အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာက ဘယ်အသက်အရွယ်တွေမှာ အများဆုံးဖြစ် တတ်ပါသလဲ

အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာလို့ခေါ်တဲ့ Prostate ကင်ဆာက အသက် ၆၅ နှစ်ကျော်မှာ ဖြစ်ပွားတာကို အများ ဆုံးတွေ့ရပါတယ်။ ဒါပေမဲ့ အသက် ၅၀ ကျော် အရွယ်က နေစပြီးတော့ ဆီးကျိတ်ကင်ဆာဖြစ်တဲ့နှုန်းက ပိုပြီးတော့ မြင့်လာတာကို တွေ့ရပါတယ်။

ဆီးကျိတ်ကင်ဆာရဲ့ ရော၈ါလက္ခဏာတွေ

ရောဂါလက္ခဏာ အများစုကတော့ အမျိုးသားတွေကတော့ အသက် ၅၀ ကျော်လာပြီဆိုရင် ဆီးကျိတ်က အမျိုးသား တော်တော်များမှာ ကြီးနေပြီလို့ ပြောကြပါတယ်။ သူ့မှာ ရိုးရိုးဆီးကျိတ်ကြီးတဲ့အခါမှာတွေ့ရတဲ့ လက္ခဏာနဲ့ ဆီး ကျိတ်ကင်ဆာမှာတွေ့ရတဲ့လက္ခဏာက အများစုအားဖြင့် အတူတူပဲတွေ့ရပါတယ်။ အဲဒါက ဘာတွေလဲဆိုတော့ ဆီးသွားမယ်ဆိုပြီး အိမ်သာထဲမှာ ပြင်လိုက်တဲ့အခါ ဆီး ကတော်တော်နဲ့မထွက်ဘူး။ စောင့်ရတယ်။ နောက်ပြီးတော့ ထွက်တဲ့ ဆီးလုံးအရွယ်အစားကလည်း တဖြည်းဖြည်း သေးလာတယ်။ ဝေးဝေးကို မရောက်တော့ဘူး။ ပြီးသွားပြီ ဆိုပြီး ရပ်လိုက်တဲ့အချိန်မှာ ဆီးကသွားချင် နေသေးပေမယ့် ဆီးမထွက်တော့ဘူး။ နောက်တစ်ခုက နေ့ဘက်နဲ့ညဘက် ယှဉ်လိုက်ရင် ညဘက်မှာ ဆီးထသွားရတဲ့အကြိမ် ပိုများ လာတယ်။ ဒီလက္ခဏာတွေကတော့ ဆီးကျိတ်ကြီးတဲ့ သူတွေမှာလည်း တွေ့ရတယ်။ ဆီးကျိတ် ကင်ဆာဖြစ်တဲ့ သူတွေမှာလည်းတွေ့ရတော့ ခွဲခြားရတော့ နည်းနည်းခက် ပါတယ်။

ဆီးကျိတ်ကင်ဆာမှာ ခုနကပြောသွားတဲ့ ရောဂါ လက္ခဏာတွေအပြင် တခြားတွေ့နိုင်တဲ့ လက္ခဏာတွေ ရှိ ပါတယ်။ အဲ့ဒါကတော့ ဆီးသွားတဲ့ အချိန်မှာ ပုံမှန်မ ဟုတ်တာ၊ သွေးပါတာတွေဖြစ်တတ်ပါတယ်။ နောက်တစ် ခုကတော့ အမျိုးသားတွေရဲ့ သုတ်ထဲမှာ သွေးပါလာတတ် တယ်။ ဆီးခုံအောက်မှာ နေလို့မကောင်းဘူး။ ဒီထက်ပို ဆိုးတဲ့သူတွေကတော့ ဆီးကျိတ်ကင်ဆာက ခါးရိုးကို ပျံ့နှံသွားပြီဆိုရင် ခါးနာတယ်လို့ ပြောတတ်ပါတယ်။ ဒါ ကြောင့် ဒီအချက်တွေအားလုံးဟာ ဆီးကျိတ်ကင်ဆာရဲ့ အစပျိုးလက္ခဏာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မှာ ပြောခဲ့တဲ့ ရောဂါလက္ခဏာတွေ စတင်ခံစားရပြီဆိုရင်၊ အမျိုးသား အသက် ၅၀ ကျော်ပြီဆိုရင် ဒါက ရိုးရိုးဆီး ကျိတ်ကြီးတာလား၊ ဆီးကျိတ်ကင်ဆာကြောင့် ဒီလက္ခဏာ ကို ခံစားရ တာလားဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

