ပန်းနာရင်ကြပ်လူနာများတွင် ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်နိုင်ခြေ ပိုမိုများပြားပါသလား

ဒေါက်တာ ကေ

နှစ်စဉ်နှစ်တိုင်းတွင် ပန်းနာရင်ကြပ်လူနာများမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ ကို ပိုမိုဖြစ်ပေါ်စေနိုင်သည့် အအေးမိခြင်း၊ ရာသီတုပ်ကွေး ရောဂါများ နှင့် ရင်ဆိုင်ကြရပါသည်။အဖြစ်များသော နာတာရှည် အဆုတ်ရောဂါ ဖြစ်သည့် ပန်းနာရင်ကြပ်မှာ အသက်ရှူရခက်ခဲခြင်းနှင့် မောပန်းခြင်းများ ဖြစ်ပွားစေနိုင်၍ အမေရိကန်နိုင်ငံ၌ တစ်နှစ်လျှင် ဆရာဝန်နှင့် ပြသမှုအကြိမ် ၉.၈ သန်း နှင့် ဆေးရုံတက်ရမှုအကြိမ် ၁.၈ သန်းအထိရှိနေပါသည်။

ယခုနှစ်တွင် ပန်းနာရင်ကြပ်လူနာများ စိုးရိမ်ရသည့် COVID-19 ရောဂါဖြစ်ပွားနေပါသည်။အခြားကိုရိုနာဗိုင်းရပ်စ် မျိုးနွယ်ဝင်ကဲ့သို့ပင် COVID-19 ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ် အသစ်သည် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်၍ မတ်လ ၁၃ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ လူပေါင်း ၁၃၅၀၀ ကျော်နှင့် သေဆုံးသူ ၅၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်ပါသည်။ကျန်းမာရေးထိပ်သီး အရာရှိကြီးများ၏ ကြေငြာချက်အရ သက်ကြီးရွယ်အို များနှင့် ရှိရင်းစွဲ ရောဂါအခံတစ်ခုခုရှိနေသူများတွင် ပိုမို၍ဖြစ်ပွားနိုင်ပါသည်။ယခုအခါတွင် ပန်းနာရင်ကြပ်လူနာများမှှာလည်း သူတို့တွင် ဗိုင်းရပ်စ်ဝင်ရောက်မှု ပိုမိုများပြားနိုင်ခြေရှိ မရှိ ကို မေးမြန်းလာကြပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) မှာ ” ပိုမိုများပြား နိုင်ခြေရှိပါသည်” ဟူ၍ ဖြေကြားထားပါသည်။ ဗိုင်းရပ်စ်ဝင်ရောက်ပြီး၍ ရောဂါဝေဒနာ အပြင်းအထန်ခံစားရနိုင်ခြေ ရှိသူများ ဟု ခေါင်းစဉ်တပ်ထားသည့် စာရင်းအောက်တွင် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့်အတူ ပန်းနာရင်ကြပ်ရောဂါလည်းပါဝင်နေပါသည်။အမေရိကန်နိုင်ငံ၏ ပန်းနာရင်ကြပ်နှင့် ဓာတ်မတည့်မှု အဖွဲ့အစည်း မှလည်း ပန်းနာရင်ကြပ်ကို ရောဂါကူးစက်နိုင်ခြေရှိသော နာတာရှည်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထား၍ ထိုလူနာများမှာ ” အသက်ရှူလမ်းကြောင်းဆိုင်ရာ မည်သည့်ရောဂါအခြေအနေ၌တွင်မဆို မိမိ၏ပတ်ဝန်းကျင်အား ပျံ့နှံ့ရောက်ရှိလာပါက ကာကွယ်မှုများပြုလုပ်ထားရမည်။” ဟူ၍လည်း အဆိုပြုထားပါသည်။

သို့သော်ပန်းနာရင်ကြပ်ရောဂါမှာ ဗိုင်းရပ်စ် ပိုမိုဝင်ရောက်နိုင်ခြင်းနှင့် ရောဂါအခြေအနေများ ပိုမိုပြင်းထန်စွာခံစားရခြင်း ရှိ၊မရှိ ပြောရာ၌ တိကျသော သက်သေပြချက် အနည်းငယ် သာရှိသည် ဟူ၍လည်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ပါသည်။ ယူကေ(အင်္ဂလန်)နိုင်ငံ နှလုံးနှင့်အဆုတ်ဆိုင်ရာ အမျိူးသားသိပ္ပံနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာဆေးပညာနှင့် ဓာတ်မတည့်မှုဗေဒပါမောက္ခ စီဘက်ရှန်ဂျွန်ဆင် (Sebastian Johnson) က “တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံ မှ ရရှိသော အချက်အလက်များအရ ပန်းနာရင်ကြပ်လူနာများတွင် ဗိုင်းရပ်စ်ဝင်ရောက်နိုင်ခြေ ပိုမိုများပြားနိုင်ခြင်း(သို့မဟုတ်) ရောဂါ ပြင်းထန်စွာခံစားရခြင်း ဟု ဆိုနိုင် သည့်အခြေအနေများမတွေ့ရှိရပါ။” ပြောကြားပါသည်။

