advertisement-image
Health

ရုံးတွင်းအလုပ်သမားတွေအတွက် အကြောလျော့နည်း၊ အကြောဆန့်နည်းများ

ရုံးတွင်းစားပွဲခုံနောက်မှာ နေ့တိုင်းအလုပ်လုပ်နေရသူတွေဟာ များသောအားဖြင့် ကိုယ်နေဟန်ထားမမှန်တာကြောင့် ခန္ဓာကိုယ်ကို ညောင်းညာပြီး လေးလံစေပါတယ်။ ထိုင်ခုံမှာ ပခုံးကို အားပြုပြီး မှီထိုင်တာဟာ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ခါး၊ ဇက်ကြောနဲ့ ပခုံးတွေမှာ အကြောတင်းပြီး ညောင်းညာကိုက်တာတွေဖြစ်စေပါတယ်။ ဇက်၊ ပခုံး၊ ခါးနဲ့ ခါးအောက်ပိုင်းကြွက်သားတွေအတွက် အောက်မှာပြောပြမယ့် အကြောလျော့နည်းတွေကို အချိန်အနည်းငယ်ပေးပြီး ဆောင်ရွက်မယ်ဆိုရင် တစ်နေ့တာလုံး ညောင်းညာမှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။ (၁) ရင်ဘတ်ပိုင်းအကြောလျော့နည်း အလုပ်လုပ်ချိန်အများစုမှာ အရှေ့ကိုငိုက်ထိုင်ပြီး လုပ်ဖြစ်တာကြောင့် ရင်ဘတ်ရှေ့ပိုင်း အကြောလျော့ခြင်းဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခု ဖြစ် ပါတယ်။ ဒီနည်းကတော့ လေ့ကျင့်ခန်းသုံးသားရေကြိုးကို အသုံးပြုပြီး ရင်ဘတ် ကြွက်သားတွေ အကြောလျော့နည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းသားရေကြိုးဟာ အားကစားပစ္စည်းဆိုင်တွေမှာ ရရှိနိုင်ပြီး အလုပ်စားပွဲက အံဆွဲထဲမှာ […]
Posted On April 21, 2020, By CEO Editors

ပန်းနာရင်ကြပ်လူနာများတွင် ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်နိုင်ခြေ ပိုမိုများပြားပါသလား

ဒေါက်တာ ကေ နှစ်စဉ်နှစ်တိုင်းတွင် ပန်းနာရင်ကြပ်လူနာများမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ ကို ပိုမိုဖြစ်ပေါ်စေနိုင်သည့် အအေးမိခြင်း၊ ရာသီတုပ်ကွေး ရောဂါများ နှင့် ရင်ဆိုင်ကြရပါသည်။အဖြစ်များသော နာတာရှည် အဆုတ်ရောဂါ ဖြစ်သည့် ပန်းနာရင်ကြပ်မှာ အသက်ရှူရခက်ခဲခြင်းနှင့် မောပန်းခြင်းများ ဖြစ်ပွားစေနိုင်၍ အမေရိကန်နိုင်ငံ၌ တစ်နှစ်လျှင် ဆရာဝန်နှင့် ပြသမှုအကြိမ် ၉.၈ သန်း နှင့် ဆေးရုံတက်ရမှုအကြိမ် ၁.၈ သန်းအထိရှိနေပါသည်။ ယခုနှစ်တွင် ပန်းနာရင်ကြပ်လူနာများ စိုးရိမ်ရသည့် COVID-19 ရောဂါဖြစ်ပွားနေပါသည်။အခြားကိုရိုနာဗိုင်းရပ်စ် မျိုးနွယ်ဝင်ကဲ့သို့ပင် COVID-19 ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ် အသစ်သည် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်၍ မတ်လ ၁၃ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ လူပေါင်း ၁၃၅၀၀ ကျော်နှင့် သေဆုံးသူ ၅၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်ပါသည်။ကျန်းမာရေးထိပ်သီး အရာရှိကြီးများ၏ ကြေငြာချက်အရ […]
Posted On April 21, 2020, By CEO Editors

