နိုင်ငံတကာမှာ ကျန်းမာရေးကို လူတိုင်းအလေးပေးပြီး လိုက်စားနေသလိုပဲ မြန်မာလူမျိုးတွေလည်း ကျန်းမာရေးကို လိုက်စားလာကြပါတယ်။ ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေကို လူတိုင်းမဖြစ်မနေပြုလုပ်ဖို့ လိုအပ်သလို လူတန်းစားအလွှာအသီးသီး ဆော့ကစားနိုင်အောင် စီစဉ်ပေးထားတဲ့ YGN GYM နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
GYM အမျိုးအစားများ . . .
GYM တွေကို Grade A ၊ Grade B ၊ Grade C ဆိုပြီး အမျိုးအစားသုံးခုနဲ့ဖွင့်လှစ်ထားပါတယ်။ အခုလောလောဆယ်မှာတော့ ကျောက်တံတားမြို့နယ်က လွစ်လမ်း၊ တာမွေမြို့နယ်က ကျောက်မြောင်းဈေးရှေ့၊ လှည်းတန်းက လှည်းတန်းစင်တာဘေးကပ်လျက်နဲ့လှိုင်မြို့နယ်က ပါရမီစိန်ဂေဟာရှေ့တို့မှာ Grade C GYM လေးခုကို ဖွင့်လှစ်ထားပါတယ်။ Grade B ကို တော့ လက်ရှိ စမ်းချောင်းမြို့နယ်မှာ ဖွင့်ထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာလည်း Grade B အမျိုးအစား GYM နောက်တစ်ခုထပ်ဖွင့်ဖို့ စီစဉ်နေပါတယ်။ Grade A အမျိုးအစား GYM ကိုတော့ လက်ရှိမှာ ဖွင့်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
GYM တွေရဲ့တည်နေရာ . . .
YGN GYM - 1 (ဆိပ်ကမ်းသာ)
အမှတ် (၂၅၄)၊ အခန်း ၁၁၊ ပထမထပ်၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်။ (ပန်းဆိုးတန်းမှတ်တိုင်အနီး)
YGN GYM – 2 (ကျောက်မြောင်းဈေး)
အမှတ် (၂၀၀/၂၀၂)၊ ပထမထပ်၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်။ (ကျောက်မြောင်းဈေးမှတ်တိုင်အနီး)
YGN GYM - 3 (လှည်းတန်း)
အမှတ် (၂၁/၂၃)၊ ဒုတိယထပ်၊ လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်။ (လှည်းတန်းစင်တာဘေးလမ်း)
YGN GYM - 4 (ပါရမီ)
အမှတ် (၃၇)၊ မြေညီထပ်၊ ပါရမီလမ်း၊ လှိုင်မြို့နယ် (ပါရမီစိန်ဂေဟာရှေ့)
YGN GYM - 5 (မကြီးကြီး)
အမှတ် (၂၀/၂၂)၊ မကြီးကြီးလမ်း၊ ပြည်လမ်းနဲ့ ကျွန်းတောလမ်းကြား၊ စမ်းချောင်းမြို့နယ် (မဟာမြိုင်ကားမှတ်တိုင်အနီး)
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ Facebook Page . . .
၀၉ ၄၅၀၅၂၇၇၇၈၊ ၀၉ ၄၅၀၅၂၇၇၇၉
https://www.facebook.com/ygngym
ဖွင့်ချိန် . . .
တနင်္လာနေ့ကနေ သောကြာနေ့ထိ မနက် ၆ နာရီမှ ည ၁၀ နာရီ၊
စနေနေ့နဲ့ တနင်္ဂနွေနေ့- မနက် ၈ နာရီ မှ ည ၈ နာရီ
ဈေးနှုန်းပိုင်း . . .
Grade C အတွက် ဈေးနှုန်းက တစ်လကို ၃၅,၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။ Grade B က တစ်လကို ၆၅,၀၀၀ ကျပ် သတ်မှတ်ထားပေမယ့် တစ်နှစ်ယူရင်တော့ ၃၅,၀၀၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။ တစ်နှစ် Member ဝင်ထားပြီး အကြောင်းတစ်ခုခုကြောင့် လာမဆော့ဖြစ်ခဲ့ရင် သွင်းထားတဲ့ ပိုက်ဆံမဆုံးရှုံးသွားရအောင် တစ်လအနားယူနိုင်ဖို့နဲ့ အဆင်ပြေတဲ့အချိန်မှ ပြန်လာဆော့နိုင်ဖို့ခွင့်ပေးထားပါတယ်။ နှစ်ကုန်တဲ့အခါမှာလည်း ကံစမ်းမဲဖောက်ပေးတာတွေ ရှိပါတယ်။
လာရောက်ကစားနိုင်တဲ့ ကစားနည်းတွေ . . .
