advertisement-image
Interviews

ဦးလှမောင်ရွှေ – ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးကော်မရှင်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုဥက္ကဋ္ဌဦးလှမောင်ရွှေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တာနဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့ စီးပွားရေးနိုင်ငံအတွက် ဘာကိုဦးစားပေးလုပ်ဆောင်သွားသင့်သလဲဆိုတာနဲ့ပတ်သက်လို့လည်း သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မြန်မာကုမ္ပဏီဥပဒေ ထွက်လာတဲ့အပေါ် မြန်မာ့စီးပွားရေးနဲ့ FDI ကို ဘယ်လိုအကျိုးသက်ရောက်မူရှိနိုင်လဲ ——————— ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းမှုက တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့်သွားတော့ ဥပဒေတွေထဲက ပြင်သင့်တဲ့ဥပဒေကို အချိန်အခါရောက်တာနဲ့ ပြင်ဖို့ကြိုးစားရမှာပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်လာတဲ့ မြန်မာကုမ္ပဏီ Law နဲ့ ပတ်သက်ပြီး စီးပွားရေးလောကကသူတွေ ပြန်ပြီးသုံးသပ်ကြရမှာပါ။ ဒီထဲမှာ ထပ်ပြီးတော့ အသေးစိတ်တွေပါလာပါတယ်။ အဲဒီထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မြန်မာကုမ္ပဏီတွေမှာ ၃၅ […]
Posted On February 26, 2018, By Editorial

Kazumori Ra – Managing Director (MKJ International Education Center (Amiways Company Limited))

Mr Kazumori Ra ဟာ ဂျပန်နိုင်ငံ၊ တိုကျိုဇာတိ ကိုရီးယား-ဂျပန်သွေးနှောလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူဟာမြန်မာစကားကို ရေလည်အောင်ပြောဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာလည်း နှစ်အတော်ကြာနေထိုင်အလုပ်လုပ်ကိုင်နေသူတစ်ယောက်ပါ။ နိုင်ငံတကာစီးပွားရေးနယ်ပယ်ကို အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်တဲ့ Mr Kazumori Ra ဟာ MKJ သင်တန်းကျောင်းကို ဦးစီးကာ Corporate training တော်တော်များများကို ကိုယ်တိုင်ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ ———— ကျွန်တော်က ဂျပန်နိုင်ငံ Waseda University ကနေ B.A Degree (Commerce) ရှိခဲ့ပြီး MBA ဘွဲ့ကိုတော့ ကနေ ဒါနိုင်ငံ McGill University ကနေ ရရှိခဲ့ပါတယ်။ Amiways ကို မတည်ထောင်ခင်တုန်းက ကျွန်တော့်အနေနဲ့ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတွေမှာ နယ်ပယ်အစုံက […]
Posted On February 20, 2018, By Editorial

ဦးအေးမင်းဦး (Chairman – Design Printing Services Co Ltd)

မြန်မာနိုင်ငံမှာ Digital Mapping နဲ့ Street Directory နဲ့ ပတ်သက်တဲ့ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ဦးဆုံးစတင်လုပ်ကိုင်ခဲ့သူ ဦးအေးမင်းဦးဟာ Design Printing Services (DPS) Company Ltd မှာ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဦးဆောင်လျက်ရှိပါတယ်။ လုပ်ငန်းစတင်တည်ထောင်ခဲ့ချိန် ၁၉၉၄ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ DPS ကနေ ပေးနေတဲ့ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ DPS စတင်ဖြစ်ပုံ —————– ဈေးကွက်ထဲမှာ မြေပုံကောင်းကောင်းတွေ ရှိဖို့လိုအပ်တယ်ဆိုပြီး စခဲ့တာပါ။ ကိုယ်ပိုင်လုပ်ငန်း စတင်မတည်ထောင်ခင်တုန်းကလည်း Royal Dutch Shell (Oil indsutry company) မှာ လုပ်ကိုင်ခဲ့ပြီး Digital Map တွေ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စင်ကာပူသွားပြီး Printing […]
Posted On February 13, 2018, By Editorial

ဒေါ်နန်းတင်မိုးသူ (Principal-Yangon Institute of Professionals)

