advertisement-image
Articles

အရှေ့တောင်အာရှဒေသတွင်းမှာ Cybersecurity expert တွေ ရှားပါး

အဖွဲ့အစည်းအမျိုးမျိုးဟာ ပိုမိုရှုပ်ထွေးနက်နဲလာတဲ့ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေခံနေရပြီး ဒါတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း အနိုင်နိုင်ကြိုးစားနေကြရတာဖြစ်ပါတယ်။ ဒါအပြင် ဒီလိုကိစ္စတွေကိုဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင်သူတွေဟာလည်း ပြတ်လတ်နေပြီး ရှာဖွေရခက်နေတာဖြစ်တယ်လို့ ကမ္ဘာတစ်ဝန်းဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ Fortinet က ထုတ်ပြန်ပါတယ်။ Fortinet ရဲ့ အာရှဒေသဆိုင်ရာ Marketing & Communications ဌာနက Vice-President Rashish Pandev ကတော့ အခုဆိုရင် ဆိုက်ဘာြခိမ်းခြောက်မှုကဏ္ဍမှာ အပြောင်းအလဲတွေဖြစ်နေတာကိုတွေ့ရပြီး ခြိမ်းခြောက်မှုတွေကလည်း ပိုမိုအကြမ်းဖက်တဲ့သဘောရောက်လာကာ သူတို့ရဲ့ပစ်မှတ်တွေလည်း ပြောင်းလဲလာတာကိုတွေ့ရကြောင်းပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ်မှုအသစ် (ransomware) တွေကလည်း ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေကိုသုံးလာကြပြီး အဲဒီအထဲမှာ Data တွေကို ပြန်ဆယ်မရအောင်ဖျက်ဆီးပစ်တဲ့နည်းတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံခြား စီးပွားရေး/နိုင်ငံရေး/နည်းပညာ – စသဖြင့် ဖျက်ဆီးအဆက်ပြတ်ဂယက်ထအောင်လုပ်တဲ့နည်းတွေ၊ ငွေရေးကြေးရေးအတွက်မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှောက်ယှက်ဖျက်ဆီးမှုတွေအထိ ပုံစံမျိုးစုံနဲ့ရှိနေပါတယ်? Remote Working အခြေအနေကြောင့်ရော၊ Network ပိုင်းမှာရော၊ […]
Posted On July 17, 2022, By Editorial

Bill Gates ၏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအလှူ

Bill Gates အနေဖြင့် သူ၏ကြွယ်ဝချမ်းသာမှုမှ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအား Bill and Melinda Gates Foundation သို့ လှူဒါန်းမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါဖောင်‌ဒေးရှင်းအနေဖြင့် လက်ရှိတွင် ကမ္ဘာအနှံ့ပြန့်ပွားသောရောဂါများတိုက်ဖျက်ရန်နှင့် ယူကရိန်းစစ်ပွဲကြောင့်ကြုံတွေ့ရဖွယ်ရှိသည့်စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အထူးအားထုတ်ဆောင်ရွက်လျက်ရှိပါသည်။ Bill and Melinda Gates Foundation သည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးပရိဟိတအလှူရှင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး COVID-19 မတိုင်မီအချိန်ထက် လှူဒါန်းမှုကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကာ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၉ ဘီလီယံထိ ပေးလှူမည်ဟုဆိုလေသည်။ အလှူငွေကိုအဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ကျားမတန်းတူအခွင့်အရေးရရှိရေးနှင့် ပညာရေးဆိုင်ရာကိစ္စများကို ပိုမိုဦးစားပေးမည်ဖြစ်ပါသည်။  Bill and Melinda Gates Foundation ကို Bill Gates […]
Posted On July 16, 2022, By Editorial

