advertisement-image
Interviews

Triumph Hotel Mandalay ရဲ့ General Manager ဖြစ်သူ ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခြင်း

၂၀၂၀ ခုနှစ်၊ မတ်လထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း “ပရော်ဖက်ရှင်နယ်မန်နေဂျာ” နဲ့ပတ်သက်ပြီး Cover Story ဖြစ်ပါရှိတဲ့ Triumph Hotel Mandalay ရဲ့ General Manager ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခိုက် CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ လက်ရှိရာထူးနဲ့ တာဝန်ယူထားမှုအပိုင်းတွေ…၂၀၁၄ ခုနှစ်မှာ Triumph ဟိုတယ်မှာ GM အနေနဲ့ စတင်လုပ်ကိုင်ခဲ့တာ အခုလက်ရှိအချိန်အထိပါပဲ။ ကျွန်တော်တာဝန်ယူရတာကတော့ ဟိုတယ်ရဲ့ Operation အကုန်လုံး၊ General Management တွေ တာဝန်ယူထားရပါတယ်။ ကျွန်တော်တို့ဆီမှာဌာနတွေကတော့ ရှစ်ခုလောက်ခွဲလို့ရပါတယ်။ ပညာရေးကတော့ ကျွန်တော်က AGTI (EC) ပြီးထားပါတယ်။ နောက်ပြီးတော့ B.Sc Maths ကို အဝေးသင်ဘွဲ့လည်းယူထားပါတယ်။ ဟိုတယ်နဲ့ပတ်သက်လို့တော့ American International Institute ကနေပြီးတော့ Executive […]
Posted On April 21, 2020, By CEO Editors

မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံခြင်း

မြန်မာသူရကုမ္ပဏီလီမိတက်နဲ့ သာယာကြည်နူးဖွယ်ကုမ္ပဏီလီမိတက်ရဲ့ CEO & Founder ဖြစ်သူ ဦးကျော်သူရနဲ့တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံ၊ လူငယ်ဘဝကြိုးစားအားထုတ်မှု၊ လုပ်ငန်းအပေါ်ထားရှိတဲ့ခံယူချက်နဲ့ ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲအုပ်ချုပ်ပုံတွေနဲ့ အနာဂတ်ခြေလှမ်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံ… ကျွန်တော်ကျွမ်းကျင်တဲ့ ကျောက်စိမ်းလုပ်ငန်းကိုတော့ လုပ်ကိုင်ခဲ့တာ အနှစ် ၃၀ လောက်ရှိပါတယ်။ လူငယ်ဘဝတုန်းက ဟိုပင်မှာ လက်ကောက်ကွင်းခြမ်းတွေဘာ တွေ သွားဝယ်ခဲ့ဖူးပါတယ်။ အဲဒီကနေမှ ၁၉၉၆ မှာ မြန်မာပြည်ကို နိုင်ငံခြားသား ဧည့်သည်တွေ အများကြီးလာမယ်လို့ထင်တယ်။ အဲဒီလိုလာခဲ့ရင် ကိုယ် တိုင်က တိုးတက်ချင်တဲ့ လူငယ်တစ်ယောက်ပီပီ နိုင်ငံ ခြားသားတွေနဲ့တွေ့ပြီး ဟိုမှာအလုပ်လုပ်နိုင်မလားဆိုပြီး စိတ်ကူးတယ်။ ဒီလိုနဲ့ အင်္ဂလိပ်စကားပြောလေး အထိုက် အလျောက်သင်တယ်။ အိမ်ကိုမရှိ ရှိတာလေးနဲ့ ဖျစ်ညှစ်ပြီးတော့ ကားတစ်စီးဝယ်ခိုင်းတယ်။ အဲဒီ ၁၉၉၆ မှာ နိုင်ငံခြားသားဧည့်သည်တွေ လာမယ်ဆိုတဲ့မျော်လင့်ချက် […]
Posted On April 21, 2020, By CEO Editors

Harley-Davidson Mandalay Myanmar ရဲ့ Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံက ဆိုင်ကယ်ချစ်သူတွေအတွက် ကမ္ဘာကျော်မော်တော်ဆိုင် ကယ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harley-Davidson ကို မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာလည်းယုံကြည်စိတ်ချရသလို Harley-Davidson မော်တော်ဆိုင်ကယ် Owner တစ်ယောက်အနေနဲ့ နိုင်ငံတကာမှာရနိုင်တဲ့ ခံစားခွင့်တွေကိုပါပေးနေတဲ့ Harley-Davidson Mandalay အကြောင်းကို Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်က ပြောပြပေးခဲ့ပါတယ်။ Harley-Davidson Mandalay Myanmar အကြောင်းနဲ့ဖွင့်ရတဲ့ရည်ရွယ်ချက်… မော်တော်ဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့ ၁၉၈၇ ခုနှစ် လောက်ကတည်းက စတင်ပြီးထိတွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်လောက်မှာ Harley-Davidson မော်တော်ဆိုင်ကယ်ကို စစီးဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ ဆိုင်ကယ်တွေအကြောင်း စာအုပ်တွေဖတ်တယ်။ အဲဒီတုန်းက အင်တာနက်တွေက သိပ်မထွန်းကားသေးတော့ စာအုပ်တွေဖတ်ပြီးတော့ပဲလေ့လာရတယ်။ မိဘလက်ငုပ်လက်ရင်းလုပ်ငန်းက အိမ်ဆောက်ပစ္စည်း အရောင်းအဝယ်လုပ်ပါတယ်။ ကိုယ်တိုင်လည်း ကျောက်စရစ်လုပ်ငန်း လုပ်ပါတယ်။ ဒီလိုနဲ့အသက် ၃၅ နှစ်လောက်မှာတွေးမိတာက […]
Posted On February 26, 2020, By CEO Editors

