DHL Supply Chain Myanmar Limited ရဲ့ Country Manager ဖြစ်သူ Mr. Din Shisanupong Pitidhanyasawasdi နှင့်တွေ့ဆုံခြင်း

လုပ်ငန်းအတွေ့အကြုံ…
ကျွန်တော်က DHL (Deutsche Post DHL ) မှာ လုပ်ကိုင်လာတာ အခုဆိုရင် ၁၇ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်ပြီး DHL Supply Chain Myanmar Limited ရဲ့Country Manger အဖြစ် လုပ်ကိုင်လာတာကတော့ အခုဆိုရင် ၄ နှစ်ထဲရောက်နေပါပြီ။ ကျွန်တော်မြန်မာနိုင်ငံကို မလာခင်တုန်းကတော့ DHL Supply Chain (Thailand) Ltd ရဲ့ Business Development ဌာနမှာ General Manager အဖြစ် လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Logistics & Supply Chain ဈေးကွက်ကဏ္ဍ အပေါ်အမြင်…
မြန်မာနိုင်ငံလိုဈေးကွက်မျိုးက တကယ်ကိုပဲတမူထူးခြားမှုရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဆိုလိုတာက စိတ်ဝင်စားဖို့လည်းကောင်းသလို၊ စိန်ခေါ်မှုတွေကလည်း အများကြီးရှိနေတာပါ။ အရာအားလုံးကို ခြုံငုံပြီးပြောရ မယ်ဆိုရင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ဖူးသူ တစ်ယောက်အနေနဲ့ ဒီနိုင်ငံရဲ့ဈေးကွက်ကလည်း တခြား နိုင်ငံတွေရဲ့ ဈေးကွက်နဲ့အတူတူပဲလို့ အထင်ရှိနေလောက်ပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာ့ဈေးကွက်အတွင်း စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ တစ်နည်းအားဖြင့် Ease of Doing Business ပါ။ Infrastructure တွေနဲ့ Facilities တွေကလည်း လက်ရှိအချိန်အထိ Ready မဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီလိုအချက်တွေကြောင့်ပဲ ကျွန်တော်တို့အနေနဲ့က ဒီဈေးကွက်ထဲမှာ ရှိနေနှင့်ဖို့လိုအပ်တာဖြစ်ပါတယ်။ ဘာကြောင့်ဆို နိုင်ငံရဲ့ တိုးတက်လာနိုင်တဲ့အလားလာနဲ့ ကြီးထွားလာမယ့်အခွင့်အလမ်းတွေကို ကျွန်တော်တို့မြင်နေရလို့ပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီအချိန်မှာ တစ်စိတ်တစ်ပိုင်းပါဝင်နေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ထဲမှာ အရေးပါတဲ့ နေရာတစ်ခုကနေပါဝင်ပြီး လူတွေရဲ့ဘဝနေထိုင်မှု အဆင့်အ တန်းတွေကို တိုးမြှင့်ပေးနိုင်ဖို့ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၅၇ သန်းကျော်သောနိုင်ငံသူ၊ နိုင်ငံသားတွေဟာ နိုင်ငံတကာအဆင့်မီ Logistics & Supply Chain ဝန်ဆောင်မှုတွေကို လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိနေခြင်းရဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုကတော့ ကောင်းကျိုးခြင်းရာတစ်ခုခုကို ကျွန်တော်တို့လုပ်ပေးနိုင်ဖို့၊ ပစ္စည်း/ ကုန်စည်တစ်ခုခုကို တစ်နေရာနဲ့တစ်နေရာ မြန်မြန်ရောက် အောင်လုပ်ပေးနိုင်ဖို့၊ သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေကို သုံးစွဲသူတွေလက်ထဲ အမြန်ဆုံးရောက်အောင်ပို့ပေးနိုင်ဖို့ စတာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ကျွန်တော်တို့ရဲ့ Customer တွေသက်သက်လို့ပဲ ကျွန်တော်တို့မမြင်ပါဘူး။ ကျွန်တော် တို့ကိုယ်တိုင်ပါဝင်တဲ့၊ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ လူမှုအသိုက်အဝန်းတစ်ခုအဖြစ်ပဲ အမြဲလိုမှတ်ယူထား တာဖြစ်ပါတယ်။ ဒီလူမှုအသိုက်အဝန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော်တို့က စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလားအလာတွေပိုမိုဖြစ်ထွန်းလာစေဖို့ အားပေးရင်း နဲ့ပါဝင်ချင်ပါတယ်။

