တစ်ခဏတာ အနားယူခြင်းရဲ့ အကျိုးကျေးဇူးများ

အလုပ်ထဲမှာ ငါးနာရီကြာ ဆက်တိုက်ထိုင်မိနေပြီဆိုရင် ပခုံးနှစ်ဖက်လည်း လျော့ကျနေပြီ၊ မျက်ခွံတွေလည်း လေးနေပြီ၊ စိတ်အာရုံတွေလည်း ကစဉ့်ကလျားထွေ ပြားနေပြီဆိုတာ သေချာပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် အချိန်အနည်းငယ်သာပေးရတဲ့ အကြောဆန့်တာမျိုး လုပ်ပေးလိုက်ပြီး လန်းဆန်းတက်ြွကမှုတွေ ပြန်လည် ရယူနိုင်ပါတယ်။

သင်ပြေးနေပြီး သင့်ခန္ဓာကိုယ်ကို အားမဖြည့် ပေးဘူးဆိုရင် သင်လဲကျသွားနိုင်ပါတယ်လို့ Turner Efficiency Coaching(စီးပွားရေးလုပ်ငန်းတွေက ဝန် ထမ်းတွေရဲ့ထုတ်လုပ်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့လုပ်ငန်း)ရဲ့ CEO ဖြစ်သူ Karen Turner က ပြောပါတယ်။ ဒီသဘောတရားအတိုင်းပဲ မရပ်မနားဘဲ ဆက် တိုက်အလုပ်လုပ်နေတာက သင့်ကိုယ်သင် ဖျက်ဆီးရာ ကျပါတယ်လို့ ဆိုပါတယ်။ ဒီလိုတစ်ခဏတာ အနားယူ လိုက်တာက ဘာမှသက်ရောက်မှုမရှိဘူးလို့ထင်ရပေ မယ့် သင့်လက်ထဲကလုပ်လက်စအလုပ်တွေကနေ တစ် ခဏတာအနားယူလိုက်တာကနေ သင့်ဦးနှောက်ကို အ သစ်ပြန်ဖြစ်လာစေသလို ဆက်လုပ်မယ့် သင့်အလုပ်အ တွက် စိတ်ဓာတ်ခွန်အားတိုးလာစေရုံသာမက သင့်အ လုပ်မှာ ပိုမိုအာရုံစိုက်လာနိုင်အောင် ကူညီပေးပါတယ်။ ဒါပြင် လေ့လာတွေ့ရှိချက်တွေအရ တစ်ခါတလေ အ နှောင့်အယှက်တွေက သင့်ရဲ့အာရုံစိုက်နိုင်မှုစွမ်းအင် ကို ပိုပြီးတိုးတက်စေနိုင်တယ်လို့ သိရပါတယ်။

တစ်ရေးအိပ်ပါ…
လူတော်တော်များများအတွေးထဲမှာ နေ့ခင်းဘက်ခေတ္တ အိပ်စက်အနားယူတာက မူကြိုကျောင်းသားဘဝမှာ ကျန်ခဲ့ပြီလို့ တွေးတတ်ကြတာဟာ မှားယွင်းတဲ့အယူ အဆတစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ထောက် ပြထားပါတယ်။ အလုပ်တွေ ခဏနားပြီး ဆယ်မိနစ် စာလောက် တစ်မှေးအိပ်စက်တာက သင့်ရဲ့မှတ်ဉာဏ် စွမ်းအားတွေ တက်လာစေတဲ့အပြင် သင့်လုပ်ငန်းစွမ်း ရည်တွေကိုလည်း မြင့်မားစေနိုင်တယ်လို့ သိရပါတယ်။ သင့်ရဲ့အတွေးတွေကို အစီအစဉ်တကျဖြစ်အောင်လည်း ကူညီပေးပါတယ်။ ၂၀၁၂ ခုနှစ် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေကွန်ဖရင့်မှာ Georgetown University (US)မှ သုတေသနပညာရှင်တွေရဲ့ ဖော်ပြချက်အရ တစ်မှေးလောက်အိပ်နေစဉ်အတွင်း တီထွင်ကြံဆမှုပိုင်းနဲ့ ဆိုင်တဲ့ ဦးနှောက်ရဲ့ညာဘက်ခြမ်းက ဦးနှောက်ဘယ် ဘက်ခြမ်းထက် ပိုပြီးအလုပ်လုပ်နေတာတွေ့ရပါတယ်။ သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိညမနင နြိလနိနလ ရဲ့ သုံးသပ်ချက်အရ တစ်ခဏတာမှေးစက်နေချိန် ဦး နှောက်ညာဘက်ခြမ်းအလုပ်လုပ်နေတာဟာ သူ့ထဲမှာ ရှိတဲ့အချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာပြီး အစီအစဉ် တကျစုစည်းနေတာဖြစ်တယ်လို့ သိရပါတယ်။