COVID-19 ကပ်ရောဂါထဲမှာ သင့်ရဲ့ ခုခံအားစနစ်ကို ဘယ်လို မြှင့်တင်နိုင်မလဲ

ဒေါက်တာ ကေ ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် စိုးရိမ်မှုများကြီးထွားလာကြပါသည်။ အင်တာနက်တွင်လည်းခုခံအားစနစ် မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေမှုမှာမြင့်တက်လာပါသည်။ ခုခံအားစနစ်မြင့်တက်စေသော အစားအသောက်များ ရှိပါသလား။ ဗီတာမင်များကကော ကူညီနိုင်ပါသလား။ ခုခံအားစနစ်ဆိုသည် မှာ ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှား မဝင်ရောက်စေရန် ကာကွယ်ပေးသောခန္ဓာကိုယ်ဆဲလ်များအင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှုးများ ပူးပေါင်းဆောင်ရွက်နေသည့်ရှုပ်ထွေးသော ကွန်ယက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်း။မျိုးရိုးဗီဇအခြေအနေ များပါဝင်သည်ဟုယူဆကြပြီး အမွှာပူးများ၏ ခုခံအား စနစ်ကို ပြိုင်တူလေ့လာကြည့်ရာ ခုခံအားစနစ်၏တောင့်တင်းကြံ့ခိုင်မှုအခြေအနေသည်မျိုးဗီဇအချက်အလက်များနှင့် သက်ဆိုင်မှုမရှိသည်ကိုတွေ့ရှိရပါသည်။ကျွန်ုပ် တို့၏ အားကောင်းသော ခုခံအား တုံ့ပြန်မှုစနစ်မှာ မိမိတို့ဘဝတစ်သက်တာလုံးထိတွေ့လာခဲ့သည့် ရောဂါပိုးမွှားများ ၊ စိတ်ဖိစီးမှုများ၊အိပ်စက်မှု အလေ့အကျင့်၊ အစားအသောက်နှင့်လေ့ကျင့်ခန်းစသော လူနေမှု ပုံစံများ အပေါ်တွင်သာ အဓိကမူတည်နေပါသည်။ အခြေခံအားဖြင့် သင့်ကို ဤကိုရိုနာဗိုင်းရပ်စ် အသစ်မှ ကာကွယ်ပေးရန်မှော်ဆေးစွမ်းကောင်းများ(သို့မဟုတ်) သင်၏ခုခံအားစနစ် ကို အသေအချာ မြင့်တက်လာစေမည့်သီးခြားအစားအစာဟူ၍မရှိပါ။ သို့သော် […]
Posted On April 21, 2020, By CEO Editors

Social Distancing

Social Distancing ကို အားပေးဖို့အတွက် နာမည်ကြီးအမှတ်တံဆိပ်ငါးခုဟာသူတို့ရဲ့ အမှတ်တံဆိပ်လိုဂိုတွေမှာ အကွာအဝေးခွဲခြားမှုတွေလုပ်ခဲ့ပြီးလူစုလူဝေးကိုရှောင်ကြဖို့၊ ခပ်ခွာခွာနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာ Social Distancing ဟာအလွန်အရေးပါကြောင်း ဆေးပညာရှင်တွေက သတိပေးနေတဲ့အချိန်မှာဈေးကွက်အခိုင်အမာ ရရှိထားပြီး လူသိများတဲ့ အမှတ်တံဆိပ်တွေဟာလည်းအခုလိုမျိုး လူထုကို အသိပညာပေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ McDonald’s McDonald’s ဟာ သူ့ရဲ့ M ပုံစံ ရွှေရောင် အကွေးနှစ်ခုကိုခွဲခြားလိုက်ခြင်းဖြင့် Social Distancing ရဲ့ အရေးပါပုံကိုပြသခဲ့ပါတယ်။ Audi Audi ဟာ လိုဂိုမှာ ပါဝင်တဲ့ ကွင်းလေးခုကို ခွဲခြားပြတဲ့Video Clip တစ်ခုကို Twitter မှာ တင်ခဲ့ပြီးအိမ်မှာနေဖို့၊ ကျန်းမာအောင်နေဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ကူညီကြဖို့တိုက်တွန်းခဲ့ပါတယ်။ Volkswagen Volkswagen ကတော့ လိုဂိုမှာ ထပ်ထားတဲ့ V […]
Posted On April 21, 2020, By CEO Editors