လက်ရှိအခြေအနေအထိဆိုရင်တော့ ကျွန်တော်တို့ ယူရိုတစ်သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါ တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ကျွန်တော်တို့ အခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းတယ်၊ Team ကို တည်ဆောက်အားဖြည့်ယူတယ်၊ ဝန်ထမ်းတွေအပေါ်ရင်း နှီးမြှုပ်နှံတယ်၊ Supplier တွေအပေါ် ရင်းနှီးမြှုပ်နှံတယ်။ အားလုံးပေါင်းလိုက်ရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ယူရို ၂ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း ရင်းနှီးမြှုပ်နှံမှုတွေ ထပ် ပြီးလုပ်သွားဦးမှာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဝင်စစချင်းလုပ်ငန်းစတင်တုန်းကတော့ နိုင်ငံသားဝန်ထမ်း ၅ ဦးပဲ ရှိတဲ့ ရုံးကလေးအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ အခု လူ ၃၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ထပ်ပြီးလည်း အားဖြည့်နေပါတယ်။ နောက်နှစ်ကုန်ပိုင်း လောက်ကျရင် လူ ၂၀၀ နီးပါးဝန်းကျင်လောက် ရှိလာ မယ်လို့ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့လုပ်ငန်း ချဲ့ထွင်လာတာနဲ့အမျ၊ ဖောက်သည်တွေများလာတာနဲ့အမျ ဝန်ထမ်းတွေလည်း တိုးပြီးခန့်လာနိုင်ဖို့မျော်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုရဲ့ Commitment တွေထဲကတစ်ခုကတော့ Developing Local People ဖြစ်ပါတယ်။ သူတို့ကို Logistics & Supply Chain နဲ့ ပတ်သက်ပြီး ပိုသိဝင်ကျွမ်းကျင်လာအောင်လုပ်ပေးဖို့၊ Logistics ပိုင်းမှာ အသေးစိတ်ကအစ သိရှိလုပ်ကိုင်နိုင်တဲ့ ကျွမ်းကျင်သူတွေဖြစ်လာစေဖို့၊ သူတို့ကနေတစ်ဆင့်မှ နိုင်ငံရဲ့ Logistics ကဏ္ဍပိုင်းကို ရေရှည်မှာပိုမိုတိုးတက် အောင်မြင်လာအောင် သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ Logistics & Supply Chain ဈေးကွက်အကြားကွာဟမှုတွေအကြောင်း…
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့ဈေးကွက်ကွာဟမှုကတော့ အတော်လေးကြီးပါတယ်။ ထိုင်းနိုင်ငံရဲ့ဈေးကွက်က အတော်လေးကို Mature ဖြစ်နေပြီးသားနဲ့ Establish ဖြစ်နေပြီးသားဖြစ်ပါတယ်။ ဒီလို Mature ဖြစ်နေပြီးသား ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုကလည်းအတော်လေးကို ပြင်းထန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကတော့ အတော်များများက အသစ်ဖြစ်နေတာဖြစ်ပါတယ်။ အဖြူအမည်းအခြေ အနေမှာပဲရှိနေသေးတယ်လို့ ဆိုနိုင်တာကြောင့် အရောင်စုံခြယ်မှုန်းဖို့ အခွင့်အရေးရှိနိုင်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း ဈေးကွက်ထဲကိုစောစော ရောက်ရှိကာ ဖွံ့ဖြိုးဆဲအခြေအနေမှာ Framework တွေ၊ Guideline တွေ၊ Standard Practice တွေ ဈေးကွက်နဲ့အတူ ဖော်ဆောင်ယူတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

