ဒေါ်မြတ်သဲဆု (Managing Director – Silk Road To Asia Travels & Tours Co Ltd)

dmts

ပညာရေးနဲ့ လုပ်ငန်းခွင်ရောက်ခဲ့ပုံ

————————————

မြန်မာနိုင်ငံကနေ အထက်တန်းကျောင်းပြီးတော့ စင်ကာပူမှာ ကျောင်းသွားတက်ပါတယ်။ စင်ကာပူ Raffles  Institution မှာ Advanced Diploma in Business Administration ကိုသင်ယူခဲ့ပြီး Bachelor in Management ဘွဲ့ကို Royal Holloway University of London ကနေ ရခဲ့ပါတယ်။

ကျွန်မဘွဲ့ရပြီးတဲ့အချိန်မှာ ကျွန်မရဲ့အဖေက သူ ၁၉၉၂ ခုနှစ်က တည်ထောင်လုပ်ကိုင်ခဲ့တဲ့ Golden Land Travel Sevices Co Ltd ကို ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ဖို့ တိုက်တွန်းခဲ့တာကြောင့် မြန်မာနိုင်ငံကို ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ပြန်လာဖြစ်ခဲ့ပါတယ်။

ပြန်လာပြီးတော့လည်း တာဝန်ယူလွှဲပြောင်းလုပ်ကိုင်ဖို့အတွက် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီမယ့်ပုံစံ၊ ကျွန်မဖြစ်ချင်တဲ့ လမ်းကြောင်းတွေကို ကျွန်မအဖေနဲ့ အရင်ဆုံးဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ ကုမ္ပဏီနာမည်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ Golden Land Travel Sevices Co Ltd ကနေ တရားဝင် Silk Road To Asia ဆိုတဲ့ နာမည်ပြောင်းခဲ့ပြီး လုပ်ငန်းကို စတင်တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။

ကျွန်မအနေနဲ့က ငယ်ငယ်လေးကတည်းက ကျွန်မအဖေရဲ့ လုပ်ငန်းလုပ်ကိုင်ပုံတွေကို ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ အဖေကိုယ်တိုင်ကလည်း စိတ်ဝင်စားလာအောင် လေ့လာသင်ယူခွင့်ပေးခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီ Hospitality အလုပ်ကို နှစ်သက်တဲ့အတွက် ဒီလုပ်ငန်းမှာ အဆင်ပြေပါတယ်။

လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတချို့

——————————

ဘယ်လုပ်ငန်းမဆို စစချင်းတော့ အခက်အခဲရှိမှာပါပဲ။ ကျွန်မဆိုရင် ကုမ္ပဏီကို စတင်တာဝန်ယူခါစမှာ လက်ရှိရှိရင်းစွဲ လုပ်ငန်းလုပ်ပုံကိုင်ပုံတွေကိုလည်း လေ့လာသင်ယူရသလို ကျွန်မဖြစ်ချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင်လည်း စိစစ်ပုံဖော်ယူခဲ့ရပါတယ်။ အဲဒီအတွက် နှစ်နှစ်နီးပါးလောက် အချိန်ယူခဲ့ရပါတယ်။

Silk Road To Asia က ပေးနေတဲ့ဝန်ဆောင်မှု

———————-

ကျွန်မတို့က Exclusive Inbound Tour Agency ပါ။ အဓိကဈေးကွက်က ဥရောပနိုင်ငံတွေ ဖြစ်ပါတယ်။ ကျွန်မတို့အေဂျင်စီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမူအကျင့်တွေကို အလေးထားပါတယ်။ ကျွန်မ Myanmar Sustainable Tour Operation Network ရဲ့ အမှုဆောင်တစ်ယောက်အဖြစ်လည်း စတင်လုပ်ဆောင်နေပါပြီ။ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကိုလာချင်တဲ့သူတွေအတွက် Travel Consultant အနေနဲ့လည်း လုပ်ပေးပါတယ်။ အေဂျင်စီရဲ့ရှိပြီးသား Tour Package တွေအပြင် ဧည့်သည်စိတ်တိုင်းကျ Customize Tour တွေလည်း စီစဉ်ပေးပါတယ်။

