advertisement-image
Profile

Atlantis SEA ရဲ့ Managing Director ဖြစ်သူ U Thura Ko Ko နှင့်တွေ့ဆုံခြင်း

Disney ဇာတ်ကောင်ပုံတွေနဲ့ကုန်ပစ္စည်းအစစ်အမှန်တွေကို မြန်မာနိုင်ငံအတွင်းထုတ်လုပ်နိုင်ဖို့၊ တင်သွင်းဖြန့်ဖြူးနိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးနေတဲ့ Disney ရဲ့ မြန်မာနိုင်ငံအတွက် Local Marketing Partner ကုမ္ပဏီဖြစ်တဲ့ Atlantis SEA ကလုပ်ဆောင်ပေးနေတဲ့အရာတွေ၊ Disney Character Licensing Business စတာတွေနဲ့ပတ်သက်လို့ Atlantis SEA ရဲ့ Managing Director ဖြစ်သူ ဦးသူရကိုကိုက အခုလိုပဲပြောပြပေးထားပါတယ်။ Atlantis SEA အနေနဲ့ Disney ကို မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်လာပေးမယ့်အကြောင်းအသေးစိတ်… မြန်မာပြည်သူပြည်သားတွေအတွက်တော့ Disney ဆိုတာကရင်းနှီးကျွမ်းဝင်ပြီးသား Brand တစ်ခုပါ။ Disney လို့ပြောလိုက်ရင် အသက်အပိုင်းအခြားမရွေး၊ ကျား/မ မရွေး သူတို့နှစ်သက်တဲ့ ဇာတ်ကောင်တွေပုံပြင်တွေရှိကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Disney ကပုံပြင်တွေနဲ့အတူကြီးပြင်းခဲ့တာပါပဲ။ Disney ကသူ့ရဲ့ပရိသတ်တွေနဲ့အတူ၊ ပြောင်းလဲနေတဲ့ခေတ်နဲ့လိုက်ပြီး ဇာတ်ကောင်အသစ်တွေ၊ […]
Posted On August 16, 2020, By CEO Editors

the Tea Club ရဲ့ Co-Founder ကိုမျိုးမြင့်ကျော်နှင့်တွေ့ဆုံခြင်း

the Tea Club ဆိုတဲ့အတိုင်း ရန်ကုန်မှာကော မြန်မာပြည်မှာကော ကော်ဖီဆိုင်တွေကပိုများပါတယ်။ Tea ဆိုင်ဆိုပြီးတော့ Tea Focus ထားတဲ့ဆိုင်တွေက နည်းနေသေးတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် the Tea Club ကိုဖွင့်ဖြစ်ခဲ့တာပါလို့ပြောလာတဲ့ the Tea Club ရဲ့ Co-Founder ဖြစ်သူ ကိုမျိုးမြင့်ကျော်နှင့်တွေ့ဆုံခိုက် CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
Posted On August 12, 2020, By CEO Editors

2C2P Group ရဲ့ Founder & CEO ဖြစ်သူ ဦးအောင်ကျော်မိုးနှင့်တွေ့ဆုံခြင်း

2C2P Group ရဲ့ Founder & CEO ဖြစ်သူ ဦးအောင်ကျော်မိုးကို ကိုဗစ်အလွန်ကာလဖြစ်ပေါ်လာမယ့် နည်းပညာလုပ်ငန်းနယ်ပယ်က Trend တွေ၊ မြန်မာနိုင်ငံရဲ့ နည်းပညာလုပ်ငန်းနယ်ပယ်နဲ့E-commerce လုပ်ငန်းနယ်ပယ်အပေါ်အမြင်၊နည်းပညာလုပ်ငန်းနယ်ပယ်က Investment Trend နဲ့ကိုဗစ်အလွန်ကာလအတွက် မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေအပေါ်အမြင်စတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ နည်းပညာလုပ်ငန်းနယ်ပယ်က ကိုဗစ်အလွန်ကာလမှာဘယ်လိုအပြောင်းအလဲတွေ Trend တွေ ဖြစ်လာမလဲ————————————COVID-19 စဖြစ်ကတည်းက Technology Industry တော်တော်များများ အပြောင်းအလဲတွေ ချက်ချင်းဖြစ်နေပါပြီ။ အခုချိန်အထိလည်း ပြောင်းလဲမှုတွေတအားမြန်နေတယ်။ New Normal မှာ COVID ပြီးသွားရင်တောင်မှ လူနေမှုပုံစံအဟောင်းကိုပြန်သွားဖို့ မရှိတော့ဘူးဆိုပြီး ပြောနေကြပါပြီ။ Customer နဲ့ Face to Face Engage လုပ်တဲ့လုပ်ငန်းတော်တော်များများ အွန်လိုင်းကိုအရှိန်အဟုန် မြန်မြန်နဲ့ပြောင်းလဲတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဝန်ဆောင်မှုပေးနေကျဖြစ်တဲ့ […]
Posted On August 10, 2020, By CEO Editors

