၂၀၁၅ ခုနှစ်၊ နောက်ဆုံးနှစ်လမှ စတင်စမ်းသပ်သုံးစွဲခဲ့တဲ့ Wave Money ဟာ နော်ဝေအခြေစိုက် Telecom Operator Telenor နဲ့ Yoma ဘဏ်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Mobile Financial Service လုပ်ငန်း ဖြစ်ပါတယ်။ ဖုန်းအချင်းချင်းကြား ငွေလွှဲလို့ရနိုင်သလို Wave Shop လို့ ခေါ်တဲ့ Agent Outlet လေးတွေကနေတစ်ဆင့် ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။
Wave Money ဆိုတာ . . .
Wave Money က Telenor နဲ့ Yoma ဘဏ်တို့ရဲ့ Joint Venture လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယုံကြည်စိတ်ချရပြီး ရိုးရှင်းသလို အားလုံးအတွက် Affordable လည်း ဖြစ်တဲ့ Mobile Fiancial Service တွေကို မြန်မာနိုင်ငံက လူတွေအတွက် ပေးစွမ်းချင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဝန်ဆောင်မှုကို Mobile Phone တွေကနေ Access လုပ်လို့ရအောင် လုပ်ထားပြီး Agent Network လည်း ရှိပါတယ်။ Agent Network ဆိုတာကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ကုန်စုံဆိုင်လေးတွေပါ။ အဲဒီဆိုင်တွေမှာ Telenor Sign ကို တွေ့ရမှာဖြစ်ပြီး သူတို့ Telenor SIM Card နဲ့ ငွေဖြည့် Card တွေ ရောင်းနေကျ ဆိုင်တွေပါပဲ။ ဒါကြောင့် ကျွန်တော်တို့က Telenor ရဲ့ ဖြန့်ချိရေးပိုင်းကို အကျိုးရှိရှိ အသုံးချသလို Yoma ဘဏ်ရဲ့ အသုံးပြုသူတွေရှိပြီးသား Relationship နဲ့ Cash Management Capability ကိုလည်း ကောင်းကောင်းအသုံးချပါတယ်။
JV ရဲ့ ပုံစံကို အတိအကျပြောပြပါဦး . . .
JV က Telenor က ၅၁ ရာခိုင်နှုန်းနဲ့ Yoma ဘဏ်က ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကျွန်တော့်တို့ရဲ့ ဝန်ထမ်းတွေကလည်း Telenor ဘက်က ဝန်ထမ်းအချို့နဲ့ Yoma ဘဏ်က ဝန်ထမ်းအချို့ပါဝင်ပါတယ်။ အဖွဲ့အစည်းနှစ်ခုစလုံးရဲ့ အကောင်းဆုံးဝန်ထမ်းတွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းအတွက် ဝန်ထမ်းတွေ ရွေးချယ်တဲ့အခါမှာလည်း Telenor ဘက်က ပါကစ္စတန်လို နိုင်ငံမျိုးမှာ Mobile Financial Sercice လုပ်ခဲ့ဖူးပြီး အတွေ့အကြုံရှိတဲ့ Expatriate တချို့၊ ပြီးတော့ တခြားဈေးကွက်တွေက Industry Expert တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အာဖရိက၊ ကမ္ဘောဒီးယားနဲ့ အင်ဒီနီးရှားနိုင်ငံတွေမှာ လုပ်ခဲ့ဖူးတဲ့ Expatriate တွေလည်း ရှိပါတယ်။ ပြီးတော့ ရိုးမဘဏ်မှာ Branch Manager အဖြစ် နှစ်နှစ်ဆယ်ခဲ့ဖူးသူလို ပြည်တွင်းက အတွေ့အကြုံရှိ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန်ထမ်းတွေက Telenor Talent ၊ Internaional Talent တွေနဲ့ Myanmar Talent တွေထဲက အကောင်းဆုံးတွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီတွင်း လူမျိုးပေါင်း ၁၂ မျိုးလောက် အလုပ်လုပ်နေတာပါ။ ဝန်ထမ်းအများစုကတော့ မြန်မာတွေဖြစ်ပါတယ်။
Wave Money ရဲ့ Management ပိုင်းမှာ ပါဝင်သူတွေက . . .
ကျွန်တော်တို့ Wave Money မှာ Telenor ဘက်က Director တွေရော၊ Yoma ဘဏ်ဘက်က Director တွေပါ ပါဝင်တဲ့ Board အဖွဲ့ရှိပါတယ်။ Board ရဲ့ ဥက္ကဌကတော့ Telenor Myanmar ရဲ့ CEO Mr Petter Furberg ပါ။
Wave Money ရဲ့ Long Term Vision . . .
