Yangon Booking Website

YGNBooking2

လုပ်ငန်းမိတ်ဆက် . . .

ရန်ကုန်မှာရှိတဲ့ Restaruant တွေ ၊ Spa တွေကို Yangon Booking Website ကနေ လွယ်လွယ်ကူကူ Bookings လုပ်လို့ရပါတယ်။ ဒီ Website ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက စတင်ခဲ့ပြီး Mr Glenn Chau က Founder ဖြစ်ပါတယ်။

လုပ်ငန်းစတင်ဖြစ်ပုံ . . .

မြန်မာနိုင်ငံမှာ Online Reservation လုပ်ဖို့ Website တွေ သိပ်မရှိသေးဘူး။ ပုံမှန်အားဖြင့် Restaurant တွေ၊ Spa တွေက Reserve လုပ်ဖို့ ကိုယ်တိုင် Online ပေါ်တင်တဲ့ ပုံစံမျိုးတွေပဲရှိတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ Restaurant နဲ့ Spa တွေအားလုံးထဲက ကြိုက်တာကို အလွယ်တကူ ရွေးချယ်ပြီး Booking လုပ်နိုင်ဖို့ Yangon Bookings Website ကို စလုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

YGNBooking1

Booking လုပ်မယ်ဆိုရင် . . .

www.yangonbookings.com ကနေ Booking လုပ်လို့ ရပါတယ်။ Yangon Booking Facebook Page မှာလည်း ဝင်ရောက်ကြည့်ရှုပြီး Booking လုပ်နိုင်ပါတယ်။

ဝန်ဆောင်မှုအတွက် ဈေးနှုန်းတွေက . . .

Yangon Bookings က User တွေဘက်ကို အခမဲ့ဝန်ဆောင်မှုပေးတာပါ။ Website မှာ Sign Up လုပ်တာလည်း အခမဲ့ဖြစ်ပါတယ်။ Restaurant ၊ Bar ၊ Spa စတဲ့ လုပ်ငန်းရှင်တွေက Yangon Bookings Website မှာ Upload လုပ်တာက Free ပါ။ Facebook မှာ ကြော်ငြာမယ်၊ Website ရဲ့ Home Page မှာ ကြော်ငြာတာတွေအတွက် တစ်လစာ ဝန်ဆောင်ခတွေကတော့ Video Clip တစ်ခုအတွက်  ဒေါ်လာ ၂၂၀၊ Facebook မှာ Post တစ်ခုအတွက် ဒေါ်လာငါးဆယ် ၊ Website မှာ Aticle ရေးရင် ဒေါ်လာငါးဆယ် စသဖြင့် အစားစား ရှိပါတယ်။ ကြော်ငြာအတွက် Client တွေဘက်က သူတို့လုပ်ချင်တဲ့ အိုင်ဒီယာပေးလို့ ရပါတယ်။ Yangon Bookings ဘက်ကလည်း အတတ်နိုင်ဆုံး အကောင်းဆုံးစဉ်းစားပြီး လုပ်ပေးပါတယ်။

[caption id="attachment_29648" align="alignnone" width="370"]YGNBooking3Mr Glenn Chau[/caption]

လက်ရှိလုပ်ဆောင်နေတာတွေ . . .

လက်ရှိ Yangon Bookings Website မှာ Restaurant တွေ တော်တော်များများ ရှိနေပါပြီ။ Customer တွေကလည်း တော်တော်များများ သဘောကျကြပါတယ်။ လောလောဆယ် ဒီလုပ်ငန်းရဲ့ အစောပိုင်းခြောက်လအတွင်းမှာတော့ Customer တွေ လာဖို့ထက်ကို Restaurant တွေ ၊ Spa တွေက Yangon Bookings Website ကို အသုံးပြုလာဖို့ ဦးစားပေးလုပ်နေပါတယ်။ ဒီခြောက်လကျော်သွားရင်တော့ User တွေ၊ Customer တွေ များလာအောင် ကြိုးစားသွားမယ်။

အနာဂတ်အစီအစဉ် . . .

Yangon Bookings မှာ Restaurant တွေ၊ Spa တွေ အများကြီးထည့်နိုင်ဖို့ လုပ်သွားမယ်။ ပြီးရင် အသုံးပြုသူတွေများလာဖို့ Event တွေလုပ်မယ်။ Website နဲ့ Online Booking တွေနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ လုပ်သွားမယ်။  တခြားမြို့တွေအတွက်တော့ လုပ်ဖို့အစီအစဉ်မရှိသေးပါဘူး။