2C2P Group ရဲ့ Group CEO ဖြစ်သူ ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း

လုပ်ငန်း စတင်တည်ထောင်ခဲ့ပုံ၊ ဝန်ဆောင်မှုတွေ၊ ဒေသတွင်းနဲ့နိုင်ငံတကာက Competitor တွေ၊ အနာဂတ်ကုမ္ပဏီကFocus လုပ်သွားမယ့်နိုင်ငံတွေ၊ လက်ရှိနဲ့အနာဂတ်မှာ ဒေသတွင်း Digital Economy မှာဖြစ်ပေါ်လာမယ့် Trend တွေ၊ မြန်မာနိုင်ငံက e-Commerce ကဏ္ဍအတွက် နမူနာကောင်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်နည်းပညာလုပ်ငန်းရှင်တွေအတွက် အကြံပြုချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ 2C2P Group စတင်ဖြစ်ခဲ့ပုံ . . .၁၉၉၈ ခုနှစ်မှာ ကျွန်တော်က မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ခဲ့ပါတယ်။ ၁၉၉၉ မှာ ဘန်ကောက်ကိုရောက်ပါ တယ်။ ကျွန်တော်က Computer Science သမားပါ။ KMD မှာလည်း ကွန်ပျူတာသင်တန်းတက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံကကုမ္ပဏီတစ်ခုမှာ Computer Programmer ဝင်လုပ်ရင်းနဲ့အိမ်ထောင်ကျပါတယ်။ ပထမဆုံး ရင်သွေးလေးရလာတဲ့အခါကျတော့ သူတို့အတွက်ဆိုပြီး ၂၀၀၃ ခုနှစ်မှ […]
Posted On February 3, 2020, By CEO Editors

ဦးမျိုးမင်းဦး : Vice President (Myanmar Digital Printing & Sign Association)

Myanmar Digital Printing & Sign Association ရဲ့ Vice President ဦးမျိုးမင်းဦးနှင့်တွေ့ဆုံခိုက်– Myanmar Digital Printing & Sign Association အသင်းရဲ့ ရည်ရွယ်ချက်– အသင်းဝင်ဘယ်နှစ်ယောက်ရှိလဲ၊ အသင်းသားဖို့ ဘာတွေလိုအပ်သလဲ– အသင်းရဲ့ Activities တွေ– အသင်းအနေနဲ့ အနာဂတ်မှာ လုပ်ဆောင်သွားမယ့်အရာတွေကို CEO ပရိတ်သတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
Posted On January 23, 2020, By CEO Editors

DHL Supply Chain Myanmar Limited ရဲ့ Country Manager ဖြစ်သူ Mr. Din Shisanupong Pitidhanyasawasdi နှင့်တွေ့ဆုံခြင်း

လုပ်ငန်းအတွေ့အကြုံ…ကျွန်တော်က DHL (Deutsche Post DHL ) မှာ လုပ်ကိုင်လာတာ အခုဆိုရင် ၁၇ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်ပြီး DHL Supply Chain Myanmar Limited ရဲ့Country Manger အဖြစ် လုပ်ကိုင်လာတာကတော့ အခုဆိုရင် ၄ နှစ်ထဲရောက်နေပါပြီ။ ကျွန်တော်မြန်မာနိုင်ငံကို မလာခင်တုန်းကတော့ DHL Supply Chain (Thailand) Ltd ရဲ့ Business Development ဌာနမှာ General Manager အဖြစ် လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Logistics & Supply Chain ဈေးကွက်ကဏ္ဍ အပေါ်အမြင်…မြန်မာနိုင်ငံလိုဈေးကွက်မျိုးက တကယ်ကိုပဲတမူထူးခြားမှုရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဆိုလိုတာက စိတ်ဝင်စားဖို့လည်းကောင်းသလို၊ စိန်ခေါ်မှုတွေကလည်း အများကြီးရှိနေတာပါ။ အရာအားလုံးကို ခြုံငုံပြီးပြောရ မယ်ဆိုရင် […]
Posted On January 16, 2020, By CEO Editors

