JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး

လက်ရှိ Job Market အနေအထား၊ The Best Companies to Work in Myanmar – BCIM ကနေ ကုမ္ပဏီတွေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေ၊ ဝန်ထမ်းတွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း/ကုမ္ပဏီကို ဘယ်လိုအချက်တွေကို ကြည့်ပြီးရွေးချယ်သင့်သလဲ

မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်များထဲမှတစ်ခုဖြစ်သည့် JobNet.com.mm မှ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar – BCIM) အစီအစဉ်ကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဦးစီးကျင်းပသွားမည်ဖြစ်သည်။    ယခုအစီအစဉ်ကို ပါ၀င်နိုင်ရန်အတွက် လျှောက်လွှာများကို ဇူလိုင်လ ၁၅ ရက်က www.bcimyanmar.com/participate တွင် စတင်လက်ခံခဲ့ပြီး ဩဂုတ်လ ၁၀ ရက်မတိုင်ခင်အထိ တင်နိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ကုမ္ပဏီတွေအနေနဲ့ ဘာကြောင့် ပါဝင်သင့်သလဲ၊ ကုမ္ပဏီတွေအနေနဲ့ ယခုလို campaign  များတွင် ဝင်ပြိုင်သောကြောင့် (Award တွေမရရင်ခဲ့သော်လည် ) နောက်ပိုင်း recruitment and hiring ၊ talent management၊  HR စသဖြင့် အပိုင်းများမှာ ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ လက်ရှိ Job Market အနေအထား စသည်တို့အပြင် ဝန်ထမ်းများအနေနှင့် အလုပ်ရှာဖွေသည့်အခါ မိမိလုပ်ချင်တဲ့ လုပ်ငန်း/ကုမ္ပဏီကို မည်သည့်အချက်များကို  ကြည့်ရှုရွေးချယ်သင့်သလဲ စသည်ဖြင့် JobNet.com.mm ၏ MD Matt De Luca မှ ဖြေဆိုပေးထားပါသည်။

ဘာကြောင့် ဒီ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar – BCIM) campaign ကို စီစဉ်ဖြစ်တာပါလဲ။

မြန်မာနိုင်ငံတွင်အလုပ်လုပ်ရန် အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar) အစီအစဉ်ကို ၂၀၂၀ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ဒါက မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်နဲ့ ကျွမ်းကျင်ဝန်ထမ်းစီမံခန့်ခွဲမှုအလေ့အထကောင်းတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ပိုမိုပေါ်ပေါက်လာစေနိုင်ဖို့ရည်ရွယ်ထားတဲ့ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်ကို သက်သေပြနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ စိန်ခေါ်မှုများရှိခဲ့ပေမယ့်လည်း ကုမ္ပဏီအများစုသည် ဝန်ထမ်းများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ကြတဲ့အတွက် အသိအမှတ်ပြုသင့်ပါတယ်။ ယခုအစီအစဉ်က ဝန်ထမ်းတွေရဲ့ စစ်မှန်တဲ့ သဘောထားများကို ကိုယ်စားပြုပါတယ်။ အခက်အခဲ စိန်ခေါ်မှုများထဲမှ မိမိရဲ့လုပ်ငန်းများကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ရန်ကြိုးပမ်းဆောင်ရွက်နေသော ကုမ္ပဏီများကို မြန်မာနိုင်ငံတွင်အလုပ်လုပ်ရန် အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar) အစီအစဉ်မှ လုပ်ငန်းရှင်များ၏ပုံရိပ်ကို မြှင့်တင်ရန် နှင့် ဝန်ထမ်းများ၏ သဘောထားများကို တိုင်းတာ၍ စစ်တမ်းကောက်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုကို အများဆုံးရရှိသည့် ကုမ္ပဏီများကို (The Best Companies to Work in Myanmar) တွင် ရွေးချယ်ထုတ်ဖော်ပေးခြင်းအားဖြင့် အလုပ်ရှာဖွေသူများအတွက်လဲ ထိပ်တန်းကုမ္ပဏီများကို အလွယ်တကူခွဲခြားသိရှိနိုင်ရန် ကူညီပေးနိုင်ပါတယ်။

ကုမ္ပဏီတွေက ဒီ campaign မှာ ဘာကြောင့်ပါဝင်သင့်သလဲဆိုတာကို အချက် သုံးချက်ခန့်ဖြင့် ရှင်းပြပေးပါ။

BCIM campaign က online survey ဖြစ်တဲ့အပြင် Survey ဖြေဆိုထားသောဝန်ထမ်းတစ်ဦးချင်းစီရဲ့ အချက်အလက်ကိုမသိရတာကြောင့် ဝန်ထမ်းများအနေနဲ့ မေးခွန်းတိုင်းကိုမှန်ကန်စွာ ဖြေဆိုနိုင်ပါတယ်။ ဒီအတွက်ပါဝင်တဲ့ ကုမ္ပဏီတွေက survey data အပေါ်အခြေခံပြီး သူတို့ဝန်ထမ်းတွေရဲ့ကုမ္ပဏီအပေါ်ထားရှိတဲ့ သဘောထားအဆင့်သတ်မှတ်ချက်များကို သိရှိနိုင်တာကြောင့် ကုမ္ပဏီတစ်ခုလုံးရဲ့ အခြေအနေအရပ်ရပ်ကို နားလည်နိုင်မှာဖြစ်ပါတယ်။

