Yangon Sanctuary Spa

မြန်မာပလာဇာမှာ ဆိုင်ခွဲဖွင့်လှစ်လိုက်တဲ့ Spa တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှု သင့်တော်တဲ့ဈေးနှုန်းနဲ့ အပန်းဖြေအနားယူနိုင်တဲ့ Spa တစ်ခုဖြစ်တဲ့ Yangon Sanctuary Spa ကို ဖော်ပြပေးလိုက်ပါတယ်။

YGNSanctuarySpa2

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

ဆိုင်နှစ်ဆိုင်ရှိပြီး အမှတ် (၄၅)၊ ပြည်လမ်း၊ တော်ဝင်စင်တာ (၃) လွှာ၊ (၄၀၂၂/၂၃)၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၉၃၁၅၅၁၈၄၄၊ ၀၉၂၅၃၂၄၂၄၄၀ နဲ့ အမှတ် (၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာ (၂) လွှာ၊ အခန်း (၂၀၃)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၉၂၅၀၁၄၁၃၃၀၊ ၀၉၉၇၇၈၀၃၄၀၄ တို့ ဖြစ်ပါတယ်။

YGNSanctuarySpa1

ဆိုင်ဖွင့်ချိန် . . .

ပထမဆုံး Appointment တစ်ခုကနေစပြီး မနက် ဆယ်နာရီခွဲကနေစပြီး ည ၉ နာရီအထိ ဖြစ်ပါတယ်။

ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ အသုံးပြုတဲ့ Brand တွေက . . .

အဓိကအားဖြင့် ဒီမှာရနိုင်တာကတော့ Foot Massage ၊ Body Treatment ၊ Massage နဲ့ Facial တို့ဖြစ်ပြီး Facial ကို Dermologica Product ဖြစ်တဲ့ USA Brand ကို အသုံးပြုထားပါတယ်။ Hair Treatment တွေလည်း ရရှိနိုင်ပြီး Loreal Professionnel Brand အသုံးပြုထားပါတယ်။ Spa Manicure နဲ့ Pedicure အတွက်ဆိုရင် OPI နဲ့ Cuccio Brand ကိုအသုံးပြုထားပါတယ်။ Waxing အတွက်တော့ Spain ကလာတဲ့ Wax Product သုံးပါတယ်။

YGNSanctuarySpa4

ဈေးနှုန်းအပိုင်း . . .

Body Massage ဆိုရင်တစ်နာရီကို ကျပ်သုံးသောင်းခွဲ ဝန်းကျင်ရှိပြီးတော့ Body Treatment ကတော့ ခြောက်သောင်းကျပ်ကနေ ကိုးသောင်းကျပ်အထိရှိပါတယ်။ HairTreatment နဲ့ Scalp Treatment အတွက်ကတော့ ပျမ်းမျှကျပ်ငါးသောင်းဝန်းကျင်ရှိပါတယ်။ Classic Manicure အတွက်ကတော့ ၁၂,၀၀၀ကျပ်နဲ့ Classic Pedicure အတွက်ကတော့ ကျပ် ၁၅,၀၀၀ ဝန်းကျင် ရှိပါတယ်။

အများဆုံးလုပ်ကြတဲ့ ဝန်ဆောင်မှု . . .

Dermologica Facial Treatment ကို အများဆုံးလုပ်ကြပြီး ကျပ်ရှစ်သောင်းခွဲ ဝန်းကျင်ရှိပါတယ်။ Waxing  မှာဆိုရင်တော့ Brazilian ဝန်ဆောင်မှုကို အများဆုံးပြုလုပ်ကြပါတယ်။ OPI Manicure and Pedicure နဲ့ Swedish Aromatherapy Massage ကိုလည်း လူကြိုက်များကြပါတယ်။

YGNSanctuarySpa3

ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ရည်ရွယ်ချက် . . .

၂၀၀၇ ခုနှစ်မှာ စင်ကာပူမှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ မြန်မာနိုင်ငံမှာဆိုရင် ပထမဆုံးဆိုင်ခွဲကို ၂၀၁၃ ခုနှစ်မှာ တော်ဝင်စင်တာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သင့်တော်တဲ့ဈေးနှုန်းတွေနဲ့အတူ ပတ်ဝန်းကျင်ကလည်း ဆိတ်ငြိမ်မှုရှိပြီး ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ ပေးချင်တာပါ။ အရည်အသွေးပြည့်မီတဲ့ Product တွေကို သုံးထားပါတယ်။ အဆင့်အတန်းမြင့်မြင့်နဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို ပေးချင်တာပါ။

Promotion ပိုင်း . . .

Promotion ကတော့ အချိန်တိုင်း လုပ်ဖြစ်ပါတယ်။ အခုဆိုရင် Customer တွေက ကျပ်ငါးသောင်းဖိုး ဝန်ဆောင်မှုယူတိုင်း ငါးထောင်ကျပ်တန် Cash Voucher ကိုရရှိမှာဖြစ်ပါတယ်။

YGNSanctuarySpa5

ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ထားရှိမှုအပိုင်း . . .

Trainers တွေက စင်ကာပူကဖြစ်ပြီးတော့ ဝန်ထမ်းတွေကို Training တွေ အမြဲမပြတ် လုပ်ဆောင်ပေးပါတယ်။

အနာဂတ်အစီအစဉ် . . .

Customer တွေများလာတာအပေါ် အခြေခံပြီးတော့ နောက်ထပ်ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ မျှော်လင့်ထားပါတယ်။

သန္တာညွန့််ဝင်း