ဒေါ်နန်းတင်မိုးသူဟာ Yangon Institute of Professionals သင်တန်းကျောင်းကို ဖွင့်လှစ်ထားသလို တစ်ဖက်မှာလည်း Lady Grace Diamond Land Co Ltd ကို တည်ထောင်ကာ Founder & Chairman အဖြစ် ဦးစီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ Lady Grace Diamond Land ဟာ စိန်ထည်ပစ္စည်း လက်ဝတ်ရတနာတွေကို Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကနေ စွန့်ဦးတီထွင် ရောင်းချခဲ့တာကြောင့်လည်း နာမည်ကြီးပါတယ်။ တာဝန်ယူလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပညာရေးအတွေ့အကြုံ ————————– ကျွန်မက Lady Grace Diamond Land ရဲ့ Founder & Chairman တစ်ဦးဖြစ်ပါတယ်။ Yangon Institute of Professional […]
Posted On January 30, 2018, By Editorial

Michael O’Hare (Regional Executive Creative Director – Hogarth & Ogilvy)

နိုင်ငံတကာကြော်ငြာနဲ့ Content လုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံရှိသူ Mr Michael O’Hare နဲ့ တွေ့ဆုံခိုက်မှာ လက်ရှိခေတ်စားနေတဲ့ Content ဆိုတာရယ်၊ ပြောင်းလဲနေတဲ့ ကြော်ငြာလုပ်ငန်းနယ်ပယ်က အခြေအနေတွေရယ်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံ ———————— ကျွန်တော့်ဇာတိက လန်ဒန်ကပါ၊ အဲဒီမှာ ပညာသင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေကို အမြဲရှာတယ်၊။ ကမ္ဘာအနှံ့က စိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာတွေကို သွားချင်တယ်။ ဒါကြောင့် ကျွန်တော်က လန်ဒန်ကနေ နယူးဇီလန်၊ နယူးဇီလန်ကနေ သြစတြေးလျ၊ သြစတြေးလျကနေ ၂၀၀၁ ခုနှစ်မှာ အာရှဘက်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ကျွန်တော်က Advertising ပိုင်းမှာပဲ လုပ်ခဲ့တာပါ။ ကျွန်တော့်ကို အဲဒီနေရာတွေလွှတ်ဖို့ ကုမ္ပဏီကလိုအပ်ခဲ့တာရယ်၊ ဖြေရှင်းရမယ့်အကြောင်းတစ်စုံတစ်ရာ ရှိခဲ့တာရယ်တွေကြောင့် ရုံးအမျိုးမျိုးကို ရွှေ့ခဲ့ရတာက ကျွန်တော်အတွက် ကံကောင်းခဲ့ပါတယ်။ […]
Posted On January 16, 2018, By Editorial

ဒေါ်ဝတ်ရည်ချမ်း (Founder & CEO,Groupbuyy, AnyReview)

Groupbuyy နဲ့ AnyReview Channel တို့ကို တည်ထောင်လုပ်ကိုင်လျက်ရှိတဲ့ ဒေါ်ဝတ်ရည်ချမ်းနဲ့တွေ့ဆုံခဲ့ပြီး လုပ်ငန်းနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ ပညာရေးနဲ့အလုပ်အကိုင် Background ———— ကျွန်မက ၂၀၀၉ ခုနှစ်မှာ ဒဂုံတက္ကသိုလ်ကနေ အင်္ဂလိပ်စာအထူးပြုနဲ့ ကျောင်းပြီးခဲ့ပါတယ်။ နောက်ပြီးတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ Master of Public Administration (MPA) ရရှိခဲ့ပါတယ်။ အခု MBA ကို ဆွစ်ဇာလန်ကနေပြီး သင်နေပါတယ်။ Groupbuyy ကို မတည်ထောင်ခင်တုန်းက ကျွန်မက ဂျာမန် Base Internet Innovator Company မှာ အရောင်းအနေနဲ့စပြီး လုပ်ခဲ့ပါတယ်။ Internet Base ဖြစ်တဲ့အတွက်ကြောင့် အဲဒီတုန်းက မြန်မာပြည်မှာ E-commerce က တအားခေတ်မစားသေးပါဘူး။ ကုမ္ပဏီက Start Up တစ်ခုဖြစ်နေတဲ့အတွက်ကြောင့် […]
Posted On January 9, 2018, By Editorial

Mr Anirban Chakraborti (CEO – Dagon Logistics Co Ltd (Hello Cabs Myanmar))

