advertisement-image
Management

ဈေးကွက်ရရန် ‘P’ လေးလုံး

မိမိထုတ်ကုန်ဈေးကွက်တင်ရာတွင် အသုံးပြုရမည့် P လေးလုံးမှာ မည်သည့်အရာများဖြစ်သည်ကို အများလက်ခံနားလည်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ရိုးရှင်းသောစီမံခန့်ခွဲမှုနည်းပညာ ဖြစ်သည်ဟုပင်ဆိုရမည်။ Four Ps မှာ ဈေးကွက်ရရန် အခြေခံအကျဆုံးသဘောတရားဖြစ်သော်လည်း အမှန်မှာ ရောင်းချခြင်း (Selling) နှင့်သော်လည်းကောင်း၊ အရောင်း (Sales) နှင့်သော်လည်းကောင်း ထပ်တူသဘော မဟုတ်ပါ။ ရာစုနှစ်အစ Industry စက်မှုလုပ်ငန်းကြီးများဖြစ်ထွန်း စဉ်ကာလကထုတ်လုပ်မှုကိုသာ အဓိကထားသည်။ မိမိထုတ်လုပ်နိုင်မှုအကောင်းဆုံးဖြစ်ရန်၊ ရောင်းရနိုင်သော ဈေးဖြင့် ရောင်းနိုင်ရန်ကိုသာ စဉ်းစားသည်။ ပထမကမ္ဘာစစ်ကြီးအပြီး အမြောက်အမြားထုတ်လုပ်မှုမှာ အခက်အခဲမဟုတ်တော့ဘဲ စားသုံးသူများလည်း ထိုက်သင့်သလောက် နေနိုင်စားနိုင်သောအခါတွင် ပြိုင်ဆိုင်ရောင်းချမှုမှာ ရှေ့တန်းရောက်လာသည်။ ရောင်းချမှုတွင် အရေးပါလာသောမေးခွန်းများမှာ ရောင်းချနိုင်ခြေရှိမရှိနှင့် ဈေးနှုန်းစရိတ် ကာမိနိုင်ရန် ဖြစ်သည်။ ဝယ်သူအမှန်တကယ်လိုအပ်မှု ရှိ-မရှိကို အရေးမထားပေ။ ကုန်များထုတ်လုပ်ပြီးမှသာ ဈေးကွက်ရရန်အတွက် ရောင်းပုံရောင်းနည်းများ ဖန်တီးယူသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မှ […]
Posted On January 9, 2020, By CEO Editors

အောင်နိုင်တဲ့ စစ်ပွဲများကိုသာတိုက်ပါ

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။ ”အဲဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ အောင်နိုင်ဖို့သေချာတယ်ဆိုရင် ဘုရင်မင်းမြတ်ကမတိုက်နဲ့လို့ အမိန့်ထုတ်ထားစေကာမူ တိုက်သာတိုက်ပါ။ အောင်နိုင်ဖို့ အလားအလာမရှိဘူးဆိုရင်တော့ ဘုရင်မင်းမြတ်ကတိုက်ဖို့အမိန့်ထုတ်ထားလည်းတိုက်ဖို့မလိုဘူး။ ဗိုလ်ချုပ်ကြီးဟာ သူ့နာမည်ကျော်ကြားခြင်းကိုမက်မောလို့လည်း မဟုတ်ဘူး။ ချီတက်တိုက်ခိုက်တယ်၊ ဂုဏ်သိက္ခာကျမှာကို ထည့်မတွက်ဘဲ ဆုတ်ခွာသင့်ရင်ဆုတ်ခွာတယ်၊ သူ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့လူတွေကိုဘေးအန္တရာယ်မှ ကာကွယ်ရေးနဲ့ ဘုရင်မင်းမြတ်ရဲ့ အကျိုးစီးပွားများကို တိုးပွားရေးပဲဖြစ်တယ်။ အဲဒီလိုဗိုလ်ချုပ်ကြီးမျိုးဟာတိုင်းပြည်ရဲ့ အဖိုးတန်ရတနာတစ်ပါးဖြစ်တယ်။ ရန်သူကို တိုက်ခိုက်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ၁။ အစစအရာရာကို အသေးစိတ်အစီအစဉ် ရေးဆွဲထားပါ။ ပြီးရင် စတင်လုပ်ကိုင်ဆောင်ရွက်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပနော်မန်ဒီကမ်းခြေတက်တိုက်ပွဲဟာ သမိုင်းမှာ စေ့စပ်သေချာဆုံးကြိုတင်စီစဉ် ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။ နိုင်ငံပေါင်းလေးနိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၁၇၅,၀၀၀ ကျော်ပါဝင်တယ်။ အစစအရာရာကို သိပ္ပံနည်းကျကြိုတင်စီစဉ်ထားတယ်။ အင်္ဂလန်နိုင်ငံ အနီးတစ်ဝိုက်မှာ ဥရောပကိုဝင်ရောက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုတွေကို လပေါင်းများစွာ […]
Posted On January 9, 2020, By CEO Editors