Silk Road To Asia က TravelLife Partner Level အဖြစ် အသိအမှတ်ပြုခံထားရပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Certified Level ဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်မတို့အေဂျင်စီက ကယားပြည်နယ် ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် ITC on the Nether-lands Trust Fund III Project မှာ ပြည်တွင်းခရီးသွားလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီ ၂၅ ခုကိုလည်း ကူညီပံ့ပိုးပေးခဲ့ပါတယ်။ လက်ရှိမှာလည်း ကယားပြည်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့လည်း နိုင်ငံတကာမှာ Promote လုပ်ပေးနေပါတယ်။

Silk Road To Asia ရဲ့ဆောင်ပုဒ်က

———————–

Make your dream trip happen with Silk Road to Asia ကတော့ ကျွန်မတို့ရဲ့ Slogan ပါ။

"Love Nature, Love People, Love Myanmar. Travel with us." ဆိုတဲ့ Campaign အနေနဲ့ Sustainable Tourism ကို အလေးထားဆောင်ရွက်နေပါတယ်။

"Love Nature, Love People, Love Myanmar. Travel with us." ဆိုတဲ့ Campaign ကို Promote လုပ်တဲ့အနေနဲ့ ကျွန်မတို့ရဲ့ဧည့်သည်တွေကို On Arrival မှာ Welcome Gift အနေနဲ့ ပြည်တွင်းထုတ်ချည်သားနဲ့ ချုပ်ထားတဲ့ Resuable Tote Bag တွေကို ပေးပါတယ်။

ဝန်ထမ်းစီမံအုပ်ချုပ်မှုပုံစံ

—————————

ကျွန်မက ၀န်ထမ်းတွေကို ကုမ္ပဏီရဲ့အဓိက Asset အနေနဲ့ သဘောထားပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာလည်း Teamwork ပုံစံနဲ့သွားပြီး လိုချင်တဲ့ရည်မှန်းချက်ရဖို့ အရေးထားပါတယ်။ ဧည့်လမ်းညွှန်တွေရဲ့ Feedback က အလွန်အရေးပါတဲ့အတွက် သူတို့နဲ့ Well Communicate လုပ်ပါတယ်။

 

လက်ရှိ Tourism ဈေးကွက်က

———————————-

လက်ရှိခရီးသွားလုပ်ငန်းအနေအထားက Industry အတွင်းအချင်းချင်း တိုင်တိုင်ပင်ပင်နဲ့ စည်းစနစ်တကျတိုးတက်ဖို့ အတူပူးပေါင်းလုပ်ကိုင်ရမယ့်အနေအထားဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆိုရင် ငွေကြေးတည်ငြိမ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် သယံဇာတအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုစတာတွေ လိုအပ်ပါတယ်။

Online Selling တွေ Direct Marketing တွေ ဖြစ်လာတာကြောင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အေဂျင်စီတွေအနေနဲ့ အခက်အခဲရှိလာပါတယ်။

ခေတ်ကလည်းတအားပြောင်းလဲလာတဲ့အတွက် ခရီးသွားတွေအနေနဲ့ အွန်လိုင်းကိုချည်းအားမထားသင့်ဘူးလို့ မြင်မိပါတယ်။ ကျွန်မတို့ကုမ္ပဏီအနေနဲ့ အရင်တုန်းကတော့ B2B အခု B2C ပြောင်းတဲ့အတွက် Website တွေကို Upgrade လုပ်ရပါတယ်။ Online Platform နဲ့ချိတ်ထားတဲ့အတွက် Market အသစ်တွေကိုလည်း ရရှိနိုင်ပါတယ်။

Silk Road To Asia ရဲ့အနာဂတ်အစီအစဉ်

————————-

ဝန်ထမ်းတွေရဲ့ Career Development ကို ဦးစားပေးဆောင်ရွက်သွားပါမယ်။ Tourism Industry ရေရှည်တည်တံ့ခိုင်မြဲစေဖို့ Awareness ပေးခြင်းကိုလည်း စတင်ပြုလုပ်နေပါပြီ။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်သွားဖို့လည်း ရှိပါတယ်။