Meliá Yangon ရဲ့ Christmas နဲ့ New Year အတွက် Festive Feast အစီအစဉ်

လာမယ့် ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးအတွက် ရည်ရွယ်ကာ Meliá Yangonဟိုတယ်ရဲ့ The Market restaurant မှာ အထူးအစီအစဉ်အနေနဲ့ တစ်ဦးလျှင် ၃၂ ဒေါ်လာနှုန်းဖြင့် ဘူဖေး နေ့လယ်စာ၊ ညစာတွေကို Booking လုပ်စားသုံးနိုင်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ညနေ ၅ နာရီမှ ၉ နာရီအတွင်းမှာတော့ Christmas Eve Buffet Dinner နဲ့ ၂၅ ရက် နေ့လယ် ၁၁နာရီခွဲမှ ၃ နာရီအတွင်းမှာတော့ Christmas Day Buffet Lunch တို့ရှိမှာဖြစ်ပြီး၊ ၃၁ ရက် ညနေ ၅ နာရီမှ ၉ နာရီအတွင်းမှာတော့ New Year Eve Buffet Dinner နဲ့ ၂၀၂၂ ခုနှစ် ဇန်ဝါရီ ၁ ရက် နေ့လယ် ၁၁နာရီခွဲမှ ၃ နာရီအတွင်းမှာတော့ New Year Day Buffet Lunch တို့ရရှိနိုင်မှာဖြစ်ပါတယ်။


ကြက်ဆင်သား၊ ဝက်ပေါင်ကျပ်တိုက်၊ ရာသီစာအချိုပွဲတွေနဲ့ ပါစတာအမျိုးမျိုး၊ ဘီယာ၊ အချိုရည်၊ အသီးဖျော်ရည်၊ ကော်ဖီ၊ လက်ဘက်ရည် စသဖြင့် အမျိုးမျိုးရွေးချယ်သုံးဆောင်နိုင်မယ့် ဘူဖေးအစီအစဉ်မှာ လူတစ်ဦးလျှင် ၃၂ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ စပါကလင်ဝိုင်၊ ဝိုင်နီနဲ့ ဝိုင်ဖြူ၊ ပြီးတော့ Beam Suntory premium ကော့တေးလ်အမျိုးမျိုးကို ရွေးချယ်သောက်သုံးမယ်ဆိုရင်တော့ တစ်ဦးလျှင် ၁၈ ဒေါ်လာစီထပ်မံကျသင့်မှာဖြစ်ပါတယ်။


ပြီးတော့ ဘူဖေးစားသုံးသူများအတွက် Melia Yangon ရဲ့ Lucky Draw program မှာပါ ပါဝင်ကံစမ်းနိုင်မယ်လို့ သိရပါတယ်။ Booking လုပ်ဖို့နဲ့ အသေးစိတ်စုံစမ်းဖို့ကိုတော့ ဖုန်း ၀၁ ၉၃၄၅၀၀၀ နဲ့ ၀၉ ၂၆၆၂၀၁၉၈၈ တို့ကိုဆက်သွယ်နိုင်ပါတယ်။