ဆီးကျိတ်ကင်ဆာကို ကြိုတင်ကာကွယ်လို့ရပါသလား

ကာကွယ်တဲ့အပိုင်းကို မပြောခင်မှာ ဘယ်သူတွေမှာ ဖြစ် နိုင်လဲဆိုတာသိရင် ကာကွယ်နိုင်တဲ့အကြောင်းမှာ ပါလာ မှာဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာက ဘယ်လိုလူတွေမှာ ဖြစ်နိုင်သလဲဆိုရင်တော့ နံပါတ်တစ်က အသက်အရွယ် ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျ ဆီးကျိတ်ကင် ဆာဖြစ်ဖို့ ရာခိုင်နှုန်းများလာပါတယ်။ တချို့မျိုး နွယ်စုတွေ အဖြစ်များတယ်။ မြန်မာတွေကတော့ အဖြစ်များတဲ့ မျိုးနွယ်စုထဲမှာ မပါသေးဘူး။ နောက်တစ်ခုက တော့ မိသားစုရာဇဝင်၊ ဒါကတော့ တော်တော်လေးအရေး ကြီးတယ်ပြောပါတယ်။ ကိုယ့်ရဲ့ အဖေ၊ ဦးလေး၊ အဘိုး တွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ခဲ့ရင် ကိုယ့်ဆီမှာ ဆီးကျိတ် ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ရာခိုင်နှုန်းများတဲ့ အပြင် အသက်ကလည်း ပိုပြီးငယ်သွားနိုင်ပါတယ်။ ပုံမှန် အားဖြင့် အသက် ၅၀ ကျော်မှ တွေ့လေ့ရှိပေမယ့် မျိုးရိုး ထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ခဲ့တဲ့သူရှိခဲ့ရင် နောက်မျိုး ဆက်မှာ အသက် ၄၀ နဲ့တောင် တွေ့ရတတ်တယ်လို့ ဆိုပါ တယ်။ ဒီလို မျိုးရိုးရှိတဲ့သူတွေဆိုရင် ပိုပြီးဂရုစိုက်သင့်ပါ တယ်။ ကြိုတင်စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ အရေးကြီးဆုံးလည်း ဖြစ်သလို ပြုပြင်ပြောင်းလဲလို့ရမယ့်အရာလည်း ဖြစ်ပါ တယ်။ အဲဒါကတော့ အဝလွန်တာဖြစ်ပါတယ်။ မိမိရဲ့ အရပ်မှာ ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ထက် များနေတယ်။ အထူးသဖြင့် အဝလွန်တယ်ဆိုတာ BMI-Body Mass Index နဲ့တွက်ရင် ၃၀ ကျော်တယ်။ အဲလိုဆိုရင် ဆီးကျိတ် ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် မိမိရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းအား ဖြင့်လည်း ကာကွယ်တဲ့ဘက်ကို ရောက်ပါတယ်။

ကာကွယ်တဲ့အပိုင်းကို ပြောရမယ်ဆိုရင် မိမိရဲ့ ကိုယ်အလေးချိန်ကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ ထားရပါမယ်။ သတ်မှတ်တဲ့ဘောင်အတွင်းမှာထားဖို့ ဆိုရင် အချက်နှစ် ချက်လိုပါတယ်။ နံပါတ်တစ်က အစားအ သောက်၊ နံပါတ်နှစ်ကတော့ ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါ တယ်။ အစားအသောက်နဲ့ပတ်သက်လို့ကတော့ ကျန်းမာ လိုသူတိုင်း စားသင့်တဲ့ပုံစံမျိုးပဲ အဆီနဲ့ အချိုလွန်ကဲတာ တွေကို ရှောင်ကြဉ်သင့်ပါတယ်။ စားသောက်ရမယ့်အရာ တွေကတော့ အသီးအရွက်၊ အသီးအနှံဖြစ်ပါတယ်။ အသီးအရွက်၊ အသီးအနှံကတော့ ပိုစားပေးခြင်းအားဖြင့် ကိုယ် အလေးချိန်ကို ထိန်းပေးနိုင်သလို တစ်ဖက်ကလည်း ဆီး ကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်တယ်။ နောက် တစ်ခုကတော့ အသားပါ။အထူးသဖြင့် ခြေလေးချောင်းသား များများစားတဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်တဲ့ ရာခိုင် နှုန်းများတယ်လို့ တွေ့ရှိထားတဲ့ တချို့ သုတေသနပြုမှု လေးတွေ ရှိပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ခြေလေး ချောင်းသားကို တစ်ပတ်မှာ နှစ်ရက်လောက်ပဲ စားသုံးသင့် ပြီး ကျန်တဲ့ သားငါး၊ ကြက်ဥတွေကနေတစ်ဆင့် အသား ဓာတ်ကိုယူပြီး စားသုံးသင့်တယ်လို့ ပြောပါတယ်။ ဒါက ဆီးကျိတ်ကင်ဆာ တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ ကျန် တဲ့ ကင်ဆာရောဂါ တော်တော်များများအတွက်ရော မိမိရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ကိုရော ဆောင်ရွက်သင့်တဲ့ အချက် တွေ ဖြစ်ပါတယ်။ အသီးအရွက်၊ သီးနှံများများစားမယ်၊ ခြေလေးချောင်းသားလျော့စားမယ်၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပေးမယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

အလွယ်ဆုံး ကိုယ်လက်လှုပ်ရှားမှုကတော့ တစ်နေ့ ကို လမ်းသွက်သွက် နာရီဝက်၊ တစ်ပတ်ကို ငါးရက်လျောက် မယ်ဆိုရင် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေး နိုင်မှာဖြစ်သလို ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်