ဘောလုံးအသင်းတစ်သင်းကို အုပ်ချုပ်ဖို့ အခြေခံမှု ၄ မျိုး

ဘောလုံးအသင်းတစ်သင်းဟာ တခြားဘယ်စီးပွားရေး လုပ်ငန်းနဲ့မှမတူပါဘူး။ ဘောလုံးအသင်းမှာ အစုရှယ်ယာပါဝင်သူတွေက ဘောလုံးဝါသနာအိုးပရိသတ်တွေဖြစ်ပြီး ယင်းတို့ရင်းနှီးမြှုပ်နှံမှုဟာ ယင်းတို့ရဲ့အားပေးမှုဖြစ်ပါတယ်။ အရောင်းမြှင့်တင်ခြင်း၊ အဆင့်ချမှုခံနိုင်ခြင်း၊ ဒါမှမဟုတ် ဆုဖလားပိုင်ဆိုင်ခြင်းတို့ကြောင့် ဘောလုံးပရိသတ်အားလုံးတပ်မက်တဲ့ ကျေနပ်အားရမှုဟာ ယင်းတို့ပြန်ရတဲ့ အကျိုးအမြတ်ဖြစ်ပါတယ်။ ဒီအကျိုးအမြတ်ကို ကျိန်းသေရရှိဖို့အတွက် ဘောလုံးအသင်းတစ်သင်းဟာ ရေရှည်ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။           Mark Rubin Southend United အသင်းဥက္ကဋ္ဌ ဖြစ်စဉ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့ ပုံစံအမျိုးမျိုးဖြင့် ယခုအထိသုံးနေဆဲဖြစ်တဲ့ အခြေခံမူလေးချက်ကို လက်စွဲပြုခဲ့ပါတယ်။ – ပထမဆုံးအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ မန်နေဂျာတစ်ဦးကို အလုပ်ခန့်ပါ။ – ဒုတိယအနေနဲ့ လုံးဝမလိုအပ်ရင် သူ့ကိုအလုပ်မထုတ်ပစ်ပါနဲ့။ အဆက်မပြတ်တည်ရှိခြင်းက အောင်မြင်မှုရရှိစေပြီး တော်တဲ့မန်နေဂျာတစ်ဦးအနေနဲ့ စိတ်ကူးကောင်းတစ်ခုကို လက်ခံဖြစ်စေပါတယ်။ – တတိယအချက်က အသင်းကို အုပ်ချုပ်ဖို့ ရသမျှဝင် ငွေအားလုံးကို ပြန်အသုံးပြုပါ။ […]
Posted On February 28, 2019, By Editorial

အဂတိပယ်ခွာ ပြည်သာယာ (၄)