နိုးနိုးကြားကြားနဲ့ အိပ်ရာထနိုင်ဖို့

အောင်မြင်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်ဖို့ဆိုတာ အလုပ်ကြိုးစားဖို့ထက် ပိုအရေးကြီးတာက အလုပ်ကို စမတ်ကျကျ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်တယ်။ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားတိုင်းက အချိန်ဆိုတာ အကန့်အသတ်ရှိတယ်၊ တန်ဖိုးမြင့်တယ် ဆိုတာကို သိထားလေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့အိပ်ချိန်ကို တတ်နိုင်သမျလျော့အောင် နေလေ့ရှိကြတယ်။ ဒါပေမဲ့သိထားသင့် တာက စမတ်ကျအလုပ်လုပ်နိုင်ဖို့အချက်များစွာရှိပေမယ့် အရေးအကြီးဆုံးက အစီအစဉ်ကြိုတင်ရေးဆွဲထားခြင်းနဲ့ သင့်တင့်တဲ့ အိပ်စက်ချိန်ထားရှိ ဖို့ကိုတော့ မမေ့ထားသင့်ပါဘူး။ ဒါကြောင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ အိပ်ရာမဝင်ခင် အောက်ပါ အချက် ငါး ချက်ကိုပြုလုပ်ပါ။ ဒါဆိုရင် သင်ဟာ နောက်တစ်နေ့မနက်မှာ နိုးနိုးကြားကြားနဲ့ စွမ်းအားတွေကို အစွမ်းကုန်ညှစ်ထုတ်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ၁။ ပြက္ခဒိန်ကိုကြည့်ပါ။ ကြိုတင်ပြင်ဆင်ဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့ပြင်ဆင်ထားသလိုပဲဆိုတဲ့ အဆိုရှိပါတယ်။ ဒီနေ့ည ပြက္ခဒိန်ကို ကြိုကြည့်ထားခြင်းဖြင့် သင်ဟာ နောက်တစ်နေ့တာကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့်အပြင် ဖြေရှင်းနိုင်မယ့် […]
Posted On April 21, 2020, By CEO Editors

တစ်ခဏတာ အနားယူခြင်းရဲ့ အကျိုးကျေးဇူးများ

အလုပ်ထဲမှာ ငါးနာရီကြာ ဆက်တိုက်ထိုင်မိနေပြီဆိုရင် ပခုံးနှစ်ဖက်လည်း လျော့ကျနေပြီ၊ မျက်ခွံတွေလည်း လေးနေပြီ၊ စိတ်အာရုံတွေလည်း ကစဉ့်ကလျားထွေ ပြားနေပြီဆိုတာ သေချာပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် အချိန်အနည်းငယ်သာပေးရတဲ့ အကြောဆန့်တာမျိုး လုပ်ပေးလိုက်ပြီး လန်းဆန်းတက်ြွကမှုတွေ ပြန်လည် ရယူနိုင်ပါတယ်။ သင်ပြေးနေပြီး သင့်ခန္ဓာကိုယ်ကို အားမဖြည့် ပေးဘူးဆိုရင် သင်လဲကျသွားနိုင်ပါတယ်လို့ Turner Efficiency Coaching(စီးပွားရေးလုပ်ငန်းတွေက ဝန် ထမ်းတွေရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့လုပ်ငန်း)ရဲ့ CEO ဖြစ်သူ Karen Turner က ပြောပါတယ်။ ဒီသဘောတရားအတိုင်းပဲ မရပ်မနားဘဲ ဆက် တိုက်အလုပ်လုပ်နေတာက သင့်ကိုယ်သင် ဖျက်ဆီးရာ ကျပါတယ်လို့ ဆိုပါတယ်။ ဒီလိုတစ်ခဏတာ အနားယူ လိုက်တာက ဘာမှသက်ရောက်မှုမရှိဘူးလို့ထင်ရပေ မယ့် သင့်လက်ထဲကလုပ်လက်စအလုပ်တွေကနေ တစ် ခဏတာအနားယူလိုက်တာကနေ သင့်ဦးနှောက်ကို အ သစ်ပြန်ဖြစ်လာစေသလို ဆက်လုပ်မယ့် သင့်အလုပ်အ […]
Posted On April 21, 2020, By CEO Editors

