News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များတွေ့ဆုံပွဲ
Editorial
November 18, 2013
Interview
Profile
၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်သက်တမ်းသာရှိသေးတဲ့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ရဲ့ ပထမဆုံးအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ) မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို UMFCCI ဥက္ကဋ္ဌနဲ့ အသင်းဝင်တွေ၊MYEAအဖွဲ့ဝင်လူငယ်တွေ၊ လူငယ်လုပ်ငန်းရှင် တွေနှင့် စိတ်ပါဝင်စားသူ လူငယ်တွေတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူအချို့နဲ့ တွေ့ဆုံမေးမြန်း ခဲ့တာတွေ ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
ဦးဝေဖြိုး ဥက္ကဋ္ဌ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အာဆီယံတရုတ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ကြီး (Asean-China Young Entrepreneurs Association) အသင်းကြီးထူထောင်ရေးမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့ ကုန်သည်/ စက်မှု အသင်းချုပ်ကို ကမ်းလှမ်းလာပါတယ်။ အဲဒီလိုကမ်းလှမ်းရာ မှာ ကုန်သည်/ စက်မှုအသင်းချုပ်ကလည်း မြန်မာနိုင်ငံမှာ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ရှိသင့်တယ်ဆို ပြီး ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ လူ ၄၅ ဦးပါတဲ့Myanmar Young Entrepreneurs Association (MYEA) ကို စတင် ဖွဲ့စည်းခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကာလနဲ့အညီ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကုမ္ပဏီအက် ဥပဒေ ၂၆ အရ မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းကို စတင်တည် ထောင်ခဲ့ပါတယ်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျောရိုးလို့ တင်စားဖော်ပြလျက်ရှိပါတယ်။ သတိထား ရမှာကတော့ ဘယ်စီးပွားရေး လုပ်ငန်းမဆို စွန့်ဦးတီထွင်သူ တစ်ဦးရှိမှသာ အသက်ဝင်ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် ကျောရိုးဖြစ်မယ်ဆိုရင် ကျွန်တော်တို့စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေဟာ အသက်သွေးကြောပဲဖြစ်ပါတယ်။ အသင်းအနေနဲ့ ကဏ္ဍတစ်ခုချင်းစီအလိုက် အံဝင်ခွင်ကျဖြစ်တဲ့ ဝန်ဆောင်မှုတွေကိုပေးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီလိုစီစဉ်ဆောင်ရွက်တဲ့အခါ မှာလည်း မဏ္ဍိုင်ကြီးနှစ်ခုထားပါတယ်။ ပထမမဏ္ဍိုင်ဟာ ပညာပေးခြင်း၊ ဒုတိယမဏ္ဍိုင် ဟာ ပံ့ပိုးကူညီခြင်းစတာ တွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်း ရှင်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့သာမက အပြည်ပြည် ဆိုင်ရာ နယ်ပယ်တွေမှာလည်း ပါဝင်လှုပ်ရှားနေပါတယ်။