နေ့ခင်းဘက်နဲ့ ညနေပိုင်းလေးနာရီအချိန်က မှေးစက်ဖို့အတွက် အကောင်းဆုံးအချိန်တွေဖြစ်ကြောင်း ပညာရှင်တွေက အကြံပြုထားပါတယ်။ နောက်ထပ်နည်း လမ်းကတော့ ကဖင်းဓာတ်ကုထုံးနည်းလမ်းလို့ခေါ်တဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ၁၅ မိနစ်လောက်မှေးစက် တာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း သင့်ရဲ့အလုပ် တွေကို ပိုတွင်စေနိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။

ချစ်စဖွယ်ပုံရိပ်တွေရဲ့ အစွမ်းကိုသုံးပါ…
ချစ်စဖွယ်တိရစ္ဆာန်ပုံတွေကြည့်တာ သင့်ရဲ့စိတ်စွမ်း အားတွေ မြင့်တက်လာစေရုံသာမက သင့်ရဲ့လုပ်ဆောင် မှုစွမ်းရည်တွေကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဂျပန်နိုင်ငံက လေ့လာချက်တစ်ခုအရ အတန်း ချိန်ခဏနားပြီး ကျောင်းသားတွေကို မောင်းနှင်မှုစွမ်း ရည်နဲ့ပတ်သက်တဲ့ အုပ်စုအလိုက် ဂိမ်းအစီအစဉ်ကို ပြိုင်ပွဲပုံစံလေး ပြုလုပ်စေပါတယ်။ ခဏအကြာမှာတော့ အဖွဲ့တစ်ဖွဲ့ကို ကြောင်လေးတွေ ခွေးလေးတွေရဲ့ ချစ်စ ရာကောင်းတဲ့ဓာတ်ပုံတွေကို ပြသခဲ့ပြီး အခြားအဖွဲ့တွေ က အကောင်ကြီးအသက်ကြီးတိရစ္ဆာန်ပုံတွေကို ပြခဲ့ကြ ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ အဲဒီဂိမ်းအစီအစဉ် ကို ပြန်လည်ပြုလုပ်တဲ့အချိန်မှာတော့ အသက်ကြီးကြီး တိရစ္ဆာန်ပုံတွေကို ကြည့်ခဲ့တဲ့သူတွေရဲ့ ရမှတ်က ၉ ရာခိုင်နှုန်းသာ တိုးလာပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန် ငယ်ငယ်လေးတွေရဲ့ပုံတွေကို ကြည့်ခဲ့တဲ့ကျောင်းသား တွေ ရဲ့ရမှတ်က ၃၄ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ချစ်စဖွယ် ကောင်းမှုက လူတွေရဲ့တစိုက်မတ်မတ် လုပ်ဆောင် နိုင်မှုနဲ့ အသေးစိတ်ဂရုစိုက်မှုပိုင်းကို ပိုမိုအားကောင်းစေ ကြောင်း ဖော်ပြထားပါတယ်။

