လစဉ်ကြေးပေးသွင်းဖတ်ရှုသူ နှစ်သိန်းကျော်ကိုဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒီနှစ် ဒုတိယသုံးလပတ်မှာလည်း နောက်ထက် ၂ သန်းလောက်လျော့ကျဆုံးရှုံးရဖို့ရှိကြောင်း တွက်ချက်ထားတယ်လို့ လည်း […]
Posted On June 25, 2022, By Editorial

Novotel မှာ ၄ ရက်ကြာကျင်းပမယ့် Thai Festive Fair 2022

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်က Novotel Yangon Max ဟိုတယ် Thai Festive Fair 2022 ကို ဇွန်လ ၁၆ ရက်ကနေ ၁၉ ရက်ထိ ၄ ရက်ကြာပြုလုပ်လျက်ရှိပါတယ်။ ဒီပွဲကို DITP (Department of International Trade Promotion, Ministry of Commerce ၊ Thailand) က ဦးစီးကျင်းပတာဖြစ်ပြီး စားသောက်ကုန်တွေ၊ အလှအပနဲ့ကျန်းမာရေးထုတ်ကုန်တွေ၊ ဖက်ရှင်နဲ့ နေ့စဉ်သုံးကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးရုံ၊ Express (Delivery) လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း စသဖြင့် အမျိုးအမည်စုံ ဆိုင်ခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသလျက်ရှိတာတွေ့ရပါတယ်။ ဒီကုန်စည်ပြပွဲမှာ ကံစမ်းမဲအစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေလည်းထည့်သွင်း ပြုလုပ်လျက်ရှိပါတယ်။
Posted On June 18, 2022, By Editorial
1 2 3 9