ဒေဝါလီခံရတော့မယ့် AMD ကုမ္ပဏီကိုကယ်တင်ခဲ့သူ CEO Lisa Su

Semiconductor Company တစ်ခုဖြစ်တဲ့ Advanced Micro Devices (AMD) ကုမ္ပဏီဟာ ဒေဝါလီခံရကိန်းရှိနေချိန်မှာ ယင်းရဲ့စီအီးအိုဖြစ်လာရေးဟာ လီဆာဆူး (Lisa Lu) စိတ်ကူးထားတဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ ကျွန်မကတစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တုန်းက အမေရိကန်နိုင်ငံမှာအဲဒီကုမ္ပဏီမျိုးသိပ်မများခဲ့ဘူး။ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကျွန်မသိပ်ရင်ခုန်သွားပါတယ်လို့ သူက CNN ကိုပြောပါတယ်။ သူဟာ Best Buy လျှပ်ပ်စစ်ပစ္စည်းဆိုင်ထဲဝင်ပြီး လက်ပ်တော့ပ်တစ်လုံးလောက်ကိုင်တဲ့အခါ သူမကုမ္ပဏီကထုတ်လုပ်တဲ့ မိုက္ကရိုချစ်ပ် ဒါမှမဟုတ် Processor ပါရှိမှန်းသိပါတယ်။ ၂၀၁၄ ခုနှစ်မှာ လီဆာဟာ AMD ရဲ့ စီအီးအိုဖြစ်လာတော့ ကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးနှုန်းက အနိမ့်ဆုံးဖြစ်နေပါတယ်။ နည်းပညာလုပ်ငန်းမှာ သြဇာအရှိဆုံးမိန်းမတစ်ယောက်ဖြစ်တဲ့ လီဆာဟာ စိန်ခေါ်မှုကို ကြိုက်ပါတယ်။ ဒါကြောင့် သူဟာမူလကတည်းက အင်ဂျင်နီယာလုပ်ခဲ့တာပါ။ AMD ကို […]
Posted On July 7, 2020, By CEO Editors

Work From Home

Work From Home နဲ့ပတ်သက်ပြီး ဇွန်လထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းထဲမှာ ပါဝင်ခဲ့တဲ့ AYA Bank ရဲ့ Managing Director ဖြစ်သူ ဦးမြင့်ဇော်နှင့်တွေ့ဆုံမေးမြန်းထားတာကို CEO ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ Work From Home ရဲ့ Pros & Cons Work From Home ရဲ့ Pros & Cons လို့ပြောရင်သုံးဘက်ရှိပါတယ်။ အလုပ်ရှင်ဘက်၊ အလုပ်လုပ်သူဘက်နဲ့ အိမ်တွေဘက်ဆိုပြီး ၃ ခုရှိပါတယ်။ အလုပ်ရှင်ဘက်ကပြောရရင် Pros အနေနဲ့ပြောရရင် WFH လို့ပြောတဲ့အတွက် တကယ်လို့ အဆင်သင့်ပြင်ထားတယ်(အခုအခြေအနေမတိုင်ခင်ကတည်းက) WFH အတွက်လေ့ကျင့်ထားတယ်၊ အခုမှ စလုပ်တာမဟုတ်ဘူးဆိုရင်တော့ သူများထက်သူက အကျိုးရှိပါတယ်။ အလုပ်ရှင်ဘက်က ပထမအချက်သူသည် အိမ်မှာနေတဲ့သူတွေကို ဘယ်လိုခိုင်းမလဲ၊ […]
Posted On July 7, 2020, By CEO Editors

