News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Xclusive Fitness Centre
Editorial
August 26, 2015
Leisure
လူတစ်ယောက်ဟာ တစ်ရက်မှာအနည်းဆုံး ၁၅ မိနစ်လောက် သွေးလည်ပတ်မှုကောင်းဖို့ လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာသလို ကိုယ်ရည်ကိုယ်သွေးလည်း မြင့်တက်လာမှာအမှန်ပါပဲ။ ဒါကြောင့် အေးအေးဆေးဆေးလေး လေ့ကျင့်ခန်း လုပ်ချင်တဲ့သူတွေအတွက် သွားလာလို့အဆင်ပြေတဲ့ နေရာမှာရှိတဲ့အပြင် အဆင့်မြင့်စက်ကိရိယာတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ Xclusive Fitness Centre ကို လမ်းညွှန်ပေးလိုက်ပါတယ်။ ဆိုင်တည်နေရာနဲ့ ဆိုင်ဖွင့်ချိန် အမှတ် ၄၉၊ သုံးထပ်နဲ့ လေးထပ်၊ မိုးစန္ဒာလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၉-၈၇၆၅၄၃၂၁ ဖြစ်ပါတယ်။ ဆိုင်ကိုတော့ နေ့စဉ် နံနက် ၆ နာရီကနေ ည ၈ နာရီ အထိ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်ထားပါတယ်။ ဖွင့်လှစ်ခဲ့တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက် ဆိုင်ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲမတိုင်ခင် လေးလလောက်ကတည်းက စတင်ဖွင့်လှစ်ထားတာပါ။ ရည်ရွယ်ချက်ကတော့ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်၊ လှပပြေပြစ်တဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကောင်းပြီး ကျန်းမာရေးအသိနဲ့ ပြည့်ဝစေဖို့ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က အကောင်းဆုံးကူညီပေးမှာပါ။
လာရောက်ကစားနိုင်တဲ့ နည်းစနစ်နဲ့ ကစားနည်းတွေကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက်နဲ့ ကြွက်သားကြီးထွားဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ပေးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အနေအထိုင်၊ စားသောက်မှုပုံစံနဲ့ ရှောင်ရန်၊ ဆောင်ရန်တွေကို ပြောပြပေး၊ ကြပ်မတ်ပေးပါတယ်။ အဓိကကတော့ Weight Gain,Weight Loss တွေအတွက် လာရောက်ကစားနိုင်ပါတယ်။ ဈေးအနေနဲ့တော့ Training Fees အနေနဲ့ ၁ ရက် - ၂,၅၀၀ ကျပ် ၁၅ ရက် - ၁၇,၅၀၀ ကျပ် ၁ လ - ၃၀,၀၀၀ ကျပ် ၃ လ - ၇၅,၀၀၀ ကျပ် ၆ လ - ၁၂၅,၀၀၀ ကျပ် နဲ့ လာရောက်ကစားနိုင်ပါတယ်။ အနီးကပ်တစ်ဦးချင်း ဆရာနဲ့ သီးသန့်သင်မယ်ဆိုရင်လည်း တစ်လကို ကျပ် ၁၅,၀၀၀ ထပ်ဆောင်းပြီးပေးရတယ်လို့ သိရပါတယ်။
ဝန်ဆောင်မှုအပိုင်း နည်းစနစ်တကျပြသပေးပါတယ်။ စနစ်တကျ လေ့ကျင့်ခန်းတွေလည်း လုပ်ပေးပါတယ်။ Locker Box တွေ၊ Bath Room တွေလည်း ထားပေးပါတယ်။ မနက်လာကစား ပြီးတော့ရေချိုးပြီး ရုံးသွားလို့လည်းရပါတယ်။ အမျိုးသမီးတွေအတွက် သီးသန့်အထပ်ထားပေးထားသလို အောက်ထပ်မှာလည်း အများနဲ့အတူ လေ့ကျင့်ကစားနိုင်ပါတယ်။ သင်တန်းနည်းပြအနေနဲ့ အမျိုးသား၊ အမျိုးသမီးနည်းပြဆရာတွေကို ခေါ်ယူထားပါတယ်။ ဒီကို လာရောက်ကစားပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်သာမက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိတွေရရှိဖို့လည်း ပြောပြပေးပါတယ်။ လှည်းတန်းလမ်းမဘေးဆိုတော့ သွားလို့၊ လာလို့လည်း အဆင်ပြေတယ်။ ကားနဲ့လာရောက်မယ့် လူအတွက်လည်း Car Parking ရှိပါတယ်။ အခန်းဖွဲ့စည်းပုံကိုလည်း ကျယ်ကျယ်ဝန်းဝန်း၊ ရှင်းရှင်းလင်းလင်းနဲ့ ဖန်တီးထားပြီး အမြဲလာရောက်ကစား ချင်အောင် ပြုလုပ်ထားပါတယ်။ စက်ပစ္စည်းတွေကိုလည်း အဆင့်မြင့်အားကစားကိရိယာအစုံအလင်နဲ့ အသုံးပြုထားပြီး အကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်။