ကျွန်တော်တို့ရဲ့ Long Term Vision က Domestic Remittances တွေ ပိုမိုလုပ်ကိုင်နိုင်စွမ်းကို ထောက်ပံ့ပေးချင်တာ ဖြစ်ပါတယ်။ ပြည်တွင်းငွေကြေးလည်ပတ်သုံးစွဲနေတဲ့နေရာမှာ Informally လုပ်နေကြတဲ့ ရာခိုင်နှုန်းက များပါတယ်။ (ဥပမာ ဟွန်ဒီကတစ်ဆင့် ငွေလွဲတာလိုမျိုး၊ ငွေတိုးချေးသူတွေဆီက ငွေချေးတာလိုမျိုးတွေ ဖြစ်ပါတယ်။) အဲဒီဈေးကွက်ကို ကျွန်တော်တို့က ဝန်ဆောင်မှု ပေးချင်တာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Customer တွေအတွက် ကောင်းကောင်းအလုပ်လုပ်ပေးနိုင်ပြီး ရိုးရှင်းတဲ့ ဝန်ဆောင်မှုနဲ့ စတင်ပါမယ်။ အဲဒါကို Customer တွေရော၊ Agent တွေအတွက်ပါ အလုပ်ကောင်းကောင်း လုပ်ပေးနိုင်အောင် စောင့်ကြည့်မှာပါ။ အဲဒီဝန်ဆောင်မှု ကောင်းမွန်စွာအလုပ်လုပ်နေပြီဆိုရင်တော့ တခြားဖြစ်နိုင်ခြေရှိတဲ့ ဝန်ဆောင်မှုတွေ အနာဂတ်မှာ ပေးသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Wave Money ရဲ့ဝန်ဆောင်မှုကို Red Dot နဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါသလား . . .
Red Dot က Cash Acceptance Netwok ပါ။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက သူတို့လိုပဲ Agent Network ကို အသုံးပြုတယ်ဆိုပေမယ့် တကယ်တော့ ကျွန်တော်တို့က ဖုန်းကို အသုံးပြုပြီး Customer တွေကို ဖုန်းထဲမှာ ပိုက်ဆံစုထားဖို့ ခွင့်ပြုပါသလို၊ အဲဒီပိုက်ဆံတွေကို Mobile Phone တစ်ခုကနေတစ်ခု လွှဲပြောင်းပေးပို့နိုင်အောင် လုပ်ပေးပါတယ်။ ပြီးတော့ Agent Network က ကိုအသုံးပြုပြီး အဲဒီကတစ်ဆင့် ငွေထုတ်၊ ငွေသွင်းလည်း ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ရှိပြီးသားပါ။ သူတို့ယှဉ်ရင် Wave Money ရဲ့ Differentiation Point က ဘာများဖြစ်နိုင်ပါသလဲ . . .
မြန်မာနိုင်ငံမှာ ရှိပြီးသား ဒီလို Mobile Money ဝန်ဆောင်မှုတွေနဲ့ အဓိကကွဲပြားချက် ဖြစ်သွားတာကတော့ ကျွန်တော်တို့မှာ Telenor ရဲ့ Distribution Network ကို ယူသုံးနိုင်တာပဲဖြစ်ပါတယ်။ အားသာချက်အနေနဲ့ Telenor ရောက်ရှိတဲ့နေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ရောက်ရှိနိုင်စေသလို Agent Network ကိုလည်း ထားရှိနိုင်တာပဲဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ Differentiation Point ဆိုလည်း ဟုတ်သလို မြန်မာနိုင်ငံသားတွေအတွက်လည်း ကျွန်တော်တို့ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် လုပ်ပေး ထားနိုင်တာပဲ ဖြစ်ပါတယ်။
ရှင့်အနေနဲ့ ကမ္ဘာဒီးယားနိုင်ငံက Mobile Money Service တစ်ခုဖြစ်တဲ့ Wing Cambodia ကို လွန်ခဲ့တဲ့နှစ်တွေတုန်းက စတင်မိတ်ဆက်က အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာ သိရပါတယ်။ ဒါကြောင့် အဲဒီတုန်းက ကမ္ဘာဒီးယားနိုင်ငံက အခြေအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို နှိုင်းယှဉ်သုံးသပ်ပေးပါဦး . . .