အိန္ဒိယနိုင်ငံနဲ့တခြားနိုင်ငံတွေက ၀န်ဆောင်မှုလုပ်ငန်းနဲ့ နည်းပညာနယ်ပယ်တို့မှာ နှစ်ပေါင်း ၁၅ နှစ်ဝန်းကျင် အလုပ်လုပ်ကိုင်လာခဲ့ပြီး အခုချိန်မှာ Hello Cabs Myanmar ရဲ့ CEO အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ Mr Anirban Chakraborti နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပညာရေးနဲ့ အလုပ်အကိုင် Background . . . ကျွန်တော်က New Mexico State University ကနေ Computer Engineering ဆိုင်ရာ မဟာဘွဲ့ရရှိခဲ့ပါတယ်။ နောက်ပြီး Indian School of Business ကနေ MBA, Finance ဘွဲ့ရရှိခဲ့ပါတယ်။ အလုပ်အကိုင်အတွေ့အကြုံအနေနဲ့ ဥရောပနဲ့ အမေရိကားတို့က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ Consulting Firm တွေ၊ Infrastructure […]
Posted On November 14, 2017, By Editorial

Digital Kaway ရဲ့ CEO နဲ့ Co-Founder ဒေါ်စန္ဒီစိန်သိဏ်း

မြန်မာနိုင်ငံနည်းပညာနယ်ပယ်ထဲက အမျိုးသမီးတွေအတွက် ဖွဲ့စည်းထားတဲ့ Geek Grils ဆိုတဲ့ Network Group ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး Digital Kaway Digital Marketing Agency ရဲ့ CEO နဲ့ Co-Founder တစ်ဦးလည်းဖြစ်သူ ဒေါ်စန္ဒီစိန်သိဏ်းနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။ ဒေါ်စန္ဒီစိန်သိဏ်းဟာ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှာ Marketer တစ်ဦးအဖြစ် အတွေ့အကြုံများစွာရှိထားပြီး Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှရဲ့ အသက်သုံးဆယ်အောက် နယ်ပယ်အစုံမှ စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး ၁၀ ဦးစာရင်းထဲမှာလည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပညာရေး Background . . . ကျွန်မက ၂၀၀၇ ခုနှစ်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ပြင်သစ်သံရုံးကနေလည်း Diploma ရရှိခဲ့ပါတယ်။ […]
Posted On November 6, 2017, By Editorial

STUDIO SQUARE (The Contemporary Art Works)

Studio Square Gallery လို့ အမည်ပေးဖြစ်ခဲ့ပုံ . . . Studio Square ကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Studio Square လို့ အမည်ပေးခဲ့ပုံလေးကတော့ အနုပညာကို ကိုယ်ပိုင် Square Space လေးတစ်ခုအဖြစ် လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်စေမယ့် Art Space လေးတစ်ခုဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီပန်းချီပြခန်းလေးကို သူငယ်ချင်းငါးယောက်ဖြစ်ခဲ့တဲ့ ဦးမင်းဇော်၊ ဦးငြိမ်းချမ်းဆု၊ ဦးဘခိုင်၊ ဦးဟိန်းသစ်၊ ဦးသန်းထိုက်တို့ စုဖွင့်ခဲ့ကြပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ပြပွဲတွေ . . . ဒီ Studio Square ပန်းချီပြခန်းမှာ သူငယ်ချင်းငါးယောက်ရဲ့ ပန်းချီတွေအပြင် အခြား Modern Art ပန်းချီကို ရူးသွပ်တဲ့ ပန်းချီဆရာ၊ လူငယ်တက်သစ်စ […]
Posted On November 6, 2017, By Editorial

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးကဏ္ဍတိုးတက်ဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို နိုင်ငံတော်အစိုးရအပါအ၀င် ဆက်စပ်ရာအဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်က နားလည်အားစိုက်ကာ တွန်းတွန်းတိုက်တိုက် ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေရာမှာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဘက်က ဘယ်လိုအခက်အခဲနဲ့ အားသာချက်တွေရှိနေသလဲ၊ ဘယ်နေရာတွေမှာလိုအပ်ချက်ဖြစ်နေပြီး လိုအပ်တဲ့အထောက်အပံ့တွေဖြစ်တဲ့ နည်းပညာနဲ့ငွေကြေး၊ လူစွမ်းအားအရင်းအမြစ်၊ ဈေးကွက်စတာတွေကအစ ရရှိနေပြီးလားဆိုတာကလည်း အဓိကကျပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး ထဲထဲဝင်ဝင်လုပ်ကိုင်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ ယခုလထုတ် စီအီးအိုမဂ္ဂဇင်းအတွက် အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ရပါတယ်။ ဒေါ်အေးအေးဝင်း ညွှန်ကြားရေးမှူးချုပ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန အစိုးရအနေနဲ့ SME တွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြပေးပါ . . . ကျွန်မက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကျွန်မတို့စက်မှုဝန်ကြီးဌာနက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် […]
Posted On October 25, 2017, By Editorial