ဦးမျိုးသိင်္ခ Sales Manager Zifam Pinnacle Team Zifam Pinnacle Pty Ltd ကျွန်တော်ကMYEA ရဲ့ အသင်းသားတစ်ဦးဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးက အင်မတန် ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ရေ ရှည်ယှဉ်ပြိုင်နိုင်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံရဲ GDP တိုးတက်ဖို့ပဲ ဖြစ်ဖြစ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းတွေက အလွန်အရေးပါ တယ်လို့ ယူဆမိပါတယ်။ အခုလက်ရှိမြင်တွေ့နေရတဲ့အတိုင်း ကမ္ဘာ့စီးပွားရေးမှာ ဦးဆောင်ပါဝင်နေတဲ့ အောင်မြင်တဲ့နိုင်ငံ တွေမှာ လုပ်ငန်းရှင်တွေဟာ လူငယ်စွန့်ဦးတီထွင်သူ (Young Entrepreneurs) တွေ တော်တော်များတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ တီထွင်ဆန်းသစ်တဲ့အိုင်ဒီယာ(Innovative Ideas) ရှိသူတွေဖြစ်သလRisk ကိုလည်းယူ ရဲတဲ့သတ္တိရှိသူတွေဖြစ်ပါတယ်။ အဲဒီအရည်အချင်းတွေပေါင်း စပ်ထားတဲ့အခါကျတော့ သူတို့ရဲ့လုပ်ငန်းတွေက အလွန်အောင်မြင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တီထွင်ဆန်းသစ် မှုရှိတဲ့ ထုတ်ကုန်တွေထွက်လာတာဖြစ်ပါတယ်။ အဲဒီလိုထုတ်ကုန်တွေကိုလည်း သူတို့တွေကပဲ တီထွင်နိုင် တာဖြစ်ပါတယ်။ ဒါကြောင့်ရှေရှည်မှာဆိုရင်တော့ နိုင်ငံတစ်ခုမှာ လူငယ်စွန့်ဦးတီထွင်သူတွေ များလာလေလေ အဲဒီနိုင်ငံက ပိုပြီးချမ်းသာလေလေဖြစ်ပြီး ကမ္ဘာမှာ ဂုဏ်တင့်တင့်တယ် တယ်နဲ့ ရပ်တည်နိုင်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲကိုလာတက်တဲ့အခါမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်း ကိုအောင်မြင်အောင် ဦးဆောင်လုပ်ကိုင်နေသူတွေဆီကနေ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စကားတွေ ကြားချင်လို့ လာ တက်တာ ဖြစ်ပါတယ်။ အဲဒီလိုကြားရတဲ့အခါမှာ လာတက် တဲ့သူတွေအနေနဲ့ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေရှိလာပြီး Risk ကိုလည်း ယူရဲလာမှာဖြစ်သလို လုပ်ငန်းတွေကိုအောင် မြင်အောင် လုပ်ကိုင်နိုင်လာလိမ့်မယ်လို့ ယူဆမိပါ တယ်။ နောက်တစ်ချက်က အစိုးရက ကျောထောက် နောက်ခံအနေနဲ့ ဒီလိုအဖွဲ့အစည်းမျိုးကိုလုံးဝအားပေး သင့်တယ်လို့ မြင်ပါတယ်။ အခုလက်ရှိ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းတွေကို အားပေးနေတဲ့နိုင်ငံတွေမှာလည်း ကျွန်တော် သိရသလောက်၊ မြင်ရသလောက်ကတော့ အဲဒီလို လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို အစိုးရက မြေတောင် မြှောက်ပေးတယ်။ တိုးတက်အောင်လုပ်ပေးတယ်။ ရှေ့ကနေ စီးပွားရေးလမ်းခင်းပေးပြီး သူတို့ရဲ့ စီးပွားရေးကို အကာ အကွယ်ပေးတာမျိုးကို တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ကာကွယ်တာ နဲ့အတူတူပဲလို့ မြင်မိပါတယ်။ MYEAဖွဲ့စည်းတာ တစ်နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ တကယ်တော်တဲ့လူတွေ ဦးဆောင်နေတဲ့အတွက် ဥက္ကဋ္ဌပြောသွားတဲ့အတိုင်းပဲ နောင်လာနောက်သားလူငယ် တွေကို ဆွဲခေါ်သွားမယ်၊ ကြပ်မတ်သွားမယ်၊ အကြံဉာဏ် ပေးသွားမယ်ဆိုတော့ တကယ့်ကိုအားရစရာဖြစ်ပါတယ်။
ဒေါက်တာအောင်ပြည့်ဖြိုး Director Multiforce Travels & Tours ဒီလိုပွဲမျိုး ကျင်းပတာကောင်းပါတယ်။ ဘာကြောင့်လဲဆို တော့ လူငယ်တွေ ဒီမှာလာပြီးတွေ့ဆုံရသလို ဆွေးနွေးသွား တဲ့အကြောင်းအရာတွေကလည်း လုပ်ငန်းစတင်လုပ်ကိုင် မယ့်သူတွေအတွက် အသုံးဝင်မယ်လို့ မြင်ပါတယ်။ အခု ချက်ချင်းအသုံးဝင်တာမျိုးမဟုတ်ပေမယ့် နောက်ပိုင်း ကိုယ် လုပ်ငန်းလုပ်ကိုင်တဲ့အခါ တစ်နည်းနည်းနဲ့ အသုံးဝင်လာမှာပါ။ လုပ်ငန်းလုပ်မယ်ဆိုရင်တော့ အဓိကက Networkု ဖြစ်တဲ့အတွက် ဒီအဖွဲ့ထဲဝင်လိုက်တဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်း