လက်ရှိလုပ်ငန်းအကြောင်းနဲ့ တာဝန်ယူထားတဲ့အပိုင်း . . .
Swan Arr Electronic က ကျွန်တော့်အဖေလက်ထက်ကစခဲ့ပြီး အဲဒီတုန်းက စထုတ်ခဲ့တဲ့ပစ္စည်းတွေက Automatic Voltage Regulator (Transformer) နဲ့ Inverter ၊ Emergency Lamp စတာတွေဖြစ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဈေးကွက်ပြောင်းလဲလာတာရယ်၊ လုပ်ငန်းချဲ့လာတာရယ်ကြောင့် လျှပ်စစ်လုပ်ငန်းအပြင် အခုတော့ Steel Furniture ၊ Doors & Windows ၊ ဆိုင်းဘုတ်၊ Souvenirs စတဲ့ လုပ်ငန်းတွေကိုလည်း လုပ်လာနိုင်ပါတယ်။ ဒါကြောင့် အခုတော့ ကုမ္ပဏီကို Swan Arr Electronic & Industries ကုမ္ပဏီအောက်မှာ လုပ်ငန်းခွဲလေးခုထပ်ရှိလာပြီး ကျွန်တော့်အနေနဲ့ အားလုံးကိုတာဝန်ယူပြီး အုပ်ချုပ်နေပါတယ်။
ကျွန်တော်စတာဝန်ယူခဲ့တာက လွန်ခဲ့တဲ့နှစ်နှစ်ကပါ။ အဲဒီတုန်းက အကြီးစားမိသားစုလုပ်ငန်းပုံစံပဲရှိသေးတယ်။ အဲဒီမှာက စက်ရုံမှူး၊ အရောင်းမန်နေဂျာတွေပဲရှိသေးတယ်။ ဒီဘက်ပိုင်းရောက်လာတော့ Organization Culture ကို တဖြည်းဖြည်းလေး ပြောင်းယူလာတယ်။ Officer တွေ စထားတယ်၊ မန်နေဂျာထားတယ်။ ပြီးတော့ Supervisor Post လေးတွေစထားတယ်။ တဖြည်းဖြည်းနဲ့ Organization Structure ကိုဆွဲဖြစ်သွားတယ်။ Complete Organization Structure ကိုဆွဲပြီးသွားတော့ Marketing Department ၊ Sales Department ၊ Procurement အကုန်လုံးကို ပြန်ခွဲခဲ့ပါတယ်။
ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့ Product တွေ . . .
ပထမတုန်းက Emergency Lamp နဲ့ စခဲ့တယ်။ အဲဒီနောက် မီးပြတ်တာများတဲ့အတွက် Inverter ဘက်ရောက်လာတယ်။ ပြီးတော့ မီးအားမငြိမ်တာတွေကိုဖြေရှင်းဖို့အတွက် Automatic Voltage Regulator (Transformer) တွေ ရှိတယ်။ အရင်တုန်းက မီးပြတ်လို့ဆိုပြီး တရုတ်ပြည်က ဓာတ်မီးလေးတွေလာတယ်။ အဲဒီဓာတ်မီးက မီးသီးနဲ့ သိပ်ပြီးတော့ထွန်းချင်တဲ့အချိန်လည်း သိပ်အထွန်းမခံတာ၊ အလင်းအားမကောင်းတာတွေကို ကျွန်တော်တို့ Chairman ကနေပြီးတော့ တီထွင်ပြီးလုပ်ခဲ့တဲ့ LED Eco-lamp ဆိုပြီး ထုတ်ခဲ့တယ်။ အဲဒီနောက်မှာ Solar Lamp ထပ်ရှိလာပါတယ်။ အဲဒါတွေက Category တစ်ခုပါ။ Safe Guard (Power Protector) တွေလည်းရှိပါတယ်။ Category အားဖြင့် Emergency Lamp ၊ Power Protector ၊ Inverter နဲ့ Voltage Regulator ဆိုပြီး လေးခုထုတ်နေပါတယ်။
ထုတ်ကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ပေးတဲ့အာမခံချက် . . .