လာရောက်ကစားနိုင်တဲ့ အသက်အပိုင်းအခြားနဲ့ အများဆုံးလာရောက်ကစားတဲ့သူတွေ အသက်ပိုင်းကတော့ ၁၄ နှစ်ကနေပြီး စတင်ကစားနိုင်ပါတယ်။ လူငယ်ပိုင်းတွေဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးအများစု လာရောက်ကြပါတယ်။ Gym ကစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်တယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆီတွေကို ကြေပျက် စေတယ်။ အဆုတ်အားပိုမိုကောင်းလာပြီး နှလုံးလည်းကျန်းမာလာသလို ခွန်အားလည်း တိုးပွားလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုယုံကြည်မှုရှိလာပြီး လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးစတဲ့ အရာတွေမှာ ပိုအောင် မြင်လာနိုင်မယ်။ ဒါပေမဲ့ နည်းစနစ်နဲ့ စနစ်တကျမလေ့ကျင့်၊ အာရုံစိုက်သင့်တဲ့နေရာမစိုက်ဘဲ စမ်းတဝါးဝါး လုပ်ရင် ကြွက်သားမဖွံ့ဖြိုးလာဘဲအချိန်ကုန်တာပဲ အဖတ်တင်မှာပဲ။ ဒီထက်ဆိုးရင် ခါးမှာ၊ အရိုးအဆစ်တွေမှာ ဒဏ်တောင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နည်းစနစ်မှန်မှန်နဲ့ ပုံမှန်လေ့ကျင့်ဖို့လိုပါတယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ အနည်းဆုံး ၁၅ မိနစ်လောက် သွေးလည်ပတ်မှုကောင်းအောင် လေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြေးတာပဲဖြစ်ဖြစ်၊ လမ်းအမြန်လျှောက်တာပဲဖြစ်ဖြစ်ပေါ့။ ဆေးလိပ်၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးကိုတော့ လုံးဝရှောင်ကြဉ်ရမှာပါလို့ သင်တန်းနည်းပြကိုသန်းစိုးက ပြောပါတယ်။
ဈေးကွက်အလားအလာ Gym တွေက တိမ်ကောသွားမယ့်အရာတွေ မဟုတ်ပါဘူး။ လူနေမှုအဆင့်အတန်းမြင့်လာလေ၊ အမြင်ကျယ် လာလေ ကစားနေတဲ့သူရှိမှာပါပဲ။ ကျန်းမာရေးကောင်းချင်လို့ဆိုတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာရောက်ကစား တဲ့သူတွေကို ကျန်းမာရေးအသိပညာနဲ့ အထောက်အကူပေးနေတဲ့ Gym က အရေးပါတဲ့နေရာမှာ ရှိနေမှာပါ။ ပိုပြီးတော့လည်း အောင်မြင်လာမှာပါလို့ ဆိုပါတယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ် လူတိုင်းကစားနိုင်တဲ့နှုန်းဖြစ်အောင် နောက်ပိုင်းမှာ Promotion လည်း လုပ်ပေးသွားမှာပါ။ သင့်လျော်တဲ့ စက်ပစ္စည်းအသစ်တွေပေါ်လာခဲ့ရင်လည်း ဝယ်ယူဖြည့်ဆည်းသွားမှာပါ။ ဝန်ဆောင်မှုနဲ့ ကစားနည်း နည်းစနစ်တွေကိုလည်း တိုးချဲ့သွားဖို့ ရှိပါတယ်။ အယ်ဒီတာအဖွဲ့
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်
Posted On July 21, 2022, By Editorial
Father's Day Unlimited BBQ Buffet Dinner at Chatrium
Posted On June 18, 2022, By Editorial
Father's Day အတွက် Novotel Yangon Max ဟိုတယ်က အထူးအစီအစဉ် ၂ မျိုး
Posted On June 18, 2022, By Editorial
Springteen က သီချင်းအားလုံးကို Sony ကို ရောင်းချ
Posted On January 31, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း