ကမ္ဘောဒီယားထက်စာရင် မြန်မာနိုင်ငံက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နိုင်ငံလို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံပိုကြီးတယ်၊ လူဦးရေပိုများဆိုတော့ ပိုကောင်းတဲ့အခွင့်အရေးလို့ ကျွန်တော်မြင်ပါတယ်။ ကမ္ဘောဒီးယားမှာ Wing ကိုစခဲ့တုန်းက Banking Penetration အခြေအနေနဲ့တော့ မြန်မာနိုင်ငံရဲ့အခြေအနေက အတူတူလောက်ပါပဲ။ ဒါပေမဲ့ သူတို့ဆီမှာက Operator ပိုများပါတယ်။ အဲဒီတုန်းက သူတို့ဆီမှာက Mobile Operator ၈ ခုလောက်ရှိတော့ အတော်လေးများနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒါကို ဖြေရှင်းပြီးပါပြီ။
မြန်မာနိုင်ငံကို ပိုကောင်းတဲ့ဈေးကွက်လို့ မြင်တာက နိုင်ငံကလည်း ပိုကြီးတယ်၊ လူတွေကလည်း အသစ်အသစ်တွေကို လိုချင်နေကြတဲ့ အချိန်ဖြစ်နေတာကြောင့်လည်းပါပါတယ်။ ပြီးတော့ ဒီဈေးကွက်မှာ ဒီဝန်ဆောင်မှုကို လိုအပ်နေတဲ့ အချိန်လို့လည်း မြင်တာကြောင့်ဖြစ်ပါတယ်။ ကမ္ဘောဒီးယားကလည်း ကောင်းမွန်တဲ့ ဈေးကွက်တစ်ခုပါ။ ကျွန်တော် အဲဒီမှာ လုပ်ခဲ့ရတာလည်း စိတ်ကျေနပ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထက်စာရင်တော့ တော်တော်သေးတဲ့ဈေးကွက်ဖြစ်ပါတယ်။
အဓိက ကွာခြားချက်ကတော့ အဲဒီမှာ ၂၀၀၈ ခုနှစ် လုပ်ငန်းစတင်ခဲ့တဲ့အချိန်တုန်းက Smartphone ထိုးဖောက် ဝင်ရောက်နှုန်းက အလွန်နိမ့်နေပါသေးတယ်။ ပြီးတော့ Data Penetration နှုန်းကလည်း တော်တော်နည်းပါတယ်။ ဒီလိုယှဉ်လိုက်တဲ့အခါမှာ အခုလက်ရှိအချိန် မြန်မာနိုင်ငံရဲ့ဈေးကွက်က အတော်လေးကောင်းနေတာကိုတွေ့ရမှာပါ။ Smart-phone တွေကလည်း အတော်လူကြိုက်များပြီး Smart-phone သုံးသူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းလောက်ကလည်း Data သုံးကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ဆောင်မှုစတဲ့အခါမှာ ငွေလွှဲတာ၊ ငွေကြေးအသုံးပြုတာတွေ လုပ်ဖို့အတွက် ပိုပြီးကောင်းမွန်တဲ့ Interface Customer တွေကို ချပြနိုင်ပါတယ်။ ပြီးခဲ့တဲ့အချိန် ကမ္ဘောဒီးယားမှာ ကျွန်တော်တို့ Wing ကို စလုပ်တဲ့အချိန်က လူနည်းစုကပဲ Smart-phone သုံးနိုင်ပါတယ်။ ပြီးတော့ လူနည်းနည်းကပဲ Data အသုံးပြုကြတာပါ။ အဲဒီတုန်းက Interface က USSD နဲ့ SMS အဆင့်ပဲ ရှိသေးတာမို့ ဒါတွေက အဲဒီလောက်ကောင်းတဲ့ Interface မဟုတ်ပါဘူး။ ဒါတွေက လက်ရှိ မြန်မာနိုင်ငံအနေအထားနဲ့ ကွာခြားချက်တွေပါပဲ။ Smartphone အသုံးပြုနှုန်း မြင့်လာတာကြောင့် ကမ္ဘာတစ်ဝန်း Mobile Money ဈေးကွက်မှာ မြန်မာနိုင်ငံက အထူးခြားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် Mobile Money ရဲ့ အလားအလာ . . .