ကျွန်တော်တို့ရဲ့ Own Product ဖြစ်တဲ့ Voltage Regulator အတွက် ဆယ်ရက်စမ်းသုံးခွင့်ပေးထားပါတယ်။ မကြိုက်ရင်ပြန်လဲလို့ရတယ်။ နောက်ဆုံးအဆင်လုံးဝမပြေရင် ငွေပြန်အမ်းပေးတဲ့အထိ လုပ်ပေးထားပါတယ်။ ပစ္စည်းအာမခံကိုလည်း နှစ်နှစ်ပေးထားတယ်။
Swan Arr Electronics ပစ္စည်းတွေ ဈေးကွက်မှာဘာကြောင့်နေရာရလာတာပါလဲ . . .
Own Technology ဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်ရဲ့ Demand အတိုင်း ပစ္စည်းကို လိုက်ပြီးတော့ပြောင်းလဲပေးနိုင်တယ်။ ရန်ကုန်က တချို့နေရာတွေမှာဆိုရင် မီးအားက တက်တာများတာ ရှိတယ်။ တက်တာ တအားမြန်လို့ မြန်မြန်မီးအားဖြတ်ရတဲ့ နေရာတွေရှိတယ်။ တချို့ Voltage Regulator က ဒီလိုလိုက်ပြီးတော့ မလုပ်နိုင်ဘူး။ တချို့နယ်တွေမှာကျတော့ မီးအားတအားကျတာရှိတယ်။ အဲဒါကိုလိုက်ပြီးတော့ Special Order တွေရှိရင် ကျွန်တော်တို့လုပ်ပေးနိုင်တယ်။ ပြီးတော့ ပျက်ရင်လည်း Service တွေပြန်လုပ်ပေးနိုင်တယ်။ Guarantee လည်း ပေးထားတယ်။ ကျွန်တော်တို့ဘာသာ ပြန်သုံးသပ်လို့ရတာက ကျွန်တော်တို့ရဲ့ Voltage Regulator တွေက Service လည်း ပေးတယ်၊ မာလည်း မာတယ်၊ အကြမ်းလည်းခံတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဈေးကွက်က သဘောကျတယ်။ ဒီ Voltage Regulator မှမဟုတ်ဘူး၊ Inverter ဆိုရင်လည်း ဒီလိုပါပဲ။
ဝန်ထမ်းအရေအတွက်နဲ့ ဆိုင်ခန်းတွေ . . .
ရန်ကုန်အပါအဝင်အကုန်လုံးဝန်ထမ်းက အကြမ်းဖျင်းသုံးရာဝန်းကျင်ရှိတယ်။ ရန်ကုန်မှာတော့ Swan Arr Electronic & Industries ရဲ့ Subbranch နှစ်ခုရှိတယ်။ မန္တလေးမှာ Swan Arr Electronic & Industries ရုံးချုပ်နဲ့ Showroom နှစ်ခုရှိပါတယ်။ UPVC ပြူတင်းပေါက် (AZ-BY) Showroom တစ်ခုနဲ့ Steel Furniture (Aung Ye Mon) Showroom တို့လည်း ရှိပါတယ်။ စက်ရုံတွေကတော့ မန္တလေးမှာ Voltage Regulator ၊ Inverter တွေ ထုတ်တဲ့စက်ရုံနဲ့ Steel Furniture ထုတ်တဲ့စက်ရုံတို့ ရှိပါတယ်။ ပြင်ဦးလွင်ဘက်မှာတော့ UPVC ပြူတင်းပေါက်စက်ရုံရှိပါတယ်။
Product လုပ်တဲ့အခါ Raw Material တွေနဲ့ တချို့အစိတ်အပိုင်းတွေကို ဘယ်ကသုံးလဲ . . .
Raw Material က Electronic Component တွေက တရုတ်ပြည်ကွမ်ကျိုးက ယူတာများတယ်။ Relay လို့ခေါ်တဲ့အပိုင်းက အိန္ဒိယက လာတာရှိတယ်၊ တရုတ်ပြည်က လာတာရှိတယ်။ တချို့ Component တွေက ယိုးဒယားက လာတာရှိတယ်။ အဓိက Voltage Regulator မှာ သုံးရတဲ့ Copper Wire ကလည်း အိန္ဒိယက လာတယ်။
ဖြန့်ဖြူးရေးကကော ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် တစ်နိုင်ငံလုံးလား . . .