ဝန်ထမ်းသစ်ငှားရမ်းခြင်းလျှော့ချနေတဲ့ Google

Alphabet & Google တို့ရဲ့ CEO Sundar Pichai ၏ အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သော ရုံးတွင်းအမိန့်စာအရ အနာဂတ်ကမ္ဘာ့စီးပွားရေးအခြေအနေကို မျှော်မှန်းရန်ခက်ခဲသဖြင့် ဈေးကွက်စိန်ခေါ်မှုကို လျင်လျင်မြန်မြန် တုန့်ပြန်ရန်၊ ထိထိရောက်ရောက်အာရုံစူးစိုက်လုပ်ဆောင်ရန်နှင့် ယခင်ကထက် ပိုမိုခွန်အားထည့်လုပ်ကိုင်ရန်လိုအပ်ကြောင်း အသိပေးထားလေသည်။ ထိုအထဲတွင် ဝန်ထမ်းသစ်ငှားရမ်းခြင်းကို ယခုနှစ်ကုန်သည်အထိ ဆိုင်းငံ့ထားရန်နှင့် ရင်းနှိးမြှုပ်နှံမှုများကို ပြန်လည်ဆန်းစစ်ရန်လည်း ပါရှိလေသည်။ ဤသည်မှာSilicon Valley ရှိနည်းပညညဆိုင်ရာ ကုမ္ပဏီကြီးများအနေဖြင့် အခက်အခဲများရင်ဆိုင်နေရကြောင်းသိသာထင်ရှားလေသည်။ လက်ရှိတွင် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet Inc အနေဖြင့် ယခုနှစ်မတ်လကုန်အထိ အချက်အလက်များအရ ယခင်နှစ်နှင့်စာလျှင် ဝန်ထမ်း နှစ်သောင်း ပိုမိုရှိလာပြီး စုစုပေါင်း ဝန်ထမ်း ၁၆၃၉၀၆ ဦိးရှိလေသည်။ လက်ရှိအခြေအနေတွင် Netflix ၊ Coinbase နှင့် လျင်မြန်စွာကြီးထွားလာသည့် Gopuff […]
Posted On July 16, 2022, By Editorial

အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ Messaging App များကို အသုံးပြုခြင်း : David Tse (Senior Director, APAC, Rakuten Viber)

အာရှပစိဖိတ်ဒေသတွင်း Viber Team ကို ဦးဆောင်နေသူ David Tse (Senior Director, APAC, Rakuten Viber) က CEO စာဖတ်ပရိသတ်တွေကို Messaging Application တွေကို မိမိတို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုမျိုးပေါင်းစပ်အသုံးပြုကာ ဖောက်သည်တွေနဲ့ အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာ စီးပွားရေးလုပ်ငန်းနဲ့ သူတို့ရဲ့ဖောက်သည်တွေကြား အပြန်အလှန်ချိတ်ဆက်မှုတွေမှာ လုံခြုံမှုအပြည့်အဝရှိစေမယ့် Viber ရဲ့ Privacy Feature တွေကဘာတွေလဲဆိုတာ မြန်မာနိုင်ငံနဲ့ အာရှပစိဖိတ်ဒေသတွင်း‌ဈေးကွက်အပေါ် Viber ရဲ့ အမြင်နဲ့ အနာဂတ်ဈေးကွက်နည်းဗျူဟာတွေကဘာတွေဖြစ်မလဲဆိုတာ တွေကို ဖြေဆိုပေးထားပါတယ်။ David Tse ဟာ Viber ရဲ့ အာရှပစိဖိတ်ဒေသတွင်းလုပ်ငန်းအဖွဲ့ကိုဦးဆောင်ကာ မိတ်ဖတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ နေ့စဉ်တိုးပွားလာအောင်လုပ်ဆောင်နေတဲ့ Busienss Development ၊ Marketing ပိုင်းက […]
Posted On July 1, 2022, By Editorial