အတွက် Network ရမှာဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးသွား တဲ့သူတွေက လက်ရှိမှာ တကယ်လုပ်ငန်းလုပ်ကိုင်အောင် မြင်နေသူတွေဖြစ်သလို သူတို့ရဲ့အကြံဉာဏ်တွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ဆွေးနွေးသွားတဲ့အတွက် လူငယ်တွေ အတွက် အကျိုးရှိတဲ့ပွဲတစ်ခုလို့ မြင်ပါတယ်။ မနန်းအိကလျာနိုင် ကျွန်မရဲ့အလုပ်အကိုင်က အခု ဆိုင်ဖွင့်ထားပါတယ်။ ဒီလို တွေ့ဆုံပွဲမျိုး လုပ်ပေးတာ ကောင်းပါတယ်။ ဘာလို့လဲဆို တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားနေတဲ့လူငယ်တွေ အတွက် ပိုပြီးတော့ အလုပ်လုပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ အောင်မြင်ပြီးသားလူကြီးတွေက ကိုယ့်တိုင်းပြည်ရဲ့ New Generation တွေကို လက်တွဲခေါ်သလိုလည်း ဖြစ်ပါတယ်။ ဒီလိုအသင်းကို ဝင်ခြင်းအားဖြင့် Networkလည်း ကျယ် လာမယ်။ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့တိုင်းပြည်အတွက်လည်း တစ်တပ်တစ်အား ပိုပြီးတော့ အင်တိုက်အားတိုက်နဲ့ ပါဝင် လှုပ်ရှားလို့ ရပါတယ်။ ကျွန်မက ဒီနေ့မMYEA မှာ အသင်းဝင်မှာပါ။ အရင်တုန်းကတော့MWEA အသင်းဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူငယ်ချင်းတွေကလည်း ဒီမှာအသင်းဝင်ဖို့အတွက် အကုန်လုံးက လာပါဆိုပြီး ကမ်းလှမ်းတဲ့အတွက် စိတ်ဝင်စားပြီးလာတာပါ။
ဒေါ်သင်းသင်းဆက် တွဲဖက်အတွင်းရေးမှူး (၂) မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း လုပ်ငန်းစမယ့်သူတွေအတွက်ကို ပထမဆုံးက အသင်းဝင် အဖြစ်နဲ့ စပြီး စုဆောင်းနေပါတယ်။ ကျွန်မတို့အသင်းထဲ မှာကလည်း လူငယ်လုပ်ငန်းရှင်တွေ စုဆောင်းထားပြီးသား အသင်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါမှာ အကြံဉာဏ်တွေ ဖလှယ်နိုင်တယ်။ နယ်ပယ်ပေါင်းစုံက လုပ်ငန်းရှင်တွေရှိတယ်။ ဥပမာဆိုကြပါစို့ အခုမှ လုပ်ငန်း စချင်တဲ့သူတစ်ယောက်ကို ကျွန်မတို့အနေနဲ့ ဘယ်လိုလုပ်ငန်း ကိုထူထောင်နိုင်သလဲဆိုတာကို နံပါတ်တစ်က အကြံဉာဏ် ပိုင်းဆိုင်ရာဆွေးနွေးပါတယ်။ နံပါတ်နှစ် Expert Opinion လို့ခေါ်တဲ့ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြီးပေးတဲ့ Expertise Experience ပေါ့။ ပြီးရင် လုပ်ငန်းကိုဘယ်လိုသွားရမလဲဆို တဲ့လမ်းညွှန်မှု၊ Opinion တွေပေးပါတယ်။ ဒီလိုမျိုးအတွေ့ အကြုံတွေဆိုတာကလည်း ပြင်ပမှာရှိနိုင်တဲ့Resource တွေ ထက်ကို အတွင်းမှာကျတော Sector ပေါင်းစုံက Resource တွေရှိတယ်။Technical Resource ကတော့ ကိုယ်က လုပ်ချင်တဲ့အတွက် ကိုယ်ဟာကိုယ် ရှာရမှာ ပေါ့။ ပြီးရင်Financial Resource နဲ့ပတ်သက်ပြီး ရနိုင်မယ့် အကူအညီ တွေကို အသင်းအနေနဲ့ အစွမ်းကုန်ကြိုး ပမ်းအားထုတ်နေပါတယ်။ အနာဂတ်မှာတော့ အများကြီးအကူအညီပေးနိုင်လိမ့် မယ်လို့ထင်ပါတယ်။ အခုလောလောဆယ်မှာတော့ အသင်းသားရဲ့အကျိုးကျေးဇူးအတွက်ကို ကျွန်မတို့တာဝန်ယူဦးစား ပေးပြီး ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ပေးနေပါတယ်။ ဒီပွဲရဲ့ Networkု က ဘယ်လောက်ထိ ကျယ် ပြန့်မလဲဆိုတာကတော့ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဒီ အသင်းထဲကို လာတဲ့သူတွေကိုက Profile အသီးသီးနဲ့ လာကြတာဆိုတော့ ဒီအထဲမှာ အသင်းဝင်အချင်းချင်းရဲ့ Network ကိုက တစ်ယောက်နဲ့တစ်ယောကLearningလုပ်လို့ရမယ်။ အသင်းဝင်အချင်းချင်း တွေ့ဆုံပွဲနေ့ဖြစ် တဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့စိတ်ကူးစိတ် သန်း၊ အတွေ့အကြုံတွေကို အချင်းချင်း ဆွေးနွေးဖလှယ် ခွင့်ရမယ်။ ဒီဟာကလည်း အပြင်မှာမရနိုင်ဘဲ ကျွန်မတို့ အသင်းထဲမှာပဲ ရနိုင်တဲ့ Networkingအဆက်အသွယ် တစ်ခုပဲလို့ ကျွန်မ မြင်ပါတယ်။ ကျွန်မတို့ အသင်းကို ဝင်ထားတယ်ဆိုရင် စွန့်ဦး တီထွင်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ ပတ်သက်တဲ့ အစည်း အဝေးပွဲတွေ၊ သင်တန်းတွေ၊ ပြည်ပမှာ Conference တွေ ရှိတယ်ဆိုရင် အဲဒါတွေကို ကျွန်မတို့က အသင်းသားတွေ ကို အကြောင်းကြားပေးတယ်။ အသင်းသားတွေထဲက စိတ် ပါဝင်စားတဲ့သူတွေရှိတယ်ဆိုရင် ကျွန်မတို့ အင်တာဗျူး လုပ်ပြီးတော့ ဒီသင်တန်းတွေကို စေလွှတ်ပေးပါတယ်။
ကိုသူရိန်အောင် အလုပ်အမှုဆောင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒီအသင်းမှာ ကျွန်တော်က အသင်းဝင်လည်း ဟုတ်ပါတယ်။ EC လည်း ဟုတ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့Training တွေပေးတာ များပါတယ်။ လုပ်ငန်းလုပ်သင့်တယ်၊ ဒါမှ မဟုတ်ရင်လည်း သူလုပ်ချင်တဲ့Idea ရှိရင် ဘယ်လိုအခက် အခဲတွေရှိလဲ၊ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရ မလဲဆိုတာတွေကို MYEA အသင်းတွေမှာ တချို့ဝါရင့် ပုဂ္ဂိုလ်ကြီးတွေရှိတဲ့အတွက် သူတို့ကနေပြီး ဝိုင်းဝန်းအကြံပြု ပေးကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လူငယ်တွေကို ဝိုင်းပြီး ပျိုးထောင်ပေးချင်တဲ့ ရည်ရွယ်ချက်နMYEA ကို ဖွဲ့စည်းထားတာပါ။Training ပေးတာက အစုံပါပဲ။ သူတို့ မှာSpeaker တွေရှိတယ်။ ပြည်တွင်းကSpeakerရော၊ နိုင်ငံခြားကSpeaker ရော လာတဲ့အချိန်မှာSeminar တွေလုပ်တယ်။Management Skillနဲ့ပတ်သက်ပြီး Business မှာ လိုအပ်တဲ့Skill တွေအလိုက်Trainingတွေ ပေးပါတယ်။ Member Day မှာဆိုရင် အခုမြန်မာနိုင်ငံမှာ တကယ့်ကို အောင်မြင်နေတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် ကိုအောင်ဇော်နိုင်၊ ကိုဝေဖြိုးတု့ိလို ကုမ္ပဏီပိုင်ရှင်တွေက သူတို့ရဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့အမြင်တွေကို လူငယ် တွေကို ရှင်းပြပြီးတော့ ဘယ်လိုကျော်လွှားလာခဲ့ရတယ်၊ ဘယ်လိုကြိုးစားပြီး လုပ်လာခဲ့တယ်ဆို တာတွေကို ပြောပြ ပေးသွားမှာဆိုတော့ အင်မတန်ကို ကောင်းပါတယ်။ အဲဒီ လိုမျိုး Activity လေးတွေ တောက်လျောက်လုပ်သွားဖို့ လည်းရှိပါတယ်။ တခြားနိုင်ငံတွေမှာလည်း Young Entre-preneurs Association တွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ အဲဒီက လူငယ်လုပ်ငန်းရှင်တွေလာရင် ဒီဘက်က လူငယ် လုပ်ငန်းရှင်တွေနဲ့ မိတ်ဆက်ထိတွေ့ပြီးတော့ လုပ်ငန်းတွေ ပူးပေါင်းပြီး လုပ်ကိုင်လို့ရအောင် Business Matching လိုမျိုးတွေ သူတို့လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်
Posted On August 11, 2022, By Editorial
JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး
Posted On August 6, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း