အဂတိလိုက်စားမှုညီမျှခြင်း လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှု၊ ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုတို့သည် အဂ တိလိုက်စားမှုကိုဖြစ်စေကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် မရိုးဖြောင့်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် ကိုယ် ကျင့်သိက္ခာပျက်ယွင်းခြင်းတို့သည် မည်သို့မည်ပုံဖြစ်စေခဲ့သလဲဆိုသည်ကို ရှင်းလင်းစွာသိရှိနားလည်နိုင်ရန်အတွက် အဂတိလိုက်စားမှုညီမျှခြင်းအကြောင်း ဆက်လက်တင်ပြသွားပါမည်။ ဤညီမျှခြင်းကို သုတေသနပြုလုပ်တင်ပြသူသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ကယ်လရာမောင့်တက္ကသိုလ်မှပါမောက္ခရောဘတ်ကလစ်ဂါရပ် (Robert Kligaard) ဖြစ်၏။           သူ၏ညီမျှခြင်းမှာ (C=M+D+A), Corruption = Monopoly + Discretion – Accountability ”အဂတိလိုက် စားမူ= လက်ဝါးကြီးအုပ်မှု+တစ်ဦးတစ်ယောက်တည်းသဘောဖြင့် ဆုံးဖြတ်နိုင်ခြင်း-တာဝန်ယူမှု”ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်သည် ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုအပေါ် လက်ဝါးကြီးအုပ်ထားနိုင်ခြင်း၊ ဒါမှမဟုတ် ချုပ်ကိုင်ထားနိုင်ခြင်း၊ ဒါမှမဟုတ် မောင်ပိုင်စီးထားနိုင်ခြင်းရှိသည့်အပြင် သူ့တစ်ယောက်တည်း၏ သဘောထားဖြင့်ပင်မည်သူတွေကို မည်သည့် နည်းလမ်းဖြင့် မည်မျှစီခွဲဝေသတ်မှတ်ပေးရန် ဆုံးဖြတ်ပိုင်ခွင့်အာဏာလည်းရှိနေပြီး […]
Posted On February 18, 2019, By Editorial

ခုခံနိုင်အောင် လုံလုံလောက်လောက် ပြင်ဆင်ထားပါ

ဆွန်ဇူးက ဆက်လက်ပြောကြားပါတယ်။           “မိမိတို့ကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံကအုပ်ချုပ်သူတွေကို နှိမ်နင်းပစ်နိုင်တဲ့နည်းကတော့ သူတို့အထိနာသွားစေမယ့်နေရာကို ထိုးနှက်တိုက်ခိုက်ခြင်းပဲဖြစ်တယ်။ သူတို့ကို အနှောင့်အယှက်ပေးထားရင် သူတို့မှာ အမြဲတမ်းအားရတယ်လို့မရှိအောင် အလုပ်လုပ်နေကြမှာဖြစ်တယ်။ သူတို့ကို တစ်ခုခုလုပ်ပေးချင်လို့ မြူဆွယ်နေတာ အဲဒီလိုအထင်ရောက် အောင်လုပ်ပေးရင် သူတို့ဟာ စိတ်ဂနာမငြိမ်ဖြစ်နေကြမှာပါပဲ။           စစ်နဲ့ပတ်သက်တဲ့ သဘောတရားတစ်ရပ်ရှိတယ်။ အဲဒါကတော့ ရန်သူဟာ လာရောက်တိုက်ခိုက်ဖို့ အလားအလာမရှိဘူးဆိုပြီး မယုံကြည်စိတ်ချမနေသင့်ဘူးဆိုတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့်ရန်သူကို ရင်ဆိုင်ဖို့ အသင့်အနေအထား ရှိနေသင့်တယ်။ မိမိရဲ့အနေအထားကို ကြံ့ကြံ့ခံနိုင်အောင် လုပ်ထားသင့်တယ်”။ မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် ထိုးစစ်ကောင်းကောင်းဆင်နိုင်တာဟာ အကောင်းဆုံးခံစစ်  ဆင်နွှဲတာပဲဖြစ်တယ်။           ဂျပန်ခေတ်ယန္တယားကုမ္ပဏီ Komatsu က သူ့ရဲ့ပြိုင်ဘက် ကုမ္ပဏီ Caterpillar နဲ့ပတ်သက်ပြီး “တို့က အဲဒီကုမ္ပဏီကို အုပ်စည်းဝိုင်းပတ်ထားမယ်၊ စက်ယန္တယား ထုတ်လုပ်ရေးလုပ်ငန်းလောကမှာ […]
Posted On February 18, 2019, By Editorial

