Father’s Day အတွက် Novotel Yangon Max ဟိုတယ်က အထူးအစီအစဉ် ၂ မျိုး

၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၉ ရက်(တနင်္ဂနွေနေ့)မှာ ကျရောက်မယ့် Father’s Day အတွက် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်က Novotel Yangon Max ဟိုတယ်က the Square restaurant မှာ မိသားစုနဲ့အချိန်ကုန်နိုင်ဖို့ အစီအစဉ် ၂ ခုရှိပါတယ်။

တစ်ခုကတော့ Free Entrance နဲ့ သွားရောက်လည်ပတ်ကြည့်ရှု ဝယ်ယူနိုင်မယ့် Farmer’s Market ဖြစ်ပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ရှိနေမှာဖြစ်ပါတယ်။ ဒီ Farmer’s Market အစီအစဉ်မှာ ပါဝင်ရောင်းချသူပေါင်း ၃၀ ကျော်ရှိမှာဖြစ်ပြီး Arts and Crafts တွေလည်း ပါဝင်ပြသရောင်းချသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒုတိယ Activity တစ်ခုကတော့ မနက် ၁၂ နာရီကနေ နေ့လည် ၃ နာရီအထိ လူတစ်ဦးလျှင် ၆၉၀၀၀ကျပ်နှှုန်းဖြင့် the Square restaurant မှာ စားသုံးနိုင်မယ့် Father’s Day Brunch အစီအစဉ်ဖြစ်ပါတယ်။ ဒီထဲမှာ ရေကူးကန်အသုံးပြုခွင့်၊ Live Music Band ဖြင့်ဖျော်ဖြေမှု၊ ကံစမ်းမဲပါဝင်ကံစမ်းခွင့်၊ ကလေးတွေအတွက် Face Painting Activity တွေလည်း ပါဝင်ပြီးသားဖြစ်တယ်လို့သိရပါတယ်။ အသေးစိတ်ကိုတော့ ၀၉၄၄၄၀၈၈၈၃ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။