Swan Arr Electronic အတွက်က ဖြန့်ဖြူးရေးအပိုင်းမှာ အရင်တုန်းကတည်းက Customer အဟောင်းတွေရှိတယ်။ သူတို့ကနေတဖြည်းဖြည်းနဲ့ ယူပြီးရောင်းရင်းနဲ့ အရောင်းကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်။ ယခုမြန်မာတစ်နိုင်ငံလုံးအနေနဲ့ အရောင်းကိုယ်စားလှယ် ၄၀၀ ကျော်လောက်ရှိပါတယ်။ Retail ဆိုင်တွေအနေနဲ့က မန္တလေးမှာ နှစ်ဆိုင်၊ ရန်ကုန်မှာနှစ်ဆိုင်ရှိပြီး ၂၀၁၈ ခုနှစ်ထဲမှာတော့ ထပ်ပြီးဖွင့်သွားဖို့ရှိတယ်။ ခုလောလောဆယ် မုံရွာ Branch ဖွင့်နိုင်ဖို့ စတင်ပြင်ဆင်နေပါတယ်။
Technology Update ဖြစ်အောင်၊ နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုလုပ်လဲ . . .
R&D မှာကို ကျွန်တော်တို့အလေးထားတယ်။ Investment လည်းလုပ်တယ်။ ကျွန်တော်တို့ရဲ့လက်ရှိ Technology က Automatic Voltage Regulator (Automation) Field မှာဆိုရင် Up to date တော်တော်လေးဖြစ်တယ်။ Triple E လို့ခေါ်တဲ့ Electrical & Electronic Engineering Society မှာရှိနေတဲ့ Paper တွေဆိုရင် Chairman ရော၊ Chief Science Officer ရောအမြဲတမ်းလေ့လာနေတာရှိတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး Technology Update လုပ်တာတွေကို တောက်လျှောက်စဉ်ဆက်မပြတ် လုပ်နေပါတယ်။ နောက်ထပ် Research အသစ်တွေကိုလည်း လုပ်နေပါတယ်။ R&D ကို အဖေ့လက်ထက်ကတည်းက အားသွန်ခွန်စိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
Management ဘက်အပိုင်းမှာ Marketing ၊ Social Media Present နဲ့ TV Commercial Present တွေကို ပိုပြီးအားစိုက်ခဲ့တာပါ။ အရင်တုန်းကတော့ ပစ္စည်းကောင်းရင်၊ ပစ္စည်းမာရင် ဝယ်တဲ့လူရှိမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပစ္စည်းကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ အခုတော့ ကျွန်တော်က အဲဒီအားအပြင်ကို ထပ်ပြီး Marketing Present တွေ ထပ်ထည့်တယ်။ Quality Control နဲ့ပတ်သက်ပြီးတော့လည်း တခြား Procedures တွေ အများကြီးထပ်ထည့်ထားတယ်။
International က လုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာနေပါတယ်။ တစ်နည်းအားဖြင့် Globalization ယန္တရားထဲမှာ ပါဝင်တော့မှာပါ။ အဲဒါကိုပဲ ကျွန်တော်က ယုံယုံကြည်ကြည်နဲ့ Global Platform တစ်ခုမှာ မြန်မာနိုင်ငံက ပါဝင်လာနိုင်တယ်ဆိုတဲ့ Vision နဲ့ လုပ်နေတာပါ။ ကျွန်တော်တို့ Mission Statement အရဆိုရင် Scientific Management လို့ခေါ်တဲ့ Management ဘာသာရပ်ကိုမှ ပိုပြီး Science နဲ့ Relate လုပ်ပြီးသွားတာကို ယုံကြည်တယ်။ Scientific Management ဆိုတာ Subjective မဖြစ်ဘူး။ ကိုယ်ရလာမယ့် Outcome က ဘယ်အရာကိုရမလဲ။ အဲဒါကိုပိုပြီးတော့ ဦးတည်သွားတယ်။ အဲဒါကြောင့် Data Collection ကိုလည်း လုပ်တယ်၊ ဂရုစိုက်တယ်။ Financial Data အပြင် တခြား Defect တွေရှိတယ်ဆိုရင်လည်း ပစ္စည်းတွေဘယ်လောက်ပျက်လဲ။ ဝင်လာတဲ့ပစ္စည်းတွေက အရည်အသွေးဘယ်လိုရှိလဲ။ Statistics တွေ အကုန်လုံးကို အဓိကအလေးထားတယ်။