စဉ်းစားမှုအမှားများနှင့်  လွဲချော်ခြင်းများ Thinking Flaws and Pitfalls

တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ စဉ်းစားကြသည့်အခါ ဆုံးဖြတ်ချက်များမှာ ပေါ်လွင်ထင်ရှားခြင်းမရှိဘဲ နားလည်ရန်လည်း ခက်ခဲတတ်သည်။ ပညာရှင်ကြီးများက ဤသို့ဖြစ်ရခြင်းကို နက်နဲစွာအကြောင်းရှာကြသည်။           စဉ်းစားခြင်းအမှားကြောင့် လွဲချော်ချွတ်ယွင်းမှုများ၊ ပြဿနာများရှိနိုင်သည်။ မိမိ၏အမှားများကိုသုံးသပ်၍ ဖြစ်နိုင်ခြေအမှားတိုင်းအတွက် တားဆီးမှုကို ရှာသင့်ပေသည်။ Traps of Thinking Flaws စဉ်းစားခြင်းလှည့်ကွက်ဆင်ကွက်တွင် ချုပ်မိသွားတတ်ခြင်းမှာ ပထမဦးစွာသိရှိသောသတင်းကို အလေးအနက်ယူဆမိ၍ ဖြစ်သည်။ အဖြေ – လက်တွေ့အခြေအနေကို သုံးသပ်၍ သတင်းပြည့်စုံစွာရယူပါ။ The Status Quo Trap လက်ရှိအခြေအနေကို အလေးထားခြင်း၏ အခက်အခဲတွင် ပို၍ကောင်းသည့် အခြေအနေကို အရေးမမူခြင်း (မျက်နှာပျက်မည်ကို အားနာမှု) ။ အဖြေ – ပွင့်လင်းပါ။ ရိုးသား၍ ရဲရဲလုပ်ကိုင်ပါ။ The Sunk – Cost Trap […]
Posted On February 13, 2019, By Editorial

လုပ်ငန်းခွင်မှာ မကြာခဏပြောသင့်တဲ့ စကားစု ၂၄ ခု

လုပ်ငန်းခွင်မှာ ကိုယ့်အပေါ်လုပ်ဖော်ကိုင်ဖက်တွေ စိတ်ဝင်စားဖို့၊ ကိုယ်ဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်စေဖို့ ဘာတွေပြောမလဲ။ ဘယ်လိုစကားတွေက ဝန်ထမ်းတစ်ယောက်ကို အပြုံးနဲ့အတူတောက်ပစေမလဲ။ မကြာသေးမီကမှ ထုတ်ပြန်ခဲ့တဲ့ CareerBuilder စစ်တမ်းအရ ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ သူတို့ကိုကြိမ်ဖန်များစွာ မှတ်မိနေမယ်ဆိုရင် အလုပ်ခွင်မှာအချိန်အကြာကြီး နေတတ်ကြတယ်လို့ဆိုပါတယ်။ တခြားတစ်ယောက်ယောက်က ကိုယ့်ကိုကြည့်လိုက်တဲ့အချိန်မှာ 'သူကတော့ ငါယုံကြည်လို့ရနိုင်မယ့်သူတစ်ယောက်ပဲ' á€†á€­á€Żá€á€˛á€ˇ အတွေးမျိုးဖြစ်သွားစေမယ့် ဘယ်လိုမေးခွန်းတွေမေးမလဲ။ á€Ąá€á€Żá€ąá€–ဏယဝပမှဏက်တဏအ ကိုယ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာကို တခြားသူတွေဆီပြသနိုင်ဖို့နဲ့ အသိအမှတ်ပြုတာ၊ အားပေးတာ၊ ယုံကြည်မှုပေးတာတွေကို ဖော်ပြနိုင်မယ့်နည်းလမ်း ၂၄ ခုပဲ ဖြစ်ပါတယ်။ နွေးထွေးမှုနဲ့ အသိအမှတ်ပြုမှုကိုဖော်ပြမယ့် စကားစုငါးခု –    á€’ဎဥဖဟဲ့မှဏ မင်းရှိနေတာဟာ ကြီးမားတဲ့ မတူခြားနားမှုကို ဖြစ်စေပါတယ်။ –    á€™á€„á€šá€¸á€”á€˛á‚”á€Ąá€á€°á€Ąá€œá€Żá€•á€šá€œá€Żá€•á€šá€›á€á€Źá€€ အရမ်းကိုတက်ကြွမှုဖြစ်စေတယ်။ –    á€’ဎဉ်ဝခဉ်န၊ ဒီအခက်အခဲနဲ့ ဒီတာဝန်ကို မင်းကိုင်တွယ်ဖြေရှင်းသွားပုံကို တကယ်သဘောကျမိတယ်။ –    á€„ဍတို့်တဟရဲ့ […]
Posted On February 8, 2019, By Editorial