Client တစ်ယောက် GYM ကို လာတဲ့အခါမှာ Trainer က သူ့ရဲ့ Body Structure ကိုကြည့်ပြီး ကစားနည်း သတ်မှတ်ပေးပါတယ်။ Program တစ်ခုတည်းကို ချမှတ်ထားလို့မရပါဘူး။ ဒီအတွက်ကိုလည်း GYM မှာ Trainer နဲ့စပြီး လက်တွဲကတည်းက သူ့ရဲ့ အတွေ့အကြုံ၊ ပြောဟန်ဆိုဟန်၊ ပုံစံစတာတွေကို သေချာကြည့်ပြီးမှ ရွေးချယ်ခန့်အပ်ထားတဲ့အတွက် Customer တွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ GYM မှာ အဓိကအနေနဲ့ အလုပ်က ပြန်လာတဲ့လူတွေက Stress တွေ လျော့နည်းစေဖို့အတွက် လာဆော့လေ့ရှိတာကြောင့် GYM ကိုရောက်တာနဲ့ တက်ကြွလန်းဆန်းသွားစေဖို့ အသေအချာ ဂရုစိုက်စီမံထားပါတယ်။
Trainer တွေနဲ့ Facilities ပိုင်း . . .
Grade C မှာ Trainer သုံးယောက်ရှိပါတယ်။ မနက်ပိုင်းတစ်ယောက်နဲ့ ညနေပိုင်းနှစ်ယောက်ပါ။ အဓိကအနေနဲ့ စက်ပစ္စည်းပိုင်းစုံလင်ဖို့၊ လာဆော့တဲ့အခါမှာ သက်သောင့်သက်သာရှိဖို့နဲ့ သန့်သန့်ရှင်းရှင်းရှိဖို့ ပြုလုပ်ထားပါတယ်။
Grade C မှာ ရေချိုးခန်း၊ အိမ်သာလည်း စီစဉ်ပေးထားပေမဲ့ ယောကျ်ားလေးခန်း၊ မိန်းကလေးခန်းရယ်လို့ သီးသန့်ခွဲထားတာတော့ မရှိပါဘူး။
Grade B မှာကတော့ မိန်းကလေး Trainer တစ်ယောက်နဲ့ စုစုပေါင်း ငါးယောက်ထားထားပါတယ်။ Grade C နဲ့ B က နေရာအကျယ်အဝန်း၊ လေဝင်လေထွက်စနစ်၊ စက်ပစ္စည်းစုံလင်မှုပိုင်း၊ ချွေးထုတ်ခန်း၊ အသံစနစ်၊ ပစ္စည်းထားဗီရို၊ တီဗီ၊ ယောကျ်ားလေး မိန်းကလေးသီးသန့် အဝတ်လဲခန်းပါတာတွေ ကွာသွားပါတယ်။
Grade B ကို များသောအားဖြင့် စီးပွားရေးသမားတွေ လာတာများတဲ့အတွက် GYM ကနေ တစ်ခါတည်း တန်းပြန်သွားနိုင်အောင် ရေချိုးခန်း၊ ချွေးထုတ်ခန်း၊ ပစ္စည်းသိမ်းဖို့ ဗီရိုစတာတွေကအစ ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားတာဖြစ်ပါတယ်။ စီးပွားရေးသမားတွေများတဲ့အတွက် သတင်းတွေ Update ကြည့်နိုင်အောင် တီဗီတွေလည်း စီစဉ်ပေးထားပါတယ်။ ဒါအပြင် Grade B မှာ ယောဂ၊ TRX ၊ Boxing စတဲ့ Class တွေလည်း ဆော့နိုင်အောင် စီစဉ်ပေးထားပါတယ်။
Grade A ကိုတော့ လာမယ့် ၂၀၁၈ ခုနှစ်နဲ့၂၀၁၉ ခုနှစ်အတွင်းမှာ အကောင်အထည်ဖော်သွားမှာပါ။ အဲဒီမှာ နေရာကို အနည်းဆုံးစတုရန်းပေ သုံးသောင်းနဲ့ လေးသောင်းကြား သတ်မှတ်ထားတယ်။ GYM တင် မဟုတ်ဘဲ အထဲကို ဝင်လာပြီဆိုရင် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ယောဂ၊ ရေကူးစတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Program တော်တော်များများ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဝင်လိုက်ပြီဆိုတာနဲ့ စက်ပစ္စည်းနဲ့ တခြားဝန်ဆောင်မှုပိုင်း ပြည့်ပြည့်စုံစုံရှိဖို့အပြင် Juice Bar တွေ ရှိဖို့ကိုလည်း သေချာပြင်ဆင်သွားမှာဖြစ်သလို ကားပါကင် အခက်အခဲမရှိအောင်လည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နေရာအနေနဲ့ကတော့ ဗဟန်းမြို့နယ်ဘက်မှာ ဖွင့်ဖို့ ပြုလုပ်နေပါတယ်။
တခြားဝန်ဆောင်မှုတွေ . . .
အသံစနစ်၊ အခန်းအပူချိန်တွေကို သေချာပြင်ဆင်ထားပေးတယ်။ ရာသီအလိုက် လက်ဆောင်ပေးတာတွေရှိတယ်။ တီဗီမှာ ကိုယ်ကာယနဲ့ပတ်သက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို လွှင့်ပေးထားပါတယ်။
အယ်ဒီတာအဖွဲ့