NearMe ရဲ့ Managing Director ဖြစ်သူ U Lin Htike Aung နှင့်တွေ့ဆုံခြင်း

၂၀၂၁ ပြည့်နှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းထဲတွင် Cover Story အဖြစ်ဖော်ပြပေးခဲ့တဲ့ Near Me ရဲ့ Managing Director ဖြစ်သူ U Lin Htike Aung နှင့်တွေ့ဆုံမေးမြန်းချက်များကို CEO ပရိသတ်များအတွက်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ Digital Mobile Payment ပကတိအနေအထား၊ SEA နိုင်ငံများနဲ့နှိုင်းယှဉ်သုံးသပ်ပေးပါ။

လက်ရှိ Payment တွေကတော့ အရင်ထက်စာရင်စပြီး ကောင်းလာပြီ။အဆိုးထဲကအကောင်းလို့ပြောရမယ်။ကိုဗစ်ကာလဖြစ်တဲ့အချိန်မှာနိုင်ငံတော်ကလည်း ကိုဗစ်စီးပွားရေး Plan ဆိုပြီးတော့ CERP(COVID-19 Economic ReliefPlan) ကိုထုတ်ထားတာရှိတယ်။ကျွန်တော်တို့ CERP ရဲ့ ပန်းတိုင်(၅) ငါးအနေနဲ့ Digital Payment တွေ Promote လုပ်ဖို့ဆိုတဲ့ Section တစ်ခုအနေနဲ့ပါတယ်။ Action Item တစ်ခုအနေနဲ့အစိုးရ (Government) ကလည်းသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွန်းနေပါတယ်။တွန်းနေတဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းပိုင်း (Industry) ထဲကပါဝင်သူ (Player) တွေကလည်းဒီပေါ်မှာပိုပြီးတော့ ကြိုးစားမှုဖြစ်နေကြတယ်။

ပုံမှန်ငါးနှစ်လောက်ဆိုရင်တော့ ဒစ်ဂျစ်တယ်ဘက်ကိုများများသုံးမယ်လို့ ရည်ရွယ်ထားတဲ့ကာလမှာမှ အခုလိုအခြေအနေမျိုးသုံးနှစ်လောက်အတွင်း လည်းဖြစ်သွားနိုင်ပါတယ်။ပုံမှန်ကျွန်တော်တို့ လုပ်ငန်းပိုင်း (Industry) ထဲမှာမှီငြမ် း(Reference) လုပ်တဲ့အပိုင်းကတော့အာဆီယံ ၆ Report ကိုအဓိကမှီငြမ်း (Reference) လုပ်ကြတယ်။ အာဆီယံခြောက်နိုင်ငံတော့ မြန်မာနိုင်ငံမပါဘူးဆိုပေမယ့် အများဆုံးအာဆီယံကိုကြည့်ရင် တိုင်းပြည်ခြောက်ခုနဲ့ပဲကြည့်ကြတယ်။၂၀၁၉ခုနှစ်မှာအင်တာနက် e-Commerce မှာဆိုရင်ဘီလီယံတစ်ရာလောက်ထိ ရှိခဲ့တယ်။၂၀၂၅ ခုနှစ်ထိလည်းသူတိုTarget လုပ်ထားတာရှိတယ်။

ဒါပေမဲ့ အခုချိန်အထိအာဆီယံဒေသမှာ ၇၀ ရာခိုင်နှုန်းကဘဏ်အကောင့်မရှိသူ (Unbanked) M-Bank နဲ့ဘဏ်နဲ့အလှမ်းဝေသူ (Underbanked) Enter Bank ခေါ်တဲ့ဒီအောက်မှာပဲရှိသေးတယ်။၃၀ ရာခိုင်နှုန်းလောက်ပဲ ဒစ်ဂျစ်တယ်အပြည့်အဝ (Fully Digital) သုံးသေးတယ်လို့ပြောလို့ရတယ်။မြန်မာပြည်အနေနဲ့ဆိုရင် ကျွန်တော်တို့တော်တော်များများ လုပ်ဖို့ရှိပါသေးတယ်။နောက်တစ်ခုက အရှေ့တောင်အာရှ (South East Asia) မှာဆိုရင်ထိုင်းတို့၊ စင်ကာပူတို့၊ ကျွန်တော်တို့မြင်သာတာဆိုရင် National QR Swish Switch တွေကို သူတို့စပြီး အကောင်အထည်ဖော်တော့ တော်တော်အလားအလာ ကောင်းပါတယ်။မြန်မာပြည်မှာကတော့ ခုဆိုရင်ဗဟိုဘဏ်ကခေါ်နေတဲ့ RTRP (Real-Time Retail Payment) ဆိုတဲ့ Tender တစ်ခုရှိတယ်။CERP RTRP အကောင်အထည်ပေါ်သွားရင် တိုင်းပြည်အတွက် Digital Payment မှ ာမြန်မြန်အရှိန်ကောင်းကောင်းနဲ့ အကျိုးပြုသွားမယ်လို့ ထင်ပါတယ်။

NearMe ကလက်ရှိပေးနေတဲ့ဝန်ဆောင်မှု

လက်ရှိမှာတော့ Digital Service တွေကိုပေးနေတယ်။ Digital Service တွေကအဓိကကျွန်တော်တို့ရဲ့မိတ်ဖက်ကုန်စုံဆိုင် (Retail Partner) တွေဖြစ်တဲ့ SME တွေ၊အိမ်ဆိုင်လေးတွေကိုကျွန်တော်တို့ကဒီ Digital Service Platform တစ်ခုကိုဝန်ဆောင်မှုပေးလိုက်တယ်။အဲဒီပေါ်မှာကျွန်တော်တို့က Digital Service တွေကိုထည့် On ပေးလိုက်တဲ့အတွက် သူတို့ကဒီပေါ်မှာဝန်ဆောင်မှုတွေရောင်းတယ်။ Digital Service တွေကို Category ခွဲလိုက်ရင် Mobile Top up တွေရှိတယ်။ တခြားDigital Couponsupons တွေဖြစ်တဲ့ Itunes တို့၊ Stream Wallet တွေရှိတယ်။နောက်တစ်ခုက Bill Payment လိုမျိုးတွေလည်းရှိတယ်။ Microfinance တွေအတွက် Lead Generation လုပ်ပေးတာတွေလည်းရှိတယ်။ e-Payment ကိုလည်းကျွန်တော်တို့ Market ထဲမှာစပြီးလုပ်နေပါပြီ။