ဘယ်အချိန်မှာအလုပ်ထွက်သင့်သလဲ

တစ်ခါတစ်ရံမှာ လူဟာနေ့စဉ်လုပ်ငန်းဆောင်တာထဲနစ်မြုပ်နေပြီး အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ဟာ သင့်အတွက် အခွင့်အလမ်းတွေရှိနေဆဲလား၊ ဒါမှမဟုတ် လမ်းဆုံးရောက်နေတဲ့အခြေအနေလား … လက်ရှိအလုပ်မှာ ဆက်နေသင့်လားမနေသင့်လား စသဖြင့် ဝေခွဲမရဖြစ်တတ်ပါတယ်။ လူတွေနဲ့ဆက်ဆံလုပ်ကိုင်နေရတဲ့အလုပ်တွေဖြစ်တာကြောင့် ဆက်သွယ်ပြောဆိုမှုပိုင်းက အဖုအထစ်တွေဆိုတာမျိုး၊ ငွေကြေးနဲ့ တစ်စုံတစ်ရာသော အမြတ်အစွန်းအတွက် အလေးထားရတဲ့ စီးပွားရေးတွေဖြစ်တဲ့အတွက် စိန်ခေါ်မှု၊ အခက်အခဲတွေ၊ ဖောက်သည်တွေရဲ့ Complaint တွေဆိုတာမျိုး … ကြီးကြီးသေးသေးရော အမျိုးအမည်ရောစုံလင်လှတဲ့ အမှားနဲ့ သင်ခန်းစာတွေဆိုတာမျိုးကလည်း မလွဲမသွေရှိနေမှာပါပဲ။ လူတိုင်းတော့ လက်ရှိအလုပ်တိုင်းမှာ ပျော်နေကြတာမဟုတ်ပေမယ့် နေ့စဉ်အလုပ်ခွင်ဟာ သင့်ကို စိတ်လှုပ်ရှား စိတ်ထက်သန်မှုနဲ့ စိတ်အားတက်ကြွမှု၊ အလုပ်လုပ်နေရတာကို လုပ်နေရမှန်းမသိ တစ်နေ့တာဟာ ပြည့်ဝသက်ဝင်နေမှုတွေ ပေးနိုင်နေရဲ့လားဆိုတာကိုတော့ ခဏရပ်တန့်စဉ်းစားကြည့်သင့်ပါတယ်။ အခက်အခဲနဲ့ တာဝန်ယူရမှုတွေတိုးလာတိုင်း နောက်ဆုတ်ထွက်ပြေးသင့်တယ်လို့ပြောနေတာမဟုတ်ပါဘူး။ လူတိုင်းက အလုပ်ဆိုတာကို ငွေကြေး၊ ရာထူး၊ ဘဝတိုးတက်ရာတိုးတက်ကြောင်း၊ မိမိရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒိုးဆက်တစ်ခုချင်းဆီဆက်နေသလို […]
Posted On June 21, 2022, By Editorial