BCIM ရဲ့ Online survey နှင့် survey report တွင် အပိုင်း ၇ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ကုမ္ပဏီ၏ရည်ရွယ်ချက်နှင့် နည်းဗျူဟာဆိုင်ရာပေါင်းစပ်ကိုက်ညီမှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ မိမိ၏အလုပ်အကိုင်၊ အဖွဲ့လိုက်အလုပ်လုပ်ကိုင်မှုနှင့် ဆက်သွယ်မှု၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုနှင့် အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှု အခွင့်အရေးများ၊ အသိအမှတ်ပြုခြင်း၊ ချီးမြှောက်ခြင်းနှင့် အကျိုးကျေးဇူးများနဲ့ လုပ်ငန်းခွင်အနေအထား စတာတွေဖြစ်ပါတယ်။

ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီအရွယ်အစားပေါ်မူတည်၍ သတ်မှတ်ထားသောဖြေဆိုသူအရေအတွက် များရှိရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက [https://www.bcimyanmar.com/participate] တွင် လေ့လာနိုင်ပါတယ်။

Survey report တွင် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ရမှတ်အသေးစိတ်ကိုတော့ သိရှိခွင့်မရနိုင်ပါဘူး။ သို့သော် Industry average (ပါဝင်ယှဉ်ပြိုင်ထားသော ကုမ္ပဏီများ၏ပျမ်းမျှအမှတ်) ကိုသိရှိနိုင်တာကြောင့် မိမိ ကုမ္ပဏီနှင့် ဈေးကွက်ထဲရှိအခြားကုမ္ပဏီများရဲ့ survey ရမှတ်များကိုနှိုင်းယှဉ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

Survey တွင်ပါဝင်သည့် ကုမ္ပဏီများသည် စုစုပေါင်းပျမ်းမျှရမှတ် ၅.၂၅/၇ ရရှိလျှင်တစ်နှစ်တာအတွက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများအဖြစ် အကျုံးဝင်နိုင်ခွင့်ရှိပါမည်။ 2022 BCIM Winner Campaign သည် ပါဝင်သည့် ကုမ္ပဏီများ၏ Employer Branding ကို မြှင့်တင်ရန် အကောင်းဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။      

2022  BCIM WINNER CAMPAIGN တွင်ပါဝင်သည့် ကုမ္ပဏီများသည် တစ်နှစ်တာအတွက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများအဖြစ် Branding Promotion Kit ရရှိပြီး မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် နှစ်ပတ်လည် အကောင်းဆုံးကုမ္ပဏီများ တံဆိပ်၊ အထိမ်းအမှတ်ဆုတံဆိပ်၊ လက်မှတ် (Certificate)၊ သင့်ရုံးခန်းတွင် ပြသဖို့ roll up၊ BCIM နှင့် JobNet ဝဘ်ဆိုဒ်များတွင် တရားဝင်စာရင်းသွင်းခြင်း၊ အီးမေးလ်လက်မှတ်နှင့် လူမှုမီဒီယာနဖူးစည်းများ၊ BCIM Winners ၏ ကြော်ငြာကမ်ပိန်း (ဒစ်ဂျစ်တယ်၊ အော့ဖ်လိုင်း၊ PR) တွင် ကြော်ငြာထားသော သင့်အမှတ်တံဆိပ် စသည်တို့ကိုလည်း ခံစားခွင့်အနေဖြင့်ရရှိမှာ ဖြစ်ပါသည်။

လက်ရှိ Job Market အနေအထားနဲ့ Statistics တချို့

ဖြေ။     ။  ကုမ္ပဏီအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကျော်က JobNet နှင့် Alote ပလက်ဖောင်းများကိုအသုံးပြုပြီးအလုပ်ခန့်အပ်ရန်အတွက် ပြန်လည်ဆောင်ရွက်နေပါပြီ။ လစဉ်တိုင်းမှာ အလုပ်အမျိုးအစားအားလုံးတွင် အလုပ်အကိုင်အရေအတွက် တိုးတတ်လာတာကိုကြည့်ခြင်းဖြင့် ကုမ္ပဏီများအနေနဲ့အလုပ်များခေါ်ယူနေတာကြောင့် အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်များပိုမိုရှိလာကြောင်း တွေ့ရပါတယ်။ Sales and Business Development, IT [Hardware and Software], နှင့် Finance and Accounting စတဲ့အလုပ်တွေဆိုရင် JobNet.com.mm မှာ လတ်တလောခေါ်ယူမှုအများဆုံး အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ စိန်ခေါ်မှုများကြားမှာ စီးပွားရေးလုပ်ငန်းများသည် ဆက်လက်လည်ပတ်နေပြီး အရည်အချင်းရှိတဲ့သူများ အမြဲလိုအပ်နေသေးတယ်လို့ ယူဆနိုင်ပါတယ်။

