Shunji Matsuo
Hair Studio
တည်နေရာနဲ့ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနားဟိုတယ် (မြေညီထပ်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပတ်ကတော့ ၀၉-၇၇၀၀၇၇၃၀၈၊ ၀၉၇၇၇၀၇၇၃၀၉ ဖြစ်ပါတယ်။
Shunji Matsuo ကို တည်ထောင်ဖြစ်ပုံ . . .
Shunji Matsuo ကို ၁၉၉၈ ခုနှစ်မှာ Mr. Shunji Matsuo က စတင်တည်ထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် တခြားအာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ဆိုင်ခွဲပေါင်း ၁၅ ခု ဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံမှာစတင်ဖွင့်လှစ်တဲ့ နေ့ရက်နဲ့ ရည်ရွယ်ချက် . . .
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကနေ တီထွင်ဖန်တီးမှုတွေအားကောင်းပြီး ဧည့်သည်တွေစိတ်ကျေနပ်မှုရစေမယ့် ဆံကေသာတွေကို ဖော်ထုတ်ပေးဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံနဲ့ ကျွမ်းကျင်ပညာရှင်တွေ ထားရှိမှုအပိုင်း . . .
ရန်ကုန်ဆိုင်ခွဲကို နှစ်ပေါင်း ၈၀ ကျော်ရှိတဲ့ လိုင်စင်ရ ဂျပန်ဆံသပညာရှင်တွေအဖွဲ့က စီမံံခန့်ခွဲသွားမှာဖြစ်ပြီး Mr. Matsuo နဲ့သူ့ရဲ့စင်ကာပူနဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့တွေက ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ စင်ကာပူနိုင်ငံရှိ Shunji Matsuo ဆိုင်ရဲ့ တောင်းဆိုမှု အများဆုံးဆံကေသာပညာရှင် Miss Kiko ၊ Shunji Matsuo က အဖွဲ့ရဲ့သင်ကြားရေးမှူးချုပ် Mr.Jun ၊ လက်ရှိဂျပန်နိုင်ငံမှာ ကိုယ်ပိုင်ဆိုင်ဖွင့်ထားသူ Miss Sachiko နဲ့ ဆံပင်နဲ့ မိတ်ကပ်ကျွမ်းကျင်ပညာရှင် Miss Mai တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုများ . . .
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ ဆံပင်ညှပ်၊ ဆံပင်ဖြောင့်၊ ခေါင်းလျှော်၊ ဆံပင်ဆေးဆိုး၊ ဟိုက်လိုက်ဖောက်တာတွေနဲ့အတူ ဆံပင်ပေါင်းတင်တာတွေ ပါဝင်ပါတယ်။ ဆံပင်ဆိုး၊ ဆံပင်ကောက်၊ ဆံပင်ဖြောင့်၊ ဆံပင်ပေါင်းတင်တာတွေကို ဥရောပနဲ့ ဂျပန်နိုင်ငံတို့မှာ အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ Nano ပေါင်းတင်နည်းပညာနဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။