Telecom Square Myanmar ရဲ့ Wi-Ho အမှတ်တံဆိပ် အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းခြင်း၊ နိုင်ငံတကာသုံး Sim Card များကို ရောင်းချပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ Telecom Square Myanmar က Senior Manager ဒေါ်တင်နိုင်အေးက ဖြေဆိုပေးထားပါတယ်။
Telecom Square Myanmar က ပေးနေတဲ့ဝန်ဆောင်မှုများ
---------------------------------
Telecom Square Myanmar က နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်၊ ကမ္ဘာတစ်ဝှမ်းသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်တွေ ငှားရမ်းခြင်းနဲ့ နိုင်ငံတကာသုံး Sim Card တွေကို ကြိုတင်ရောင်းချခြင်းစတဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ကိုတော့ ကိုယ်သွားမယ့် နိုင်ငံအလိုက် ငှားရမ်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - ကိုယ်က ဂျပန်နိုင်ငံသွားမယ်ဆိုရင် ဂျပန်နိုင်ငံမှာ အသုံးပြုလို့ ရနိုင်မယ့် ဝိုင်ဖိုင်လွှင့်စက်ကို ကျွန်မတို့ကုမ္ပဏီက ငှားရမ်းသွားလို့ရပါတယ်။ နိုင်ငံတကာသုံး အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ကို နိုင်ငံအလိုက်သက်ဆိုင်ရာဆက်သွယ်ရေးလိုင်းများနဲ့ ချိတ်ဆက်ပေးထားတဲ့အတွက် Sim Card ထည့်သွင်းစရာမလိုဘဲ အများဆုံး Device ၁၀ ခုအထိ ချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ကို ငှားရမ်းအသုံးပြုမယ်ဆိုရင်တော့ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းသုံးအိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်မှာ Cloud Sim System အသုံးပြုထားပြီး Device ၅ ခုအထိ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက မိုလ်ဘိုင်း Carrier တွေနဲ့ ပူးပေါင်းထားတာကြောင့် ကမ္ဘာအနှံ့မှာ လျင်မြန်တဲ့မြန်နှုန်းနဲ့ အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Unlimited Internet Plan ဖြစ်တဲ့အတွက် အကန့်အသတ်မရှိ အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းတဲ့နေရာမှာ ကုမ္ပဏီအနေနဲ့ငှားတယ်ဆိုရင် Deposit မယူပါဘူး။ Individual အနေနဲ့ သီးသန့်ငှားတဲ့သူတွေဆိုရင်တော့ Deposit အနေနဲ့ ဒေါ်လာ ၅၀ ယူပါတယ်။ နောက်ပြီးတော့ Internet Package ပါပြီးသား နိုင်ငံအလိုက် Prepaid Sim Card တွေလည်း ကျွန်မတို့ကုမ္ပဏီက ရောင်းချပေးနေပါတယ်။
ဆိုင်ဖွင့်ချိန်
-------------
တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီ ကနေ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။
ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းခဈေးနှုန်းများ
---------------------------
နိုင်ငံတကာသုံး ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းခဈေးနှုန်းတွေကတော့ နိုင်ငံအလိုက် မတူညီပါဘူး။ ဗီယက်နမ်နိုင်ငံအတွက်ဆိုရင် တစ်ရက်ကို ၁၀ ဒေါ်လာ၊ ဂျပန်နဲ့မလေးရှားနိုင်ငံအတွက်ဆိုရင် တစ်ရက်ကို ၈ ဒေါ်လာ၊ ထိုင်ဝမ်နဲ့ ကိုရီးယားနိုင်ငံအတွက်ဆိုရင် တစ်ရက်ကို ၇ ဒေါ်လာ၊ ထိုင်းနိုင်ငံအတွက်ဆိုရင် တစ်ရက်ကို ၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းသုံးဝိုင်ဖိုင်လွှင့်စက်ကို ငှားမယ်ဆိုရင်တော့ တစ်ရက်ကို ၁၂ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်
---------------------------
အခန်း ၆-အေ၊ ၆ လွှာ၊ Classic Strand Condominium အမှတ် ၆၉၇။ ၇၀၁ ၊ ၂၇ လမ်း၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ပန်းဘဲတမ်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၁-၇၀၃၆၄၆ နဲ့ ၀၉-၄၅၀၀၆၄၀၂၀ ဖြစ်ပါတယ်။ Facebook Page ကတော့ Wi Ho Myanmar ဖြစ်ပါတယ်။