ကျွန်တော်ကိုယ်တိုင်လည်း စင်ကာပူမှာ Electrical & Electronic Engineering နဲ့ Bachelor ယူထားတာဖြစ်လို့ ဒီလုပ်ငန်းရဲ့လုပ်နေတဲ့ ပစ္စည်းတွေအကုန်လုံးလည်း နားလည်ပါတယ်။ ကျွန်တော်တို့က R&D ကို အဓိကထားတယ်။ Development Stage မှာလည်း အများကြီးကူလို့ရအောင်၊ ရှေ့ရောက်အောင်လည်း Engineering ကို ယူခဲ့တယ်။ ပြီးတော့ ကျွန်တော်က Business ကို ပိုကြိုက်တဲ့အတွက် Master (MBA) ကို International Business မှာ ပြန်ပြောင်းယူထားတယ်။ အဲဒီတုန်းကတည်းက လုပ်ငန်းရဲ့ဖြစ်နိုင်တဲ့ အလားအလာတွေကို တစ်ခါတည်းထည့်ပြီး စဉ်းစားခဲ့တယ်။ Corporation တစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့အနေနဲ့Corporation လို့ ပြောရင် မြန်မာနိုင်ငံ Size နဲ့ဆို သေးတယ်။ Financial Capability နဲ့ဆိုရင် အတိုင်းအတာအားဖြင့်သေးတယ်။ သို့သော် ကျွန်တော့်ရဲ့ Vision က International က ဘယ်သူပဲလာပြီး Observe လုပ်လုပ် ကျွန်တော်တို့ရဲ့ Financial Statement တွေက သူတို့နားလည်တဲ့ Standard တစ်ခု ဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့ Operation Procedure တွေက လာကြည့်တဲ့သူတွေ နားလည်တဲ့အခြေအနေတစ်ခု ရှိနေရမယ်။ အဲဒီလိုဆိုရင် လုပ်ငန်းခွဲတွေထားထားလည်း ဒီလုပ်ငန်းခွဲတွေဘယ်လိုရှိတယ်ဆိုတာ သူတို့ကို ကျွန်တော်တို့ Strategic Business Unit ဘယ်နှခုရှိတယ်လို့ ပြောလိုက်ရင် ကျန်တဲ့နိုင်ငံခြားက ဘယ် Corporate က လူလာလာ သူတို့တန်းသိတယ်။ Organization Structure တွေက ဒီအတိုင်းရှိတယ်လို့ ထုတ်ပြလိုက်ရင် သူတို့နားလည်တယ်။ ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက နောက်ငါးနှစ်လောက်အတွင်းမှာ International Company တွေနဲ့ တော်တော်လေး Closely အလုပ်လုပ်ရတော့မယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ Preparation က ဒီအခြေအနေနဲ့ Match ဖြစ်နေတယ်ဆိုရင် တိုးတက်ဖို့အတွက်က အများကြီးမြန်သွားမယ်။ အဲဒီအချိန်ကျမှ စပြောင်းတာမဟုတ်ဘဲနဲ့ ကိုယ်ကကြိုပြီးပြောင်းထားမယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါကို ကျွန်တော်က ကြိုတွေးပြီး ကြိုမြင်ပြီး လုပ်ခဲ့ပါတယ်။
စတင်တာဝန်ယူပြီးနောက်ပိုင်းတွေ့ရတဲ့ Challenge နဲ့ ဘယ်လို Overcome လုပ်ခဲ့ပါသလဲ . . .