Two Ladies

မြန်မာ့ရိုးရာချိတ်ကိုအခြေခံထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းများ၊ ချည်ထည် အမျိုးသမီးဝတ် ဒီဇိုင်းဆန်းအင်္ကျီများအပြင် ပန်းချီဆရာများ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီလက်ရာများနဲ့ လက်ဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Two Ladies Co Ltd အကြောင်းကို လုပ်ငန်းတည်ထောင်သူတွေဖြစ်ကြတဲ့ မမြတ်သဇင်နှင့် မငုဝါမောင်တို့ကို CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံ Two Ladies Co Ltd ကို စတင်တည်ထောင်ဖြစ်ခဲ့တာ ၂၀၁၈ ခုနှစ်လောက်မှာပါ။ ကျွန်မမြတ်သဇင်ရယ်၊ ညီမငုဝါမောင်ရယ် နှစ်ယောက်နဲ့ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်က Business Management သင်တန်းတွေတက်ရင်းကနေ ခင်မင်ခဲ့ပါတယ်။JICA Scholarship Program နဲ့ ဂျပန်ကို အတူတူသွားရောက် လေ့လာရင်း၊ MABA (Myanmar-Japan-Center Alliance Business Association)ဆိုတဲ့ ဂျပန်မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ လှုပ်ရှားမှုများကို အတူတူလုပ်ရင်း မြန်မာ […]
Posted On June 23, 2020, By CEO Editors

Triumph Hotel Mandalay ရဲ့ General Manager ဖြစ်သူ ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခြင်း

၂၀၂၀ ခုနှစ်၊ မတ်လထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း “ပရော်ဖက်ရှင်နယ်မန်နေဂျာ” နဲ့ပတ်သက်ပြီး Cover Story ဖြစ်ပါရှိတဲ့ Triumph Hotel Mandalay ရဲ့ General Manager ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခိုက် CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ လက်ရှိရာထူးနဲ့ တာဝန်ယူထားမှုအပိုင်းတွေ…၂၀၁၄ ခုနှစ်မှာ Triumph ဟိုတယ်မှာ GM အနေနဲ့ စတင်လုပ်ကိုင်ခဲ့တာ အခုလက်ရှိအချိန်အထိပါပဲ။ ကျွန်တော်တာဝန်ယူရတာကတော့ ဟိုတယ်ရဲ့ Operation အကုန်လုံး၊ General Management တွေ တာဝန်ယူထားရပါတယ်။ ကျွန်တော်တို့ဆီမှာဌာနတွေကတော့ ရှစ်ခုလောက်ခွဲလို့ရပါတယ်။ ပညာရေးကတော့ ကျွန်တော်က AGTI (EC) ပြီးထားပါတယ်။ နောက်ပြီးတော့ B.Sc Maths ကို အဝေးသင်ဘွဲ့လည်းယူထားပါတယ်။ ဟိုတယ်နဲ့ပတ်သက်လို့တော့ American International Institute ကနေပြီးတော့ Executive […]
Posted On April 21, 2020, By CEO Editors

မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံခြင်း

မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံ၊ လူငယ်ဘဝကြိုးစားအားထုတ်မှု၊ လုပ်ငန်းအပေါ်ထားရှိတဲ့ခံယူချက်နဲ့ ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲအုပ်ချုပ်ပုံတွေနဲ့ အနာဂတ်ခြေလှမ်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံ… ကျွန်တော်ကျွမ်းကျင်တဲ့ ကျောက်စိမ်းလုပ်ငန်းကိုတော့ လုပ်ကိုင်ခဲ့တာ အနှစ် ၃၀ လောက်ရှိပါတယ်။ လူငယ်ဘဝတုန်းက ဟိုပင်မှာ လက်ကောက်ကွင်းခြမ်းတွေဘာ တွေ သွားဝယ်ခဲ့ဖူးပါတယ်။ အဲဒီကနေမှ ၁၉၉၆ မှာ မြန်မာပြည်ကို နိုင်ငံခြားသား ဧည့်သည်တွေ အများကြီးလာမယ်လို့ထင်တယ်။ အဲဒီလိုလာခဲ့ရင် ကိုယ် တိုင်က တိုးတက်ချင်တဲ့ လူငယ်တစ်ယောက်ပီပီ နိုင်ငံ ခြားသားတွေနဲ့တွေ့ပြီး ဟိုမှာအလုပ်လုပ်နိုင်မလားဆိုပြီး စိတ်ကူးတယ်။ ဒီလိုနဲ့ အင်္ဂလိပ်စကားပြောလေး အထိုက် အလျောက်သင်တယ်။ အိမ်ကိုမရှိ ရှိတာလေးနဲ့ ဖျစ်ညှစ်ပြီးတော့ ကားတစ်စီးဝယ်ခိုင်းတယ်။ အဲဒီ ၁၉၉၆ မှာ နိုင်ငံခြားသားဧည့်သည်တွေ လာမယ်ဆိုတဲ့မျော်လင့်ချက် […]
Posted On April 21, 2020, By CEO Editors