DHL ရဲ့ ဈေးကွက်ဝေစုဘယ်လောက် ရရှိထားပြီးလဲ…
ကျွန်တော်တို့အနေနဲ့ ဒီလိုအရေအတွက်အားဖြင့်၊ ရာခိုင်နှုန်းအားဖြင့် ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လည်းဆို တော့ ဈေးကွက်ရဲ့အရွယ်အစားကို တိုင်းတာသုတေသန လုပ်ထားတာမျိုး သေသေချာချာ မရှိသေးတာကြောင့်ဖြစ်ပါတယ်။ ကျွန်တော့်စိတ်ထင် နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာလည်း ဒီအတိုင်းပဲဖြစ်နေဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခုက လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ Logistics & Supply Chain ဆိုတာကို Distribution ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲ မြင်နေသေးတယ်ဆိုတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်း Logistics Industry အတွက်ဈေးကွက်အရွယ် အစားက ဘယ်လောက်ရှိတယ်ဆိုတာကို မတိုင်းတာနိုင်တာဖြစ်ပါတယ်။Supply Chain အတွက်ရော Trading Business တွေအတွက်ပါ Law နဲ့ Regulations တွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးပြီးတဲ့ အခါမှာတော့ ကျွန် တော်တို့အနေနဲ့ ဈေးကွက်အရွယ်အစားကိုတိုင်းတာနိုင်မယ်လို့ထင်ပါတယ်။

Food Business မှာလည်း ချဲ့ထွင်လုပ်ကိုင်သွားမယ်လို့ ပြောထားတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး…
ကျွန်တော်တို့လုပ်ငန်းမှာ Multiple Sector ကိုကိုင်တွယ်နေတာဖြစ်ပါတယ်။ Home Care/ Personal Care/Cloths / Fashion Retail စတဲ့ Consumer Items တွေကိုလည်း ကိုင်တွယ်ပါတယ်။ Food Items တွေဖြစ်တဲ့ Beverages ၊ Frozen Foods စသဖြင့်တွေကို Point of Origin ကနေ Point of Purchase ဆီကိုရောက်အောင် သယ်ယူစီမံပို့ဆောင်နေတာပါ။ ဆိုလိုတာက Customer တွေရဲ့လိုအပ်သမျကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ Customer တွေက B2B တွေဖြစ်ပါမယ်။

Ease of Doing Business နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ…
ကျွန်တော့်အတွေ့အကြုံတွေအရ အဓိက ၃ ခုကို ပြောချင် ပါတယ်။ ပထမဆုံးတစ်ခုကတော့ Infrastructure ပိုင်းပါ။ ဒီအပိုင်းမှာလည်း လမ်းပန်းဆက်သွယ်ရေးကစလို့ လျပ်စစ်ပိုင်းအထိပါဝင်ပါတယ်။ ဒုတိယအချက်ကတော့ တချို့ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာလုပ်ငန်းတွေအဖို့ လာရောက် လုပ်ကိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့က Supplier တွေ တိုးတက်လာအောင်၊ ဈေးကွက်နဲ့ လုပ်ငန်းဖွံ့ဖြိုးလာအောင်လုပ်တဲ့နေရာတွေမှာ အာရုံစိုက်ချင်ပေမဲ့လည်း ဖြေလျော့ပေးဖို့လိုအပ်နေဆဲဖြစ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတချို့တွေရှိနေသေးတဲ့အတွက် သိပ်မလုပ် နိုင်သေးတာမျိုးတွေရှိပါတယ်။ အဲဒီအတွက် Local Player ၊ Local Supplier ၊ Local Customer တွေရဲ့ ကြားထဲမှာ ကစားမှုတွေဖြစ်ပြီး ပြည်တွင်း Logistics & Supply Chain Industry က Corrupt ဖြစ်တာမျိုးလည်း ရှိနိုင်စေပါတယ်။ တကယ်တော့ ဒီလိုဖြစ်နေမယ့်အစား ကျွန်တော်တို့က ဈေးကွက်ကပိုပြီး Mature ဖြစ်လာရမှာ၊ တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်လာနိုင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ People Skill ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Logistics & Supply Chain လို့ ပြောလိုက်ရင် Import/ Export / Shipping / Fraight Forwarding စတာတွေလို့ပဲ လူတွေက မြင်နေကြပါတယ်။ တကယ်တော့ Logistics & Supply Chain ဆိုတာက ပိုမိုကြီးမားကျယ်ပြန်တဲ့ကဏ္ဍနယ်ပယ်ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်မြင်တဲ့ Ease of Doing Business နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ DHL Supply Chain Myanmar Ltd ရဲ့ Focus တွေအများကြီးထဲကတစ်ခုက People Development ဖြစ်ပါတယ်။ ပြည်တွင်းကလူတွေကို Logitstics & Supply Chain ကဏ္ဍနဲ့ပတ်သက်လို့ သေချာသိရှိပြီးမှန်ကန်တဲ့ Knowledge တွေရ အောင်လုပ်ပေးကာ လုပ်ငန်းကို Run နိုင်တဲ့အထိလုပ်ပေးသွားဖို့ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ဝန် ထမ်းတွေဖြစ်ဖို့မလိုပါဘူး၊ ကျွန်တော်တို့နဲ့ အတူလက် တွဲလုပ်နေတဲ့ Supplier တွေ၊ Customer တွေ အစရှိသဖြင့် အားလုံးအတွက် ဒီလိုမျဝေပေးသွားမှာဖြစ်ပါတယ်။ ဒီလိုကျွန်တော်တို့နဲ့ ဆက်စပ်နေသူမှန်သမျကို Industry Knowledge တွေမျဝေပေးရင်းနဲ့ ဒီလုပ်ငန်းကဏ္ဍတိုး တက်ဖွံ့ဖြိုးမှုတွေ ရှိလာအောင်လုပ်ပေးသွားနိုင်မှာ ဖြစ် ပါတယ်။ ဒီကတစ်ဆင့် နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုပိုင်းမှာ ပါဝင်ကူညီနိုင်အောင်ဖြစ်ပါတယ်။