Developing Creative Thinking

ဖန်တီးနိုင်စွမ်းရှိသော စဉ်းစားခြင်းကိုဖွံ့ဖြိုးစေခြင်း  ပညာရှင် Edward de Bono က စိတ်၏ဖန်တီးနိုင်စွမ်းကို ဖွံ့ဖြိုးအောင် လေ့ကျင့်သင်ယူနိုင်သည်ဟုဆိုသည်။ စနစ်တကျနည်းများသုံး၍ ပေါင်းစုရယူမှုမှာအကောင်းဆုံးဟုဆိုသည်။ ယင်း၏အဆိုအရမှာ ယှဉ်ပြိုင်စဉ်းစားခြင်း (Parallel thinking) ဖြင့် စဉ်းစားနိုင်မှုမှာ ပိုမိုထိရောက်အသုံးချနိုင်သည်ဟု ဆိုသည်။ စနစ်တကျဖန်တီးပြီး ထိရောက်မှုရှိခြင်းမှာ လူတိုင်းဦးနှောက်ကိုအသုံးချပုံသည် သိသည်ဖြစ်စေ၊ မသိဘဲဖြစ်စေတူ၍ဖြစ်သည်။ သိစိတ်မသိစိတ်တို့သည် အချက်အလက်နှင့်သတင်းများကိုစိစစ်ယူခြင်း၊ အမျိုးအစားခွဲခြားခြင်းစသည်တို့ကို စီစဉ်ဖွဲ့စည်းခြင်းလုပ်ကြသည်။ ထို့ကြောင့် မျဉ်းပြိုင်သဘောယှဉ်၍ စဉ်းစားခြင်းဖြင့် လုပ်ငန်းများအတွက် အကျိုးပိုရှိနိုင်သောအဖြေများပိုမိုထွက်ပေါ်ရရှိနိုင်သည်။ စဉ်းစားခြင်းဆိုသည်မှာ လူတစ်ဦးစီက မိမိအတွေးများကိုဖော်ထုတ်ခြင်းပင်ဖြစ်သည်။ ဤသို့လုပ်ခြင်းအားဖြင့် လူတိုင်းသည်ဖြည့်စွက်စဉ်းစားခြင်း၊ ပိုမိုအရာရောက်သော ပူးပေါင်းနိုင်သောလေးနက်သည့် သဘောရှိသောအတွေးရရှိနိုင်သည်။ ဤနည်းလမ်းသည် အခြားသူတစ်ဦး၏အတွေးအခေါ်ကို ဝေဖန်ပြိုင်ဆိုင်ခြင်းထက်ပိုမိုကောင်းသည်။ ဤသို့ဖြစ်လာခြင်း၏ ထူးခြားကောင်းမွန်မှုမှာ ယခင်ကကုမ္ပဏီများအလေးထားယှဉ်ပြိုင်ခဲ့သော အချက်အလက်သတင်း၊ စွမ်းရည်နှင့်နည်းပညာတို့မှာ ယခုခေတ်တွင် အလွယ်တကူရယူနိုင်သည်၊ ဝယ်၍ရသည်။ မိမိ၏ပြိုင်ဘက်အနေဖြင့် လွယ်ကူစွာလက်လှမ်းမီသည်။ […]
Posted On January 30, 2019, By Editorial

