အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel

Singapore Telecommunications Ltd (Singtel) က သူတို့ရဲ့ ပထမ၃လပတ် အသားတင်အမြတ်က ၄၁ ရာခိုင်နှုန်းခုန်တက်လာခဲ့တယ်လို့ လွန်ခဲ့တဲ့ သတင်းပတ်ကထုတ်ပြန်ကြေငြာပါတယ်။ အဓိကကတော့ Singtel ကတစ်ဝက်ပိုင်တဲ့ Bharti Airtel ရဲ့ ဘဏ္ဍာရေးပိုင်း ပြန်နာလံထူလာတာကြောင့်ဖြစ်ပါတယ်။

Singtel ရဲ့ ဇွန်လ ၃၀ ရက်မှာအဆုံးသတ်တဲ့ပထမ၃လပတ်စာအတွက် အသားတင်အမြတ်က စင်ကာပူဒေါ်လာ ၆၂၈ သန်းဖြစ်ပြီး ယမန်နှစ်အခုလိုအချိန်တုန်းကတော့ အမြတ်က စင်ကာပူဒေါ်လာ ၄၄၅ သန်းပဲရရှိခဲ့တာပါ။

Singtel ရဲ့လုပ်ငန်းများ

Singtel ဟာ စင်ကာပူနိုင်ငံအတွင်း ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းကြီး ၄ ခုထဲကတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းက အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပါ။  ပင်မကုမ္ပဏီအပါအဝင် လုပ်ငန်းခွဲတွေအားလုံးရဲ့ ဖောက်သည်တွေကိုပေါင်းလိုက်ရင် စုစုပေါင်း အသုံးပြုသူ သန်း ၆၄၀ (subscriber) ရှိပါတယ်။ ဒါက ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အကုန်မှာထွက်ချက်ထုတ်ပြန်ထားတဲ့ အချက်အလက်ပါ။ သူ့ရဲ့အဓိကလုပ်ငန်းတွေကတော့ Internet Service Provider (ISP – အင်တာနက်ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုပေးခြင်းအမျိုးမျိုး) ၊ Internet Protocol Television (IPTV အင်တာနက်ပရိုတိုကောများပေါ်က ရုပ်မြင်သံကြားလိုင်းလွှင့်တင်ပြသခြင်းဝန်ဆောင်မှု aka ဒီဂျစ်တယ်တယ်လီဗီးရှင်း ဝန်ဆောင်မှု၊ Singpore မှာတော့ Singtel TV ဆိုပြီး ကုမ္ပဏပိုင်ရုပ်သံလိုင်းတစ်ခုရှိပါတယ်။) ၊ mobile phone networks (မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးကွန်ရက်ဝန်ဆောင်မှု) ၊  fixed line telephony services (Optical Fiber Telephone Line Transmission ဖြင့်သွယ်တန်းချိတ်ဆက်အသုံးပြုရတဲ့ Landline Telephone – အရပ်အခေါ် အထိုင်ဖုန်း ) ၊ Broadband ဝန်ဆောင်မှုတွေ၊ IT နဲ့ တခြား Network ဝန်ဆောင်မှုအမျိုးမျိုး … စတာတွေပါဝင်ပါတယ်။ အဓိကအားဖြင့်တော့ Mobile ၊ Broadband ၊ TV ၊ Devices & Gadgets ၊ Lifestyle & Services ဆိုပြီး လုပ်ငန်းတွေကို အမျိုးအစားခွဲထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုပိုင်း

Singtel က စင်ကာပူနိုင်ငံပြင်ပဒေသတွင်းနိုင်ငံတွေမှာလည်း  လုပ်ငန်းချဲ့ထွင်လုပ်နိုင်နေတာပါ။ ဩစတြေးလျရဲ့ ဒုတိယအကြီးဆုံး telco ဖြစ်တဲ့ Optus ကို ပိုင်ဆိုင်ထားပြီး Bharti Airtel ဆိုတဲ့ အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး carrier မှာလည်း ၃၂.၁၅ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါတယ်။

Singtel  ဟာ စင်ကာပူနိုင်ငံအတွင်းမှာရော ဩစတြေးလျမှာရော ဈေးကွက်ဝေစုတော်တော်များများကို ထိန်းချုပ်ထားပါတယ်။ သူဟာ စင်ကာပူစတော့အိတ်ချိန်းဝင်ကုမ္ပဏီတွေထဲမှာလည်း ဈေးကွက်တန်ဖိုးအရ ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်ကာ ကုမ္ပဏီရှယ်ယာတော်တော်များများကို Temasek Holdings (စင်ကာပူအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ)ကပိုင်ဆိုင်ပါတယ်။ Singtel Innov8 ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွဲကို ၂၀၁၁ ခုနှစ်က မတည်ငွေကြွေး စင်ကာပူဒေါ်လာ သန်း ၂၀၀ နဲ့ထူထောင်ထားပြီး ဆန်းသစ်တီထွင်မှုလုပ်ငန်းများလုပ်နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

Ref : CNA, Interent, Wikipedia