လန်ဒန်မြို့ ဂိုင်းဆေးရုံ(Guy’s Hospital) ရှိ ပန်းနာရင်ကြပ်ကုသမှုဆိုင်ရာဦးစီးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ အတိုင်ပင်ခံသမားတော်ကြီး ဒေးဗစ်ဂျက်ဆန် မှ “ပန်းနာရင်ကြပ်ရောဂါမှာယခု အခြေအနေကာလ၌ ရောဂါပိုမို ပြင်းထန်စေနိုင်ခြင်း၏အကြောင်းအရင်းဖြစ်နိုင်ခြေမရှိပါ။” ထို့အပြင်ယေဘူယျအားဖြင့် ယခုကိုရိုနာဗိုင်းရပ်စ် အသစ်၏ ပန်းနာရင်ကြပ်လူနာများအပေါ် သက်ရောက်ပုံမှာ အခြားဗိုင်းရပ်စ်များ သက်ရောက်ပုံနည်းလမ်းနှင့် ကွဲပြားခြားနာသည်ဟူ၍လည်း ယူဆထားကြပါသည်။

COVID-19 ၏ သုတေသနအခြေအနေမှာ ကနဦးအစအဆင့်တွင်သာ ရှိသေးပါသည်။သို့သော် ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ် (SARS-CoV-2 သို့မဟုတ် COVID 19) တွေ့ရှိလူနာ ၁၄၀ ကို လေ့လာရာ၌တွင်မူ ပန်းနာရင်ကြပ်ရောဂါ အပေါ်၌ သက်ရောက်မှုမရှိဟူ၍တွေ့ရှိခဲ့ပါသည်။ထိုသို့တွေ့ရှိချက်အရ ယေဘူယျအားဖြင့် ပန်းနာရင်ကြပ်အပေါ်အခြားကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင်များတွင်မူ ဆိုးဝါးသော အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်ပါသည်။

သို့သော်လည်း ပန်းနာရင်ကြပ်နှင့် COVID-19 ရောဂါပိုမိုဆိုးဝါးစေနိုင်မှုအကြား ဆက်စပ်မှုကို လေ့လာမတွေ့ရှိသေးသော်လည်း ယေဘူယျအားဖြင့် ပန်းနာရင်ကြပ်လူနာများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာဗိုင်းရပ်စ်ရောဂါ ပြင်းထန်စွာဖြစ်ပွားနိုင်ခြေရှိပါသည်။တချို့ကျွမ်းကျင်ပညာရှင်များမှလည်း ထပ်ဆောင်း အကာအကွယ်များ ပိုမိုပြုလုပ်ထားရန် လိုအပ်ကြောင်း ပြောကြားထားပါသည်။

ဒေါက်တာ ဂျွန်စတင်မှ ပန်းနာရင်ကြပ်လူနာများသည် လူစုလူဝေးမှရှောင်ကြဉ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ရှိသူများနှင့် ထိတွေ့မှုမှရှောင်ကြဉ်ခြင်း ၊ လက်ဆေးခြင်း စသော သတ်မှတ်ထားသည့် ကာကွယ် မှုများအားလုံး လိုက်နာရမည်ဟု ပြောဆိုထားပါသည်။ထို့ပြင် ရောဂါလက္ခဏာအနည်းငယ်သာရှိသော ပန်းနာ ရင်ကြပ်လူနာများအကာအကွယ်အနေအဖြစ် ‘ရှူဆေးဘူး” (ပန်းနာရင်ကြပ်လူနာများတွင် သုံးသောဆေးတစ်မျိုး) (Inhalers) ကို ရောဂါပိုမိုဆိုးဝါးခြင်း မရှိစေရန် ထပ်ဆောင်းအကာအကွယ်အနေအဖြင့် သတိရှိစွာ အသုံးပြုသင့်ပါသည်။ဗင်တိုလင် (Ventolin)ဆေးပါဝင်သောအပြာရောင်ရှူဆေးဘူးကို ရုတ်တရက် အသက်ရှူ ကြပ်လာလျှင် အသုံးပြုနိုင်ရန် မိမိတို့ နှင့်အတူတစ်ပါတည်းသယ်သွားရပါမည်။ရာသီတုတ်ကွေးရောဂါကဲ့သို့ ဗိုင်းရပ်စ်ပိုးအဟောင်းများမှာ အန္တရာယ်အဖြစ် ဆက်လက်တည်ရှိနေ၍ ပန်းနာရင်ကြပ်လူနာများမှာ ရာသီတုတ်ကွေးကာကွယ်ဆေးလည်း ထိုးထားသင့်ကြောင်း ပြောကြားထားပါသည်။

(Ref: TIME မဂ္ဂဇင်း မှ Melissa Godin ၏ Are Peole With Asthma at High Risk for Coronavirus?)