Addictive Barber Shop ရဲ့ MD ဖြစ်သူ ကိုစိုင်းအောင်သူနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံရဲ့Smart City လို့ အမည်တွင်တဲ့ မန္တလေးမြို့ကိုရောက်ရင် ဆံပင်ညှပ်ဖို့အတွက် နေရာကောင်းတစ်ခုဖြစ်တဲ့အပြင် အမျိုးသားတွေအတွက် အေးအေးဆေးဆေးသီးသန့်အပန်းဖြေစရာ နေရာလေးတစ်ခုဖြစ်စေမယ့် Addictive Barber Shop နဲ့ ပတ်သက်ပြီး ဆိုင်ရဲ့ Managing Director ဖြစ်သူ ကိုစိုင်းအောင်သူကို CEO ပရိတ်သတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ Addictive Barber Shop အကြောင်းအသေးစိတ်သိရှိလိုပါက (http://bit.ly/382tvc0) မှာ သွားရောက်စုံနိုင်ပါတယ်။
Posted On January 16, 2020, By CEO Editors

RG Group ရဲ့ CEO Captain Aung Khin Myint နှင့်တွေ့ဆုံခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း “မြန်မာ့ထောက်ပံ့ဖြည်းဆည်းမှုကွင်းဆက် အလားအလာ” နဲ့ပတ်သက်ပြီး Cover Story ဖြစ်ပါရှိတဲ့တဲ့ Resources Group Logistics ရဲ့ CEO ဖြစ်သူ Captain Aung Khin Myint နဲ့တွေ့ဆုံခိုက် အာရှလမ်းမကြီးတွေနဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွေ စသဖြင့် မြန်မာနိုင်ငံအတွင်းဖြတ်သန်းသွားမယ့် လမ်းကြောင်းတွေရှိပါတယ်။ ဒါတွေကလည်း Logistics and Supply Chain ကဏ္ဍမှာ ဘယ်လိုအထောက်အကူကောင်းတွေဖြစ်လာနိုင်ပါသလဲ? မြန်မာနိုင်ငံရဲ့ Geopolitical အနေအထားကို အားသာချက်တစ်ခုအနေနဲ့ သုံးနိုင်မလား? ဆိုတာ ကို CEO ပရိတ်သတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
Posted On January 10, 2020, By CEO Editors

RG Group ရဲ့ CEO Captain Aung Khin Myint နှင့်တွေ့ဆုံခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း “မြန်မာ့ထောက်ပံ့ဖြည်းဆည်းမှုကွင်းဆက် အလားအလာ” နဲ့ပတ်သက်ပြီး Cover Story ဖြစ်ပါရှိတဲ့တဲ့ Resources Group Logistics ရဲ့ CEO ဖြစ်သူ Captain Aung Khin Myint နဲ့တွေ့ဆုံခိုက် – မြန်မာနိုင်ငံရဲ့လက်ရှိ Supply Chain & Logistics ကဏ္ဍအခြေအနေကို CEO ပရိတ်သတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
Posted On January 9, 2020, By CEO Editors

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) Myanmar Hotelier Association (Mandalay Zone)

အသင်းအနေနဲ့ လတ်တလောဆောင်ရွက်နေမှုများ ——————————– ဒေသတစ်ခုဖွံ့ဖြိုးပြီးလှပလာတယ်ဆိုရင် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ချင်အာင် ဆွဲဆောင်နိုင်တာကြောင့် ကျွန်တော်တို့ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေနဲ့ လက်ရှိ Tourist Attraction ဖြစ်နေတဲ့ နေရာတွေအားလုံးကို သန့်ရှင်းရေးအပြင် အခြားလိုအပ်တဲ့ပံ့ပိုးမှုတွေကို တိုင်းဒေသကြီးဦးဆောင်မှုနဲ့ လုပ်နေပါတယ်။ အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုပါပူးပေါင်းပါဝင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်တဲ့ အစီအစဉ်တစ်ရပ် မန္တလေးမှာ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း အဲဒီအစီအစဉ်အတွက် လက်အိတ်တွေ၊ အမှိုက်အိတ်တွေကို အပတ်စဉ်ပံ့ပိုးပေးထားပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက Tourist Attraction ရှိနေတဲ့နေရာတွေမှာ Facility တစ်ခုအနေနဲ့ လိုအပ်နေတဲ့ရေအိမ်တွေကို အဆင့်မြှင့်တင်တာတို့၊ အသစ်တည်ဆောက်တာတို့ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း သိန်းတစ်ရာကျော်ဝန်းကျင်တန်ဖိုးရှိတဲ့ ရေအိမ်တစ်လုံးဆောက်လုပ်ဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့က ဆိပ်ကမ်းမြို့လည်းဖြစ်တာကြောင့် မန္တလေးမြို့ရဲ့ ဆိပ်ကမ်းလှပဖို့အတွက် ဌာနဆိုင်ရာက အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်တဲ့အခါမှာ […]
Posted On July 20, 2018, By Editorial