ကမ္ဘာ့အချမ်းသာဆုံးသူများရဲ့ အလေ့အကျင့် ၈ မျိုး

ကြွယ်ဝချမ်းသာတယ်ဆိုတာ ကံအကျိုးပေးကောင်းလို့ပါလို့ လူအများကယူဆနေကြပါတယ်။ ချမ်းသာတဲ့မိဘတွေက မွေးလာရတာမျိုး၊ အသုံးတည့်တဲ့ပစ္စည်းတစ်ခုကို တီထွင်ဖြစ်သွားခြင်းမျိုးတွေမှာ ကံကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘာမဆိုအရာရာတိုင်းဟာ ကံကြောင့်ချည်းဖြစ်တယ်လို့တော့မပြောနိုင်ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ အကျင့်စရိုက်အလေ့အထတွေမရှိရင်ရထားတဲ့ဓနဥစ္စာဟာ လွယ်လွယ်လေးနဲ့ သုံးဖြုန်းဖြစ်သွားတတ်တယ်။ တကယ်တော့ ကံကောင်းအောင်အချိန်မရွေးလုပ်ယူလို့ရပါတယ်။ ဥစ္စာဓနကြွယ်ဝချမ်းသာကြသူတွေ ဘယ်လိုလုပ်နေကြသလဲဆိုတာ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ ၁။ အမြဲသင်ယူနေပါ။ Warren Buffett ရဲ့ အောင်မြင်မှုအကြောင်းတရားတွေထဲမှာ သူဟာ အမြဲလေ့လာသင်ယူနေတတ်သူဖြစ်တယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်။ ဘာပဲဖြစ်ဖြစ်တစ်ခုခုကို တတ်မြောက်ကျွမ်းကျင်ဖို့ အနည်းဆုံးအချိန်နာရီ ပေါင်းတစ်သောင်းလိုတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာလည်း အဲဒီလိုပဲအချိန်ယူပြီး လုပ်ရပါတယ်။ Buffett ဟာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ရာမှ ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် သူကစီးပွားရေးလုပ်ငန်းတွေ ကြီးပွားအောင်မြင်ရသလဲဆိုတာကို အမြဲမပြတ်စူးစမ်း လေ့လာတယ်။ ဒီအခက်အခဲတွေကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရတယ်။ သူ့ရဲ့ရင်းနှီးမြှုပ်နှံထားတာတွေကိုဘယ်လိုမနစ်နာရအောင် ကာကွယ်ရမယ်ဆိုတာတွေကို အမြဲလေ့လာသင်ယူတယ်။ အဲဒီလို သင်ယူလေ့လာတဲ့အလေ့အကျင့်ဟာ […]
Posted On January 29, 2019, By Editorial

လူသားအရင်းအနှီး

လူသားအရင်းအနှီး (Human Capital) တွင် လူတို့၏ ဘဝတလျှောက်စုဆောင်းထားသော ဗဟုသုတများ၊ ကျွမ်းကျင် မှုများနှင့် ကျန်းမာခြင်းတို့ပါဝင်ပြီး ယင်းတို့ဖြင့် မိမိတို့၏ စွမ်းရည်များကို သိနားလည်လာစေရန်၊ လူမှုဝန်းကျင်ရှိ လူသားများအတွက် လုပ်ဆောင်နိုင်မှုစွမ်းရည်များကို ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် အကျိုးပြုသူများအဖြစ် ရပ် တည်လာနိုင်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆုံးစွန်ဆင်းရဲနွမ်းပါးမှုများကို အဆုံးသတ်စေရန်၊ လူသားအရင်းအနှီး (Human Capital) ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ပိုမိုပူးပေါင်းပါဝင်သည့်လူမှုဝန်းကျင်ကို ဖန်တီးနိုင်လာကြရမည်ဖြစ်သည်။ ယင်းသည် လူသားများ၏အာဟာရ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အရည်အသွေးပြည့်ဝသည့်ပညာရေး၊ အလုပ်အကိုင်များနှင့် ကျွမ်းကျင်မှုများတို့အတွက် ရင်းနှီးမြှုပ်နှံရန်လိုအပ်လာခြင်းဖြစ်ပါသည်။           ယနေ့ကမ္ဘာတစ်ဝန်း လူသားအရင်းအနှီးဖွံ့ဖြိုး တိုးတက်မှုများတွင် ပိုမိုလုပ်ဆောင်လာနေကြသည်ကို တွေ့ မြင်ရမည်ဖြစ်၏။ လူသားအရင်းအနှီး (Human Capital) ဖွံ့ဖြိုးမှုမရှိသည့် တိုင်းပြည်များသည် စီးပွားရေး ဖွံ့ဖြိုးမှုရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အနာဂတ်တွင်ပိုမိုမြင့်မားသည့် […]
Posted On January 24, 2019, By Editorial