STUDIO SQUARE (The Contemporary Art Works)

studiosquare1

Studio Square Gallery လို့ အမည်ပေးဖြစ်ခဲ့ပုံ . . .

Studio Square ကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Studio Square လို့ အမည်ပေးခဲ့ပုံလေးကတော့ အနုပညာကို ကိုယ်ပိုင် Square Space လေးတစ်ခုအဖြစ် လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်စေမယ့် Art Space လေးတစ်ခုဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီပန်းချီပြခန်းလေးကို သူငယ်ချင်းငါးယောက်ဖြစ်ခဲ့တဲ့ ဦးမင်းဇော်၊ ဦးငြိမ်းချမ်းဆု၊ ဦးဘခိုင်၊ ဦးဟိန်းသစ်၊ ဦးသန်းထိုက်တို့ စုဖွင့်ခဲ့ကြပါတယ်။

studiosquare3

ပြုလုပ်လေ့ရှိတဲ့ ပြပွဲတွေ . . .

ဒီ Studio Square ပန်းချီပြခန်းမှာ သူငယ်ချင်းငါးယောက်ရဲ့ ပန်းချီတွေအပြင် အခြား Modern Art ပန်းချီကို ရူးသွပ်တဲ့ ပန်းချီဆရာ၊ လူငယ်တက်သစ်စ ဝါသနာရှင်တွေရဲ့ ပန်းချီတွေကို ပြသလေ့ရှိပါတယ်။

ပန်းချီပြပွဲတွေအပြင် ကဗျာရွတ်ပွဲတွေ၊ Illustration ပွဲတွေ၊ Performance Art လိုပွဲတွေ၊ Documentary Frame ပြပွဲတွေ စတဲ့ ဒီပန်းချီအနုပညာနဲ့ ဆက်နွှယ်တဲ့ပြပွဲလေးတွေ ပြုလုပ်ပြသလေ့ရှိပါတယ်။ လာရောက်ကြည့်ရှုသူအနေနဲ့ဆိုရင်တော့ Exhibition လေးတွေ လုပ်ရင် Local တွေများပြီး ပုံမှန်အရောင်းအဝယ်အနေနဲ့ကတော့ Foreginer တွေများပါတယ်။ ပြခန်းမှာ Modern Art ပန်းချီတွေကို အများဆုံးပြသလေ့ရှိပြီး တက်သစ်စပန်းချီဝါသနာရှင်တွေ လာရောက်ချိတ်ဆက်ပြသမယ်ဆိုရင်လည်း ပြသနိုင်ပါတယ်။ အတွေးအခေါ်ချင်း၊ ယုံကြည်ချက်ချင်း၊ ပန်းချီပညာကို ရူးသွပ်တဲ့တက်သစ်စ ဝါသနာရှင်တွေကို တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။

ဒီနှစ် ၂၀၁၇ အတွင်းပြပွဲတွေကို ပန်းချီပြခန်းနေရာအခက်အခဲကြောင့် မလုပ်ဖြစ်တော့ဘဲ ယခုပြီးခဲ့တဲ့လကမှ မဟာဗန္ဓုလလမ်း (အထက်) မှာ အသစ်စဖွင့်ထားတဲ့ ပြခန်းအသစ်မှာ နောင်ကိုပြပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြခန်းနှစ်ခုရှိရာမှာ မြို့ထဲကပြခန်းက Public Show ပိုဖြစ်တဲ့အတွက် မဟာဗန္ဓုလလမ်းက ပြခန်းကို ပိုအဓိကထားပြီး ပြပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နောက်အနာဂတ်အစီအစဉ်အနေနဲ့ကတော့ ဒီပန်းချီပညာနဲ့ ပတ်သက်ပြီး ဝါသနာပါသူ၊ ခံစားချက်ချင်းတူသူတွေ စုပြီးပြသနိုင်မယ့် နေရာလေးတစ်ခု ဖြစ်လာဖို့ရယ်၊ ငွေရေးကြေးရေးအဓိကမဟုတ်ဘဲ ကိုယ်ဖန်တီးချင်တဲ့ အနုပညာလေးကို လွတ်လပ်စွာ ဖန်တီးပြသနိုင်ဖို့ရာ နေရာလေးတစ်ခုအဖြစ် ရပ်တည်သွားမှာပါ။

studiosquare2

ဖွင့်ချိန်၊ ပိတ်ချိန် . . .

Studio Square ပန်းချီပြခန်းကို နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ပြသပါတယ်။ Studio Square ပန်းချီပြခန်းအနေနဲ့ Modern Art ပန်းချီတွေ အဓိကထားပြသသွားမှာ ဖြစ်ပါတယ်။ နောင်မှာလည်း ပန်းချီပြပွဲတွေကို ဆက်လက်ပြုလုပ်သွားဦးမှာပါ။

လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ် . . .

Studio Square ပန်းချီပြခန်း

အမှတ် ၃၆၊ ၁၄၊ ပထမထပ်၊ ပုလဲကွန်ဒို(အေ)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Studio Square ပန်းချီပြခန်း(ပြခန်းအသစ်)

အမှတ် (၂၃၈)၊ မြေညီထပ်၊ မဟာဗန္ဓုလလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉၅၀၁၉၃၆၆၊ ၀၉၅၀၁၉၆၃၀

အီးမေးလ် - ssquaremfa@gmailcom  

Website - www.studiosquaregallery.com