အလုပ်လုပ်ရင်း ကိုယ်လက်လှုပ်ရှားမှု လုပ်နည်းများ

ရုံးလုပ်ငန်းလုပ်တဲ့သူတွေဟာ ရုံးလုပ်ငန်းတွေရဲ့ထုံးစံအတိုင်း အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတဲ့အတွက် အဝလွန်ခြင်းအပြင် နှလုံးရောဂါ လေဖြတ်တာ၊ ကင်ဆာရောဂါ အစရှိတာတွေကိုပါ ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒီလိုအထိုင်များတဲ့ ရုံးလုပ်ငန်းတွေကို အရှုံးမပေးဘဲ ရုံးခန်းအတွင်းမှာ မကြာခဏမတ်တတ်ရပ်တာမျိုး၊ လမ်းလျောက်တာမျိုးတွေလုပ်ပေးရင် ထိုင်နေတာထက် ကယ်လိုရီ ၅၀ လောက် ပိုမိုလောင်ကျွမ်းစေပါတယ်လို့ ကျန်းမာရေးပညာပေးတွေကဆိုပါတယ်။ အကြောဆန့်တာ၊ ခြေထောက်ကို လှုပ်ရှားပေးတာလိုမျိုး လှုပ်ရှားမှုအသေးစားလေးတွေဟာ ထိုင်နေတဲ့အခါထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ၂၀-၄၀ ရာခိုင်နှုန်း လောက် ပိုမိုမြန်ဆန်ပါတယ်။ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတော့မယ်ဆိုရင် မကြာခဏထရပ်တာနဲ့ လမ်းလျောက်တာကို ဘယ်လိုဖြည့်ပြီး ထပ်လုပ်ရမလဲလို့ မေးမယ်ဆိုရင် အဓိကကတော့ ပုံမှန်လုပ်နေကျအလုပ်ရဲ့ လုပ်ငန်းဆောင်တာအစီအစဉ်တွေကြားမှာပဲ လမ်းလျောက်တာ၊ မတ်တတ်ရပ်တာကို အာရုံစိုက်၊ သတိထားပြီး ထပ်ဆောင်း ပြုလုပ်နိုင်ဖို့ပါပဲ။ ၁။ အလုပ်လုပ်နေတဲ့တစ်နေ့တာအတွင်း လမ်းလျောက်ဖို့ အခွင့်အလမ်းများကို ရှာကြံပါ။ ရုံးရဲ့ဥယျာဉ်အတွင်းမှာ […]
Posted On April 21, 2020, By CEO Editors

ကျန်းမာစွာနေထိုင်နိုင်မယ့် ရုံးဝန်ထမ်းတစ်ယောက်ရဲ့ အချိန်ဇယား

ကျွန်တော်တို့သိတဲ့အတိုင်းပဲ ထိုင်ခုံမှာပဲ တစ်ချိန်လုံးထိုင် ပြီး အလုပ်လုပ်နေတာက ကျန်းမာတဲ့နေထိုင်မှုပုံစံ မဟုတ် ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အများစုဟာ ဒီလိုပဲ အ လုပ်လုပ်နေရပါတယ်။ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေတာ၊ သင့် မျက်လုံးက ကွန်ပျူတာမျက်နှာပြင်ကိုပဲကြည့်ပြီး တောက်လျောက်အလုပ်လုပ်နေရတာ၊ ဒါမှမဟုတ် စာရိုက်နေရတာတွေနဲ့ပဲ သင်အလုပ်ရှုပ်နေရတာမျိုးတွေ ရှိနေနိုင်ပါတယ်။ ရုံးအလုပ်လုပ်ရတယ်ဆိုတာ သင်ထင်တာထက်တောင် များစွာအန္တရယ်ကြီးပါတယ်။ သင်အဲဒီလို ထင်မိချင်မှထင်မိမှာပါ။ ဒါပေမဲ့ လှုပ်ရှားမှုမရှိဘဲနဲ့ သင်တောက်လျောက်အလုပ်လုပ်နေရမယ်ဆိုရင်တော့ ရေရှည်မှာ သင်ဟာ တခြားကျန်းမာရေးပြဿနာတွေ ရင် ဆိုင်ရလာနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကို ဖယ်ရှားဖို့ အချိန်ဇယားလေးတစ်ခု ပြုလုပ်ကြည့်ဖို့ Department of Exercise and Sports Science at the University of South Carolina Aiken နဲ့ […]
Posted On April 21, 2020, By CEO Editors

