လုပ်ငန်းမိတ်ဆက် . . .
Voice Industry KTV က Premium Family KTV အမျိုးအစားပါ။ Bar နဲ့ Restaurant လည်း ပါပါတယ်။ KTV မှာ အကောင်းဆုံး Sound System တွေနဲ့ သီချင်းအစုံအလင် ရှိတယ်။
စတင်ခဲ့တဲ့ ခုနှစ်၊ လိပ်စာနဲ့ ဖုန်းနံပါတ် . . .
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လိပ်စာက Asia Business Center ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ဖြစ်ပြီး ဖုန်း ၀၉-၄၅၈၈၈၉၂၉၂ ကို ဆက်သွယ်နိုင်ပါတယ်။
ရည်ရွယ်ချက် . . .
KTV ရဲ့ အပြင်အဆင်တစ်ခုလုံးက ၁၉၈၀ ပြည့်နှစ်၊ ဓာတ်ပြားခေတ်က ပုံစံကို အခုခေတ်မှာ KTV ပုံစံမျိုးနဲ့ ပြုပြင်ပြောင်းလဲလိုက်တယ်ဆိုတဲ့ Concept ကို ယူထားတယ်။ ဒါကြောင့် အခန်းတွေကိုလည်း Pop ၊ Rock ၊ Hip Hop နဲ့ Country ဆိုပြီး မတူညီတဲ့ပုံစံလေးမျိုးနဲ့ ပြင်ဆင်ထားတယ်။ အခန်းတိုင်းမှာ Mini Stage နဲ့ Stand Mic တွေပါ ပါတယ်။
အခန်းအမျိုးအစားနဲ့ ဈေးနှုန်း . . .
Small ၊ Medium ၊ Large ၊ VIP ၊ VVIP ဆိုပြီး ငါးမျိုး ရှိတယ်။ Small က တစ်နာရီကို တစ်သောင်း၊ လေးယောက် ငါးယောက်လောက် ထိုင်လို့ ရတယ်။ Medium က တစ်နာရီ နှစ်သောင်းဖြစ်ပြီး လူ ခုနှစ်ယောက် ကနေ ဆယ်ယောက်အထိ ထိုင်လို့ ရတယ်။ Large က တစ်နာရီ သုံးသောင်း၊ လူဆယ့်ငါးယောက် အထိ ထိုင်လို့ ရတယ်။ VIP က တစ်နာရီ လေးသောင်း၊ လူနှစ်ဆယ်ယောက် အထိ ထိုင်လို့ ရတယ်။ VVIP မှာ Type A က ငါးသောင်း၊ Type B ခြောက်သောင်း ပါ။ VVIP မှာ လူနှစ်ဆယ့်ငါးယောက်အထိ ဆန့်ပြီး မွေးနေ့ပွဲတွေ၊ Step Party တွေအတွက် DJ လိုချင်တယ်ဆိုရင်လည်း ထည့်ပေးလို့ ရတယ်။
ထူးခြားချက် . . .
The Voice Industry မှာ Studio အသံထက် တအားမြင့်ပါတယ်။ Recording Studio က တံခါးမျိုးတွေ ထည့်ထားလို့ အခန်းတွေအားလုံး အသံလုံပါတယ်။ ပြီးတော့ သုံးထားတဲ့ Software လည်း ကိုယ်တိုင် Develop လုပ်ထားတယ်။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ဘာသာစကားတွေ သုံးလို့ရပြီး Hand Writing လည်း သုံးလို့ရတယ်။ Decoration ကိုလည်း ဆန်းသစ်ထားတယ်။
Bar နဲ့ Restaurant မှာ ရနိုင်တာတွေက . . .
Restaurant ကတော့ Chiness Food ကို အဓိကထားတယ်။ Menu ရှစ်ဆယ်၊ ကိုးဆယ်လောက်ရှိတယ်။ သောက်စရာတွေလည်း စုံစုံလင်လင်ရှိတယ်။
အနာဂတ်အစီအစဉ် . . .
KTV လောကမှာ အကောင်းဆုံး Sound System နဲ့ Software မှာ နောက်ထပ်ဘာသာစကားတွေ ထပ်ထည့်သွားမယ်။ နောက်ပိုင်းမှာ Customer တွေရဲ့ ဖုန်းနဲ့ သုံးလို့ရတဲ့အထိ လုပ်သွားမယ်။ ဒီလို KTV မျိုး ဖွင့်ချင်တဲ့သူတွေအတွက် Franchise သဘောမျိုးဖြစ်ဖြစ်၊ Counsultant သဘောမျိုးပဲဖြစ်ဖြစ် လုပ်သွားမယ်။ ၂၀၁၈ ခုနှစ်မှာ ဆိုင်ခွဲတွေ ထပ်ဖွင့်သွားဖို့ ရှိပါတယ်။