မြန်မာ့ရိုးရာချိတ်ကိုအခြေခံထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းများ၊ ချည်ထည် အမျိုးသမီးဝတ် ဒီဇိုင်းဆန်းအင်္ကျီများအပြင် ပန်းချီဆရာများ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီလက်ရာများနဲ့ လက်ဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Two Ladies Co Ltd အကြောင်းကို လုပ်ငန်းတည်ထောင်သူတွေဖြစ်ကြတဲ့ မမြတ်သဇင်နှင့် မငုဝါမောင်တို့ကို CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံ Two Ladies Co Ltd ကို စတင်တည်ထောင်ဖြစ်ခဲ့တာ ၂၀၁၈ ခုနှစ်လောက်မှာပါ။ ကျွန်မမြတ်သဇင်ရယ်၊ ညီမငုဝါမောင်ရယ် နှစ်ယောက်နဲ့ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်က Business Management သင်တန်းတွေတက်ရင်းကနေ ခင်မင်ခဲ့ပါတယ်။JICA Scholarship Program နဲ့ ဂျပန်ကို အတူတူသွားရောက် လေ့လာရင်း၊ MABA (Myanmar-Japan-Center Alliance Business Association)ဆိုတဲ့ ဂျပန်မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ လှုပ်ရှားမှုများကို အတူတူလုပ်ရင်း မြန်မာ […]
Posted On June 23, 2020, By CEO Editors