နည်းပညာနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း

ကျွန်တော်တို့အများစုဟာ လျှပ်စစ်ကိရိယာတွေဖြစ်တဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာနဲ့ တီဗီစတဲ့ ပစ္စည်းတွေအသုံးမပြုဘဲ နေ့တစ်နေ့ကို ဖြတ်သန်းခြင်းက အလွန်ရှားပါတယ်။ အဲဒီကိရိယာပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့နေထိုင်မှုဘဝကို တိုးတက်စေပေမယ့် ကျန်းမာရေးအတွက်တော့ မထိန်းညှိပေးနိုင်ပါဘူး။ နည်းပညာကိရိယာ အသုံးပြုတဲ့ အလေ့အကျင့်မွေးမြူခြင်းဟာ အကူအညီပေးခြင်းထက် ဆိုးကျိုးတွေပိုဖြစ်စေမှာ သေချာပါတယ်။ မျက်တောင်ခတ်ဖို့ သတိရပါ . . .ကျွန်တော်တို့ဟာ ဖန်သားပြင်ကို သေချာစိုက်ကြည့်တဲ့အခါ မျက်တောင်သိပ်မခတ်ဖြစ်တော့ပါဘူး။ ဒီလိုမျက်တောင်မခတ်တာဟာ မျက်လုံးနီတာနဲ့ အမြင်ဝါးတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သတိထားပြီး မျက်တောင်ခတ်ပေးရင်တော့ ဒီရောဂါလက္ခဏာတွေ ဖြစ်နိုင်တာကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် မျက်စိညောင်းတာကို ပြေပျောက်သက်သာစေပြီး ပြန်လည်အာရုံစိုက်နိုင်ဖို့ မိနစ် ၂၀ ခြားတစ်ခါ ဖန်သားပြင်ကနေပြီး အဝေးကို ကြည့်ပေးပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ . . .လှုပ်ရှားတာဟာ ကြွက်သားအတွင်းရှိသွေးနဲ့ အောက်စီဂျင်လည်ပတ်မှုကို […]
Posted On April 21, 2020, By CEO Editors

လတ်တလော နယ်စပ်ကုန်စည်စီးဆင်းမှုများ

ဝူဟန်ကြောင့် မြန်မာနိုင်ငံရဲ့ကုန်စည်စီးဆင်းမှု၊ ထိခိုက်မှုအခြေအနေတွေအပြင် အခြားအာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှုအခြေအနေ၊ ဌာနအနေနဲ့ ဆောင်ရွက်ပေးနေမှုများအကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ဝူဟန်ကြောင့် နယ်စပ်နှင့်အခြားသော ကုန်စည်စီးဆင်းမှုအခြေအနေ…ဝူဟန်ကြောင့် တရုတ်နယ်စပ်ဘက်မှာတော့ ထိခိုက်မှုတွေ ရှိပါတယ်။ သူတို့ရဲ့ နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ တစ်ဆက်တည်း ဝူဟန်ဗိုင်းရပ်စ်ရယ် တစ်ဆက်တည်း ဆက်စပ်သလိုဖြစ်သွားတယ်။ နောက်ပိုင်းကျမှသာ သူတို့ဘက်ကနေ ပြန်ဖွင့်တယ်။ အသွားအလာတွေကန့်သတ်တာဆိုတော့ ကုန်စည်စီးဆင်းမှုကတော့ ရပ်တန့်လုနီးပါး ဖြစ်တယ်။ မူဆယ်ဆိုလို့ရှိရင် သူတို့ရဲ့ တစ်နေ့ကုန်သွယ်မှုက ဒေါ်လာဆယ်သန်းကနေ ၁၅ သန်းလောက်ထိရှိတယ်။ အခုထိ ပုံမှန်အတိုင်းတော့ဖြစ်မလာသေးဘူး။ ကုန်သွယ်မှု လုပ်နိုင်တဲ့အနေအထားတော့ တွေ့ရပါတယ်။ လက်ရှိကုန်သွယ်မှု ပမာဏ…လက်ရှိအနေအထားက ပျမ်းမျဆိုရင် ကုန်သွယ်မှုမှာ ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်လို့ရှိရင် ဖေဖော်ဝါရီလ ၁၄ […]
Posted On March 23, 2020, By CEO Editors