မြန်မာနိုင်ငံမှာ Mobile Money ရဲ့ အလားအလာက အလွန်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ လူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းလောက်က လက်ရှိနိုင်ငံအတွင်း အသုံးပြုနေတဲ့ ငွေကြေးဝန်ဆောင်မှုတွေကို မသုံးနေပါဘူး။ ဒါကြောင့်သူတို့မှာ Financial Sercie လိုအပ်ချက် ရှိနေပါတယ်။ လက်ရှိမှာ ဒီလိုငွေကြေးဝန်ဆောင်မှုတွေကို Informal ပုံစံနဲ့ပဲ အသုံးပြုနေကြတာပါ။ ဒီလူတွေဆီကို Formal Financial ဝန်ဆောင်မှု တွေးပေးနိုင်ဖို့ Mobile Money သာမက Financial Service အမျိုးမျိုးအတွက် အခွင့်အလမ်းကြီးက ရှိနေတာပါ။
Mobile Money ဆိုတာကိုပြောတဲ့အခါမှာလည်း ကျွန်တော်တို့ပြောတဲ့ အခွင့်အရေးဆိုတာက လက်ရှိဝန်ဆောင်မှုတွေပေးနေတဲ့ ပုံမှန်သမားရိုးကျ ဘဏ်တွေရဲ့လုပ်ငန်းဝေစုကို ယူမယ်လို့ပြောတာ မဟုတ်ပါဘူး။ ဒီ Mobile Money ကနေတစ်ဆင့် Formal Sector ကိုလည်း ပိုပြီးဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ Mobile Money ကြောင့် လက်ရှိ Formal Financial Sector ကလည်း အတူလိုက်ပါဖွံ့ဖြိုးလာဖို့ အခွင့်အရေးလည်း မြင်ပါတယ်။ ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ အလားတူ ဝန်ဆောင်မှုတွေ ယှဉ်ပြိုင်ရင်း Industry တိုးတက်ဖို့ အခွင့်အလမ်းတွေ ဖော်ဆောင်လို့ရသလို၊ လက်ရှိ သမားရိုးကျဘဏ်တွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေကို ဆက်လက်တိုးတက်အောင်လုပ်သွားဖို့ အခွင့်အရေးရကြပါတယ်။ Informal Financial Sector ကို ပြောင်းလာနိုင်သလောက် မြန်မာနိုင်ငံက လူတွေအတွက် ကောင်းကျိုးရလာလေပဲ ဖြစ်ပါတယ်။ ပြီးတော့ Financial System ပိုဖန်တီးလုပ်ကိုင်လာသလောက် နိုင်ငံတွင်း ငွေအသွားအလာပိုပြီး မြင်သာထင်သာရှိလာမှာလည်းဖြစ်ပါတယ်။
Mobile Money စသုံးလာကြတဲ့အခါမှာ အသုံးပြုသူတွေ ကြုံလာရနိုင်တဲ့ Security Issue တွေ . . .
Moible Money ကလည်း တခြား Financil Sercies တွေလိုပဲ အားနည်းချက်အရှာခံရမှာ သေချာပါတယ်။ ဒါကြောင့် Provider တွေအနေနဲ့ ကိုယ့် System ကို ခိုင်မာစွာတည်ဆောင်ထားပြီး အဲဒီလို Risk တွေကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရပါတယ်။ ကျွန်တော့်တို့အနေနဲ့ Mobile Money အဲဒီဘက်အပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်။ Fraud တွေကို ကိုင်တွယ်ဖို့နဲ့ Customer တွေကို ကာကွယ်ပေးဖို့ System တွေကို ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။ Fraud Management နဲ့ Customer Protection အတွက် ကျွမ်းကျင်သူတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းစနစ်တွေအားလုံးလည်း ကျွန်တော်တို့မှာ ရှိပါတယ်။
အသုံးပြုသူတွေအတွက် အဓိကအရေးအကြီး ဆုံးအချက်ကတော့ သူတို့ရဲ့ Pin No ကို ထိန်းသိမ်းနိုင်ဖို့ပါ။ ATM Card တွေကိုအသုံးပြုသလိုပါပဲ။ ကိုယ့်ရဲ့ Pin No ကို သူများကို မပြောဖို့လိုပါတယ်။
ကျွန်တော်တို့ဘက်ကလည်း ၂၄ နာရီ ၇ ရက်လုံး Call Center ဖွင့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ သူတို့ Account တစ်ခုခုလုပ်ခံရတယ်လို့ သံသယရှိတာနဲ့ ဖုန်းဆက်အကူအညီတောင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်လည်း Customer တွေဆီက ယုံကြည်မှုရဖို့ အရေးတကြီး လိုအပ်တာကြောင့် ဒီလိုဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့နဲ့ Customer အရေးအကြီးဆုံးတည်ဆောက်သွားရမယ့် အပိုင်းပဲဖြစ်ပါတယ်။
နိုင်ငံတကာက Mobile Money Trend . . .
Mobile Money အတွက် အဓိက စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ Mobile Money ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုမိုအားကောင်းလာနေတယ်ဆိုတာပါပဲ။ ဥပမာ ကင်ညာနိုင်ငံမှာဆိုရင် လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ပုံမှန်လိုလို Mobile Money ကို အသုံးပြုကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာဆိုရင်တော့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်က ပုံမှန်သုံးကြတာပါ။ သြစတြေးလျလိုဈေးကွက်မျိုး အမေရိကန်လို ဈေးကွက်မျိုးဆိုရင်တော့ ဒီလောက်များတဲ့ ရာခိုင်နှုန်းတွေကို တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်တွေ့မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် Moible Financial Sevices တွေမှာ အရှေ့ရောက်နေတာကိုတွေ့ရမှာပါ။
ဖြူလဲ့မွန်