You Are Not So Smart ရေးသူ - David McRaney စာမျက်နှာပေါင်း - ၃၂ဝ မျက်နှာ ထုတ်ဝေသူ - Gotham; Reprint Edition အရွယ်အစား - 7.4" _4.9" _1" ထုတ်ဝေသည့်နေ့ - ၆-၁၁-၂ဝ၁၂ ISBN-10:1592407366 ISBN-13:978-1592407361

အခုစာအုပ်ခေါင်းစဉ်အတိုင်း အွန်လိုင်းတင်ထားတဲ့ အတွေး အခေါ်တွေကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ်ကြုံတွေ့ဆောင်ရွက်ရတဲ့ကိစ္စ တွေကို ဆုံးဖြတ်ကြရာမှာ ခေါင်းအေးအေးထားပြီး မှန်မှန် ကန်ကန်ဆုံးဖြတ်တာပါလို့ ထင်နေလေ့ရှိကြတယ်။ ဟုတ် လှပြီ၊ မှန်လှပြီလို့ ထင်ကြတယ်။ တကယ်တော့ လူတွေ ဟာ အမှားနဲ့မကင်းကြဘူး။ တွေးမြင်၊ ပြောဆို၊ လုပ်ကိုင် တာမှန်သမျှ၊ စိတ်ထဲမှာ ခံစားရတာမှန်သမျှ မှန်တယ်လို့ ဆင်ခြေပေးဖို့၊ အကြောင်းပြဖို့တွေကလည်း အမြဲရှိတတ်ကြ တယ်။ တကယ်တမ်းမှာ ဒီအကြောင်းပြချက်တွေဟာ အမှား တွေ ဖြစ်နေတတ်တယ်။ ဒီအကြောင်းတွေကို ဒီစာအုပ်ထဲ မှာ တကယ့်ဖြစ်ရပ်တွေနဲ့အတူ ဟာသနှောပြီး ဆန်းစစ် တင်ပြထားတယ်။ စာရေးသူဟာ သတင်းစာဆရာတစ်ဦးဖြစ်ပြီး စိတ္တဗေဒ၊ နည်းပညာနဲ့ အင်တာနက်တို့ကို ဝါသနာပါသူဖြစ် တယ်။ ကောလိပ်ကျောင်းမတက်ခင် စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ပြီးတော့ ဆောက် လုပ်ရေးလုပ်ငန်းမှာ လုပ်၊ သား ရေကုတ်အင်္ကျီတွေရောင်း၊ လျှပ်စစ်လုပ်ငန်းလည်းလုပ်၊ အလှမွေးတိရစ္ဆာန်အရောင်းဆိုင်ဖွင့် စသဖြင့် အလုပ်အမိုျးမိုျး ကို လုပ်ဖူးသူဖြစ်တယ်။ သတင်းသမားတစ်ဦးအဖြစ် သိသိ သာသာ ရင့်ကျက်လာ တာကတော့ အမေရိကန်ပင်လယ်ကွေ့ မှာ တိုက်ခိုက်သွားတဲ့ Katrina မုန်တိုင်းကို သတင်းယူ တင်ပြခဲ့တုန်းကဖြစ်တယ်။ ယခုအခါမှာတော့ အယ်ဒီတာ တစ်ဦးလည်းဖြစ်သလို ညွှန်ကြားရေးမှူးတစ်ဦးလည်းဖြစ် ပါတယ်။