အင်တာနက် (လူမှုကွန်ရက်) ဆီသို့ တစ်ခဏသွားပါ…
လူမှုကွန်ရက်ပေါ်က သင့်သူငယ်ချင်းတစ်ယောက် ယောက်တင်လိုက်တဲ့ ဟာသဆောင်းပါးတစ်ပုဒ်ဖတ်တာ သက်သက်မဲ့အချိန်ဖြုန်းတာလို့ ထင်ရပေမယ့် ဒါကို သင့်ရဲ့ခေတ္တအနားယူချိန်မှာ လိုက်ဖတ်ကြည့်လိုက်မယ် ဆိုရင် သင့်ရဲ့အာရုံစူးစိုက်နိုင်မှုကို ပြန်လည်အားပြည့် စေတယ်လို့ သိရပါတယ်။ ၂၀ဝ၉ ခုနှစ်၊ ဩစတြေးလျ သုသေသီတွေရဲ့ဖော်ပြချက်အရ တစ်နေ့တာအချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကို အင်တာနက်အသုံးပြုသူတွေဟာ အင် တာနက် (လူမှုကွန်ရက်) အသုံးမပြုသူတွေထက် ၉ ရာခိုင်နှုန်းပိုပြီး အလုပ်လုပ်နိုင်စွမ်း (ထုတ်လုပ်နိုင်မှုစွမ်း အား) ပိုများကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီ နည်းလမ်းမှာ သတိထားရမယ့်အချက်တစ်ခုကတော့ ရှိ နေပါတယ်။ အဲဒါကတော့ တစ်နေ့တာရဲ့ (အင်တာနက် ပေါ် အချိန်ကုန်ဆုံးချိန်) ၂၀ ရာခိုင်နှုန်းထက် ကျော်လွန် နေမယ်ဆိုရင်တော့ Productivity ဆုတ်ယုတ်လာနိုင် မှာဖြစ်သလို အလုပ်ချိန်လည်း ထိခိုက်နိုင်မှာပဲဖြစ်ပါ တယ်။ ဩစတြေးလျ သုသေသီအဖွဲ့ခေါင်းဆောင် Dr Brent Coker ရဲ့အကြံပြုချက်ကတော့ လူတွေဟာ အလုပ် ထဲမှာ မိနစ် ၄၀ ကနေ ၆၀ အထိသာ အာရုံစူးစိုက်နိုင်ပြီး အဲဒီအချိန်ထက်ကျော်လွန်လာရင် စိတ်အာရုံထွေပြား လာတတ်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်း ဖို့နည်းလမ်းကတော့ အင်တာနက်ပေါ်က သင့်ကို ပျော်ရွှင်မှုအပေးနိုင်ဆုံး Website တစ်ခုကို ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်းကြည့်ရင်း အာရုံတွေကို ဖြေလျှော့နိုင် ပါတယ်။

သင့်စိတ်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ…
ဦးနှောက်အသုံးပြုပြီးလုပ်ရတဲ့ ကိစ္စမှန်သမျှ (အသေး အဖွဲကိစ္စတွေအပါအဝင်) ဟာ ခန္ဓာကိုယ်ထဲက သကြား ဓာတ် (Glucose) တွေကို လောင်ကျွမ်းစေပြီး သင့်စိတ် စွမ်းအင်တွေကို အသုံးပြုရတာကြောင့် ကြာလာတာနဲ့ အမျှ သင့်စိတ်တွေ ထိုင်းမှိုင်းလာရတာပါ။ ဒါကြောင့် သင့်စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ အချိန်အနည်းငယ်မျှယူဖို့ လိုအပ်ပါတယ်။ Daydream-ing လို့ခေါ်တဲ့ သင်လက်ရှိလုပ်နေတဲ့ အလုပ်မဟုတ်ဘဲ သင်လုပ်မယ်လို့ စိတ်ကူးထားတဲ့ (ဥပမာ- သူငယ်ချင်း တွေနဲ့ အပျော်ခရီးသွားမယ့်အကြောင်း၊ တစ်ယောက် ယောက်နဲ့ ညစာစားမယ့်အကြောင်းအရာ) အခြား အကြောင်းအရာတွေကို ခဏတာတွေးပေးလိုက်ရုံနဲ့ သင့်စိတ်ထိုင်းမှိုင်းမှုတွေကို ဖယ်ရှားနိုင်သလို ပေါ့ပါး လန်းဆန်းတဲ့စိတ်ဓာတ်တွေ ပြန်လည်မွေးဖွားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစိတ်ကူးယဉ်တဲ့နည်းလမ်းတွေက နွမ်း လျနေတဲ့ သင့်စိတ်ကို အလုပ်ထဲကနေ တခြားတစ်နေ ရာကို ခေါ်ထုတ်ပြီး အားပြန်ဖြည့်ပေးနိုင်တဲ့စိတ်ကုထုံး တစ်ခုဖြစ်ကြောင်း Stanford University က Professor Vinod Menon က ပြောပါတယ်။