CSR Program တွေ…
ကျွန်တော်တို့က အဓိကမဏ္ဍိုင် ၃ ခုရှိပါတယ်။ Go Green ၊Go Teach နဲ့ Go Help တို့ဖြစ်ပါတယ်။ Go Green ဆိုတာကတော့ ကျွန်တော်တို့လုပ်ငန်းလုပ်တဲ့နေရာမှာ Eco-Friendly ဖြစ်အောင်၊ Carbon Footprint တွေ နည်းနိုင် သမျနည်းအောင်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေ ထဲမှာလည်း ပါဝင်နေပါတယ်။ Go Help ဆိုတာကတော့ ကျွန်တော်တို့မှာ ကမ္ဘာတစ်ဝှမ်းမှာ Disaster Response Team ရှိပါတယ်။ ပြည်တွင်းက ဖောင်ဒေးရှင်းတွေ၊ အဖွဲ့ အစည်းတွေကို သဘာဝဘေး အန္တရာယ်ကြုံ တွေ့တဲ့အခါ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာနဲ့ ပတ်သက်လို့လည်း သင်ကြားပြသပေးနေပါတယ်။ ကျွန်တော်တို့ Regional Team တွေကလည်း ပြည်တွင်းကဝန်ထမ်းတွေကို ပြန်လည်သင်ကြားပို့ချမှုတွေ စဉ်ဆက်မပြတ်လုပ်ပေးနေတာ ဖြစ်တယ်။ လေဆိပ်၊ ရေဆိပ်တွေမှာဘယ်လို Relief လုပ်၊ Response လုပ်ရမယ်။ ပစ္စည်းတွေကို Point of Donate ကနေ ဘေးအန္တရာယ်ကျရောက်ရာဒေသက လူတွေဆီကို ရောက်အောင်ပို့ပေးရမယ် စသဖြင့်သင်ကြားရေးတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ Go Teach ဆိုတာကတော့ ကျောင်းတွေ၊ သင်ကြားရေးစင်တာတွေကို သွားရောက်ကာ ကျွန်တော်တို့ရဲ့ Industry Knowledge တွေ၊ Know-How တွေကို မျဝေပေးပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဝန်ထမ်းတွေက မျက်မမြင်ကျောင်းတွေကို သွား ရောက်ပြီး ကလေးတွေကို အင်္ဂလိပ်စာ စသဖြင့် သင်ကြားပေးတဲ့နေရာမှာ Volunteer လုပ်ပေးတာမျိုးလည်းလည်း ရှိပါတယ်။ ကျွန်တော်တို့မှာ Excellence School တွေရှိပါတယ်။ ဥပမာ ထိုင်းနိုင်ငံက ကျွန်တော်တို့ရဲ့ Excellence School မှာ Supplier တွေကို၊ ဒရိုက်ဘာတွေ ကို Road Safety နဲ့ပတ်သက်တဲ့ သင်ကြားမှုတွေ လုပ် ပေးတာ မျိုးလည်းရှိပါတယ်။ ဒီလိုကနေတစ်ဆင့် လမ်းပေါ်မှာဖြစ်တဲ့ မတော်တဆမှုတွေကိုလည်း လျော့ချနိုင်အောင်လုပ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း လိုအပ်ချက်ရှိတဲ့ ကျောင်းတွေကို ပြန်လည်ပြုပြင်မှုတွေလုပ်ပေးတာ၊ သင်ကြားရေးပစ္စည်းတွေ ထောက်ပံ့ပေးတာမျိုးလည်း လုပ်ပေးပါတယ်။

