ခါးအောက်ပိုင်းနဲ့ ခန္ဓာကိုယ်ရင်ပိုင်းအတွက် ၅ မိနစ်ကာယလေ့ကျင့်ခန်း

ခန္ဓာကိုယ်ရင်ပိုင်း၊ ကိုယ်ပိုင်းသန်မာမှုရှိစေဖို့နဲ့ ခန္ဓာကိုယ်ပုံပန်းဟန်ချက်ညီစေဖို့ အထောက်အကူပြုတဲ့ အိမ်မှာပဲ ကိုယ်တိုင်လိုက်လုပ်နိုင်စေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။

လွယ်ကူတဲ့အဆင့်

၁။ ခန္ဓာကိုယ်ကို မှောက်လှဲပြီး လက်မောင်းနှစ်ဖက်ကို ဘေးထုတ်၊ တံတောင် ဆစ်တွေကို ၉၀ ဒီဂရီကျကျ ကွေးထားပါ။

၂။ ဘယ်လက်ကို လေပေါ်မှာ ငါးစက္ကန့်ကြာအောင် မြှောက်ထားပါ။

၃။ ပထမကိုယ်ဟန်အတိုင်း ပြန်နေပါ။

၄။ အဆင့်နှစ်ကအတိုင်း ညာလက်၊ ဘယ်ခြေထောက်၊ ညာခြေထောက်တို့ကို လည်းလုပ်ပေးပါ။ လုပ်နိုင်သလောက် ထပ်ခါထပ်ခါလုပ်ပါ။

အသင့်အတင့်ခက်ခဲ

၁။ ခန္ဓာကိုယ်ကို မှောက်လှဲပြီး လက်မောင်းနှစ်ဖက်ကို ဘေးထုတ်၊ တံတောင်ဆစ် တွေကို ၉၀ ဒီဂရီ ကျကျ ကွေးထားပါ။

၂။ ဘယ်လက်နဲ့ ညာခြေထောက်ကို တစ်ပြိုင်တည်း လေပေါ်မှာ ငါးစက္ကန့်ကြာ အောင် မြှောက်ထားပါ။

၃။ ပထမပုံစံအတိုင်း ပြန်နေပါ။

၄။ ညာလက်နဲ့ ဘယ်ခြေထောက်ကို တစ်ပြိုင်တည်း လေပေါ်မှာ ငါးစက္ကန့်ကြာ အောင် မြှောက်ထားပါ။

၅။ ပထမပုံစံအတိုင်း ပြန်နေပါ။

၆။ ဒီလိုမျိုး အကြိမ် ၂၀ စီ လုပ်ပေးပါ။

ခက်ခဲတဲ့အဆင့်

၁။ ခန္ဓာကိုယ်ကို မှောက်လှဲပြီး လက်မောင်းနှစ်ဖက်ကို ဘေးထုတ်၊ တံတောင်ဆစ် တွေကို ၉၀ ဒီဂရီကျကျ ကွေးထားပါ။

၂။ အဆင့်တစ်ကပုံစံအတိုင်းလုပ်ထားပြီး လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ချောင်း လုံးကို တစ်ပြိုင်တည်း လေထဲမှာ ငါးစက္ကန့်ကြာအောင် မြှောက်ထားပါ။

၃။ ပထမကိုယ်ဟန်အတိုင်း ပြန်နေပါ။

၄။ အကြိမ် ၂၀ လုပ်ပေးပါ။

သတိပြုရန်
မြှောက်ထားတဲ့ အမြင့်ထက် ဆန့်တန်းထားတဲ့ အလျားကို ပိုပြီးဂရုပြုရန်။

(ခြေထောက်ကိုဆန့်နိုင်သမျှဆန့်ထုတ်ပါ။)