ယခုနှစ်ဧပြီလတွင် နှစ်စဉ်ကျင်းပနေကျ မာစတာစ်ဂေါက်သီးပြိုင်ပွဲကြီးက မကျင်းပဖြစ်တော့ပါ။ Covid 19 ကို ကြောက်၍ဖြစ်ပါသည်။ မာစတာစ်အကြောင်းတွေးမိသည်နှင့် တိုက်ဂါးအကြောင်း သတိရကြစမြဲပါ။ သူကလက်ရှိချန်ပီယံဖြစ်ပါသည်။ ယမန်နှစ်က သူဗိုလ်စွဲလိုက်သည့်အခါ ဂေါက်သီးရာဇဝင်၌ အကြီးကျယ်ဆုံးသောပြန်လည်နိုးထအောင်ပွဲရမှုကြီးဟု အားလုံးက သတ်မှတ်ခဲ့ကြသည်။ ဂေါက်သီးတွင်သာမဟုတ်ပါ။ အားကစား လောကပေါင်းစုံအတွင်းတွင်ပင် အကြီးကျယ်ဆုံး၊ အကောင်းဆုံးအောင်ပွဲဟု ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရပါသည်။ မာစတာစ်အကြောင်းတွေးတိုင်း တိုက်ဂါးကိုသတိရခြင်းမှာ သူကဤပွဲကြီးအား ငါးကြိမ် အောင်ပွဲရခဲ့၍လည်း ဖြစ်ပါသည်။ သူထက်အကြိမ်များသူဟူ၍ ခြောက်ကြိမ် ဗိုလ်စွဲခဲ့သူ ဂျက်ခ်နစ်ကလပ်စ်သာ ရှိပါသည်။ ပြန်လည်နိုးထအောင်ပွဲရမှုဟု ဆိုရသည်မှာလည်း တိုက်ဂါးက ၁၉၉၇ မှ ၂၀၀၈ နှစ်အထိ သူ့အသက် ၂၁ နှစ်မှ ၃၂ နှစ်အရွယ်၊ နှစ် ပေါင်း ၁၂ နှစ်အတွင်းတွင် မေဂျာပွဲကြီး ၁၄ ပွဲ […]
Posted On July 7, 2020, By CEO Editors