နည်းပညာအသစ်တွေကို မြန်မာနိုင်ငံအတွင်းမိတ်ဆက်ပေးဖို့ဆိုတာ က ဘယ်လိုမျိုးလိုအပ်ချက်တွေ ရှိနေပါသေးသလဲ…
Logistics & Supply Chain ကဏ္ဍတွေမှာက Infrastructure လိုအပ်ချက်တွေက ရှိနေပါတယ်။ ဒါကြောင့် နည်းပညာ အသစ်တွေကို မိတ်ဆက်ပေးတယ်ဆိုတဲ့နေရာမှာ အချိန်အများကြီးလိုအပ်နေပါသေးတယ်။ ဒီမှာတွေ့ရမယ့် အရိုးရှင်းဆုံး စိန်ခေါ်မှုတစ်ခုကတော့ လျပ်စစ်ပဲဖြစ်ပါတယ်။ နည်းပညာဆိုတာကလည်း Power လိုအပ်တယ်။ ဒါ ကြောင့် လျပ်စစ်အလုံအလောက်မရှိရင် ကျွန်တော်တို့လုပ်ဖို့ သိပ်ကိုခက်ခဲပါတယ်။ ဒါကြောင့် မလုပ်နိုင်ဘူးတော့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကလည်း နည်းပညာအသစ်တွေကို ဈေးကွက်ထဲမှာ မိတ်ဆက်ပေးဖို့ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့မှရမလဲ ဆိုတာကို စဉ်းစားရှာဖွေဖြေရှင်းပေးသွားရမှာပဲဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း ကျွန်တော်တို့ကစိတ်ရှည်ပြီး ရလာတဲ့ ရလဒ်တွေကိုလည်း အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကြည့်ရှုနိုင်ဖို့ လိုအပ်ပါသေးတယ်။

ထပ်မံဖြည့်စွက်ပြောကြားချင်တာက…
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ထဲကို ဝင်လာတာက ဖြစ်နိုင်ချေအလားအလာတွေကို မြင်နေရလို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဈေးကွက်ကိုရှေ့ဆက်တိုးတက်သွားအောင်လုပ်ရင်းနဲ့ပဲ နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ လုပ်နည်းလုပ်နည်းလုပ်ဟန်တွေကို ဈေးကွက်ထဲမှာရောက်ရှိပြန့်ပွား အသုံးချနိုင်အောင် လုပ်သွားနေတာဖြစ်ပါတယ်။ ဘာကြောင့်လို့လည်းဆိုတော့ ဈေးကွက်က ဒီအချိန်မှာ တစ်ခါတည်း မပြောင်းလဲဘူးဆိုရင် Global Economics က ပြောင်းလဲသွားသလို၊ မြန်မာနိုင်ငံကို အဲဒီအပြောင်းအလဲတွေထိတော့မှဈေးကွက်က လိုက်ပြောင်းတယ်ဆိုရင် ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ လည်း အပြောင်းအလဲနဲ့အမီလိုက်ဖို့ အတော်လေး နောက်ကျသွားမှာဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့အ တွက်လည်း ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံက ဖြစ်နိုင် ခြေအလားအလာတွေလည်းရှိပြီး နိုင်ငံတကာ စီးပွားရေးနယ်ပယ်ထဲမှာ ထိပ်ပိုင်းရောက်လာနိုင်ဖို့လည်း ကျွန်တော်မျော်လင့်ပါတယ်။

ဖြူလဲ့မွန်