ဝန်ထမ်းများအနေနှင့် အလုပ်ရှာဖွေသည့်အခါ မိမိလုပ်ချင်တဲ့ လုပ်ငန်း/ကုမ္ပဏီကို မည်သည့်အချက်များကို  ကြည့်ရှုရွေးချယ်သင့်သလဲ

အလုပ်ရှာဖွေသူတွေက ကိုယ်လျှောက်ထားချင်တဲ့ကုမ္ပဏီတွေရဲ့ အသေးစိတ်အကြောင်းအရာတွေကိုလေ့လာဖို့အတွက် JobNet.com.mm မှာရှိတဲ့ ကုမ္ပဏီပရိုဖိုင်စာမျက်နှာကိုကြည့်ရှုနိုင်သလို ကုမ္ပဏီ၏ Vision and Mission နှင့် လက်ရှိဝန်ထမ်းများရဲ့ testimonial တွေကိုလည်းဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီ့အပြင် အလုပ်ရှာသူတွေအနေနဲ့ ကုမ္ပဏီ၏အလုပ်ယဉ်ကျေးမှု (work culture) နှင့်ပတ်သက်ပြီး လေ့လာဖို့အရေးကြီးတာကြောင့် ကုမ္ပဏီအကြောင်းတွေကို ပိုမိုသိရှိရဖို့အတွက် ကုမ္ပဏီတွေရဲ့ဝက်ဘ်ဆိုဒ်တွေမှာလည်း သွားရောက်ကြည့်နိုင်ပါတယ်။ ထိုမှသာမိမိလျှောက်ထားမယ့်ကုမ္ပဏီက မိမိနှင့်ကိုက်ညီမှုရှိ၊ မရှိကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်လျှောက်ထားသူတစ်ယောက်အနေနဲ့ အင်တာဗျူးပြုလုပ်နေစဉ်အချိန်အတောအတွင်း “ဘာကြောင့် ဒီအလုပ်နေရာက လစ်လပ်နေရတာလဲ။” ဆိုတဲ့မေးခွန်းမျိုးကို မေးသင့်ပါတယ်။ ဒီမေးခွန်းကတော့ ကုမ္ပဏီရဲ့ ရှုထောင့်အမျိုးမျိုးကို အလင်းပြပေးနိုင်တဲ့ အတွက်အလွန်ကောင်းပါတယ်။ ဝန်ထမ်းများက ကုမ္ပဏီမှထွက်ခွာသွားခြင်းလား (ဒါကကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။) ဒါမှမဟုတ် အဖွဲ့ထဲကိုအဖွဲ့ဝင်များထပ်တိုးပြီး ကုမ္ပဏီကို လွယ်ကူစွာတိုးတတ်ပြောင်းလဲလာစေဖို့လား ဆိုတာကိုသိရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ အလုပ်ရှာဖွေသူတွေက ထိုကဲ့သို့သောကုမ္ပဏီတွေကိုဝင်ရောက်ခြင်းဖြင့် သူတို့အတွက်ရရှိနိုင်မယ့်တိုးတတ်မှု အလားအလာကိုအမှန်တကယ်စဉ်းစားသင့်ပါတယ်။ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုတိုးတတ်အောင်လုပ်ဆောင်နိုင်မယ်၊ ကုမ္ပဏီအနေနဲ့လည်း သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ရည်မှန်းချက်တွေအောင်မြင်အောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို အင်တာဗျူးတစ်ခုအတွင်း အလုပ်ရှင်ကို မေးမြန်းနိုင်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ဒီလို campaign  တွေမှာ ဝင်ပြိုင်တာကြောင့် (Award တွေမရရင်တောင်မှ) နောက်ပိုင်း Recruitment and hiring ၊ talent management ၊ HR စသဖြင့် အပိုင်းတွေမှာ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေရှိရင်ပြောပြပါဦး

Survey တွင် ဝင်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီများအနေဖြင့် Survey Report အပေါ်အခြေခံပြီး သူတို့ဝန်ထမ်းတွေရဲ့ကုမ္ပဏီအပေါ်ထားရှိသော သဘောထား အဆင့်သတ်မှတ်ချက်များကို မှန်ကန်စွာသိရှိနိုင်တာကြောင့် ကုမ္ပဏီတစ်ခုလုံးရဲ့ အခြေအနေအရပ်ရပ်ကို နားလည်နိုင်မှာဖြစ်ပါတယ်။ 2022 BCIM Winner Campaign ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ရင်တောင် Industry average (ပါဝင်ယှဉ်ပြိုင်ထားသော ကုမ္ပဏီများ၏ပျမ်းမျှအမှတ်) ကိုသိရှိနိုင်တာကြောင့် မိမိကုမ္ပဏီနှင့် ဈေးကွက်ထဲရှိအခြားကုမ္ပဏီများရဲ့ survey ရမှတ်များကိုနှိုင်းယှဉ်သိရှိနိုင်မှာ ဖြစ်တာကြောင့် အနာဂတ်တွင် သူတို့ရဲ့ကုမ္ပဏီအဖွဲ့အစည်းကို ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်အောင် လုပ်ဆောင်သွားနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။