Harley-Davidson Mandalay Myanmar ရဲ့ Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံက ဆိုင်ကယ်ချစ်သူတွေအတွက် ကမ္ဘာကျော်မော်တော်ဆိုင် ကယ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harley-Davidson ကို မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာလည်းယုံကြည်စိတ်ချရသလို Harley-Davidson မော်တော်ဆိုင်ကယ် Owner တစ်ယောက်အနေနဲ့ နိုင်ငံတကာမှာရနိုင်တဲ့ ခံစားခွင့်တွေကိုပါပေးနေတဲ့ Harley-Davidson Mandalay အကြောင်းကို Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်က ပြောပြပေးခဲ့ပါတယ်။ Harley-Davidson Mandalay Myanmar အကြောင်းနဲ့ဖွင့်ရတဲ့ရည်ရွယ်ချက်… မော်တော်ဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့ ၁၉၈၇ ခုနှစ် လောက်ကတည်းက စတင်ပြီးထိတွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်လောက်မှာ Harley-Davidson မော်တော်ဆိုင်ကယ်ကို စစီးဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ ဆိုင်ကယ်တွေအကြောင်း စာအုပ်တွေဖတ်တယ်။ အဲဒီတုန်းက အင်တာနက်တွေက သိပ်မထွန်းကားသေးတော့ စာအုပ်တွေဖတ်ပြီးတော့ပဲလေ့လာရတယ်။ မိဘလက်ငုပ်လက်ရင်းလုပ်ငန်းက အိမ်ဆောက်ပစ္စည်း အရောင်းအဝယ်လုပ်ပါတယ်။ ကိုယ်တိုင်လည်း ကျောက်စရစ်လုပ်ငန်း လုပ်ပါတယ်။ ဒီလိုနဲ့အသက် ၃၅ နှစ်လောက်မှာတွေးမိတာက […]
Posted On February 26, 2020, By CEO Editors

အောင်မြင်တဲ့ ကလေးကစားစရာလုပ်ငန်း တည်ထောင်သူ Nick Mowbray

တက်သစ်စစွန့်ဦးထွင်လုပ်ငန်းရှင်ကလေး နစ်မိုးဘရေး (Nick Mowbray) ဟာ တရုတ်ပြည်မှာ ကလေးကစားစရာလုပ်ငန်းတည်ထောင်ဖို့ကြိုးစားနေတုန်း နှစ်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံမှ ဧရာမလက်လီအရောင်းလုပ်ငန်းကုမ္ပဏီကြီး Walmart က သူ့လုပ်ငန်းကို စိတ်ဝင်စားသွားပါတယ်။ ဟောင်ကောင်ရှိနစ်ခ်ရဲ့လုပ်ငန်း Zuru ကိုအဲဒီ ကုမ္ပဏီအရာရှိကြီးတွေက လာကြည့်ခွင့်တောင်းတော့သူက လိပ်စာပို့ပေးလိုက်တယ်။ သူတို့ရောက်မလာခင်သူ အရောင်းပြခန်းဖွင့်ထားဖို့ပြင်ဆင်ရတယ်။ ”နောက်နေ့ကျတော့ ကျွန်တော်ဟောင်ကောင်ကို တရုတ်ပြည်မကြီးကနေ ရထားစီးသွားပြီး အကူအညီလိုက်ရှာရတယ်” လို့ ယခုအသက် ၃၄ နှစ်ရှိ နစ်ခ်က ပြောတယ်။ နယူးဇီလန်နိုင်ငံသားညီနောင်ဖြစ်တဲ့ နစ်ခ်နဲ့မက်တို့ဟာ ၂၀၀၃ ခုနှစ် Zuru ကိုတည်ထောင်ကာ ရှေ့ဦးပိုင်းနှစ်တွေအတွင်း အတွေ့အကြုံတွေရယူပြီး လုပ်ကိုင်သွားကြပုံကို Walmart က အထူးစိတ်ဝင်စားခဲ့တာပါ။ ယခုအခါ သူတို့ ညီမအင်နာနဲ့ပါလက်တွဲပြီး လုပ်ကိုင်နေတဲ့ Zuru ကုမ္ပဏီမှာ ဝန် ထမ်း ၅၀၀၀ ဦးရှိပြီး […]
Posted On February 26, 2020, By CEO Editors