အလုပ်အင်တာဗျူးတွေသွားတဲ့အခါ သတိထားရမယ့် အရေးကြီး သတိပေးချက် ၁၀ ချက်

အလုပ်သစ်တစ်ခုကိုလက်မခံခင် ဒီအလုပ်က တကယ်ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို ဘယ်သူကမှ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးတွေသွားတဲ့အခါမှာ အခုဖော်ပြပေးမယ့် သတိပေးချက်တွေကို သတိထားဆန်းစစ်ကာ သင့်အနေနဲ့ အလုပ်တွေကိုရွေးချယ်မယ်ဆိုရင် တတ်နိုင်သလောက် မကောင်းတဲ့အလုပ်ရှင်/လုပ်ငန်း/ကုမ္ပဏီတွေ ကို စစ်ထုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အင်တာဗျူးဖြေဆိုနေစဉ်အတွင်းမှာ နိုးနိုးကြားကြားရှိနေပြီး သတိပေးချက်တွေကို ရှာဖွေနားထောင်မယ်၊ သင့်ကို ဘယ်လို အင်တာဗျူးတယ် (သင့်ကို ဘယ်နှကြိမ်ဘယ်သူတွေကခေါ်တွေ့မေးမြန်းတယ်၊ ဘာတွေဖြေရတယ်၊ သူတို့က အဲဒီအချိန်အတွင်း ကိုယ်ဟန်အနေအထားဘယ်လိုရှိတယ်၊ သူတို့အချင်းချင်းဆက်ဆံကြတဲ့ပုံတွေက ဘယ်လိုပုံဖော်နေသလဲ စသဖြင့်)ဆိုတာသတိထားမယ်၊ သင်ကိုယ်တိုင်လည်း နောက်ဆက်တွဲမေးခွန်းတွေ ပြန်မေးတတ်မယ်၊ သင်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကို ဘယ်လောက်ထိသိအောင် ကြိုတင်လေ့လာထားပြီးဖြစ်သလဲ … စတဲ့အချက်တွေဟာ သင့်ကို အလုပ်အရွေးမမှားအောင် ထိုက်သင့်သလောက် ကာကွယ်ပေးပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ သင်အင်တာဗျူးဖြေဆိုမှုတွေလုပ်နေတုန်း သတိထားစောင့်ကြည့်ရမယ့် သတိပေးချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အင်တာဗျူးတွေဆိုတာက […]
Posted On June 17, 2022, By Editorial

ဖုန်းအဟောင်းတစ်လုံးကို ဒီအချက် ၆ ချက် မလုပ်ပြီးမချင်း မပစ်ထုတ်လုပ်ပါနဲ့ဦး

သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ၊ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက  အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိူး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုးလုပ်ချင်မှာပါ။ ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။ ၁။ ဖုန်းအဟောင်းကို back up လုပ်ပါ ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။ ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခုမဖြစ်သွားခင် / မမျှော်လင့်တဲ့အခြေအနေတစ်ခုမရောက်သွားခင် သင့်ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ Document တွေနဲ့ သီချင်း၊ မှတ်စု စတာတွေကို ပုံမှန် တစ်လတစ်ခါ၊ […]
Posted On June 16, 2022, By Editorial

Edison ရဲ့ အိုင်ဒီယာဝေစု

အိုင်ဒီယာတွေအများအပြားရှိနေတာက အိုင်ဒီယာလက်တစ်ဆုပ်စာလောက်ပဲရှိနေတာထက် ပိုမိုအရေးပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ နောက်ခံသမိုင်း Thomas Alva Edison က အိုင်ဒီယာကောင်းတစ်ခုရရှိဖို့ဆိုရင် သင့်အနေနဲ့ အိုင်ဒီယာထွက်နိုင်သမျှ များများထွက်အောင် လုပ်နိုင်ရမယ်ဆိုတာကို နားလည်ခဲ့သူတစ်ဦးပါ။ သူဟာ တီထွင်ဖန်တီးသူ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဓာတ်စက်၊ မီးသီး၊ အားသွင်းဘက်ထရီနဲ့ ရုပ်ရှင်ပရိုဂျက်တာကိုပိုကောင်းအောင်အဆင့်မြှင့်တင်ခြင်း စတာတွေအပါအဝင် ဖန်တီးမှုများစွာလုပ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Electric ဆိုတဲ့ ကုမ္ပဏီကို Charles A. Coffin ၊ J.P. Morgan တို့နဲ့အတူ ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Edison က ဘာကို သွားမြင်မိသလဲဆိုတော့ အိုင်ဒီယာကောင်းတွေဆိုတာက အလိုအလျောက်ရလာတတ်တဲ့အမျိုးမဟုတ်ဘူးဆိတာပါပဲ။ ဒါကြောင့်သူဟာ သူ့ကိုယ်သူအတွက်ရော၊ သူ့ဝန်ထမ်းတွေအတွက်ပါ အိုင်ဒီယာဝေစုကို သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကိုယ်သူအတွက် သတ်မှတ်ထားတဲ့ ဝေစုကတော့ ဆယ်ရက်တစ်ခါ တီထွင်ဖန်တီးမှု […]
Posted On June 16, 2022, By Editorial

ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံး စာရင်းထဲ ထိပ်ဆုံးပြန်ရောက်လာတဲ့ Uniqlo ပိုင်ရှင်

Uniqlo လက်လီအရောင်းဆိုင်ခွဲများလုပ်ကိုင်နေတဲ့ Fast Retailing Co ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ  Tadashi Yanai က ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ပြန်ရောက်လာပါတယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းကြောင့် Tadashi Yanai ရဲ့ ပိုင်ဆိုင်မှုတွေ အတော်လေးလျော့ကျသွားခဲ့တယ်ဆိုပေမယ့်လည်း သူဟာ Forbes Asia ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဂျပန်မှာအချမ်းသာဆုံး ၅၀ စာရင်းထဲမှာ ထိပ်ဆုံးကပါလာတာပါ။ Forbes Asia အရ Yanai ရဲ့ ပိုင်ဆိုင်မှုပမာဏ ၄၄ ရာခိုင်နှုန်း (၂၃.၆ ဘီလီယံဒေါ်လာ) လောက် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဓိကကတော့ဂျပန်ပြည်တွင်းနဲ့ တရုတ်နိုင်ငံအတွင်း အရောင်းနှေးကွေးခြင်းရဲ့ရလဒ်တွေပါ။ ဒီလိုမျိုး သူကြွယ်တစ်ဦးချင်းစီရဲ့ ကြွယ်ဝမှုကျဆင်းခြင်းကြောင့် ဂျပန်နိုင်ငံက အချမ်းသာဆုံး အယောက်  ၅၀ ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏတွေက ၃ […]
Posted On June 7, 2022, By Editorial

Elon Musk က Tesla ရဲ့ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းခန့် လျှော့ချချင်

ရိုက်တာသတင်းဌာနအရ Elon Musk အနေနဲ့ စီးပွားရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်စိတ်ရှိနေပြီး လျှပ်စစ်ကားထုတ်လုပ်တဲ့ သူ့ရဲ့ကုမ္ပဏီ Tesla ကနေ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက်လျှော့ချဖို့လိုအပ်တယ်လို့ပြောကြောင်းသိရပါတယ်။ ဒီသတင်းက Elon Musk က Tesla ရဲ့ဝန်ထမ်းတွေအကုန်လုံးကိုမဖြစ်မနေ အလုပ်ပြန်တက်ရမယ်လို့ပြောအပြီး နောက် ၂ ရက်အကြာမှာထွက်လာခဲ့တာပါ။ Tesla မှာက ဝန်ထမ်းပေါင်း ၁သိန်းလောက်ရှိတာဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်ကုန်ပိုင်း နှစ်ပတ်လည် SEC Filing အရ သိရပါတယ်။ ခုအချိန်အထိတော့ Tesla က ဒီကိစ္စနဲ့ပတ်သက်လို့မှတ်ချက်မပေးနိုင်သေးပါဘူး။ ရိုက်တာသတင်းဌာနက တွေ့ခွင့်ရထားတဲ့ Musk ရဲ့ ကမ္ဘာတစ်၀ှမ်း ဝန်ထမ်းသစ်ခေါ်ခြင်းကို ရပ်တန့်ထားပါဆိုတဲ့ခေါင်းစဉ်နဲ့  Email ထဲမှာတော့ သူက သူ့အနေနဲ့ စီးပွားရေးအခြေအနေကို အတော်လေးစိုးရိမ်ပူပန်နေတယ်ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။ ယခုသီတင်းပတ်အစောပိုင်းတုန်း အင်္ဂါနေ့တုန်းက Musk […]
Posted On June 5, 2022, By Editorial