Family Organization Structure က Flat Structure ပါ။ ဝန်ထမ်းရှိတယ်၊ နောက်မန်နေဂျာရှိတယ်၊ ပြီးတော့ ပိုင်ရှင်ရောက်လာတယ်။ Layer က သုံးဆင့်ရှိတယ်။ အဲဒီကျတော့ ဝန်ထမ်းရဲ့ခံစားချက်တွေက တန်းပြီးတော့ ပိုင်ရှင်နဲ့ပြောလို့ရတာရှိတယ်။ Decision Making တချို့က Process နည်းနည်းမြန်တယ်။ ဘာလို့လဲဆိုတော့ အဆင့်သုံးဆင့်လေးပဲ ဖြတ်ရလို့ပါ။ အဲဒီအခါ သူတို့ရဲ့တာဝန်ခွဲဝေမှုတွေနဲ့ နေ့စဉ်ဖြစ်တဲ့ပြဿနာတွေကို ရောက်လာတဲ့အချိန်မှာကျတော့ လုပ်ငန်းရှင်ဆီကို အကုန်ပြုံပြီးရောက်လာတယ်။ အဲဒီအချိန်မှာ လုပ်ငန်းရှင်ဆီက အဲဒါတွေအကုန်လုံးကို ဖြေရှင်းရတယ်။ ကြားထဲမှာခံတဲ့မန်နေဂျာကလည်း တစ်ယောက်လောက်ပဲရှိတာ။ တစ်ခါတလေမှာ မန်နေဂျာက သူကိုယ်တိုင်မဖြေရှင်းနိုင်တာရှိတယ်။ တစ်ယောက်တည်းကနေပဲ အုပ်ချုပ်ပြီးတော့ ပြန်ပြောပြနေရတယ်။ အဲဒီအခါ တာဝန်အကုန်လုံးက သူ့ဆီမှာရှိတယ်။ Role & Responsibilities ထားလိုက်တဲ့အတွက် Power Distribution ဖြစ်သွားတယ်။ အဲဒီအတွက် သူတို့ဘာသာသူတို့ Improve လုပ်ချင်တဲ့ ကဏ္ဍတွေမှာလည်း သူတို့ Improve လုပ်နိုင်သွားတယ်။ Decision Making Process ကတော့ Bureaucracy နည်းနည်းဆန်သွားတဲ့အတွက် တစ်ခါတလေ နှေးတာတွေရှိတယ်။ Pros & Cons ကတော့ ရှိတာပါပဲ။
Family Type မှာတုန်းက လူတွေရဲ့ခံစားချက်က ခေါင်းဆောင်တဲ့သူနဲ့ နီးနီးကပ်ကပ်ရှိတယ်။ ဒီဘက်မှာတော့ သူတို့ဝေးသွားတဲ့အတွက် တစ်ခါတလေ Organization မှာမငြိမ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ Respect က တစ်ခါတလေမှာ သူတို့ရဲ့မန်နေဂျာ၊ Supervisor ပေါ် မှာ အားနည်းတာလေးတွေရှိတယ်။ အဲဒီအခါ ဒီလူကို ကျွန်တော်တို့ ယုံကြည်လို့ခန့်ထားတာ၊ သူ့ကိုဘယ်လို Train ပေးထားတယ်၊ သူ့ကိုယုံကြည်ပါ၊ ပြောစရာရှိရင် ဒီလူကိုပြောပါ၊ တိုင်ပင်ပါ Bottom-up Structure ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ Feedback တွေအကုန်လုံးက အပေါ်ကိုပြန်ရောက်ပါတယ် အစရှိသဖြင့် ပြန်ပြောပြပေးရပါတယ်။
ကျွန်တော်တို့က Objective ပေါ်မှာပဲ အဓိကထားပြီးတော့ အလုပ်လုပ်တာကို သဘောကျတယ်။ လုပ် ငန်းမစခင်မှာ Training ပေးတဲ့အချိန်မှာ Code of Ethics က ဘယ်လိုရှိတယ်၊ ရာထူးကြီးတဲ့နေရာမှာ နေရတဲ့အတွက် သူတို့ရဲ့ Behaviour တွေက Family Type ကနေပြီး ကုမ္ပဏီ Structure ကို ပြောင်းလိုက်တဲ့အချိန်မှာ တခြား Layer မှာရှိတဲ့လူတွေက သူတို့ကိုကြည့်ပြီးတော့မှ လုပ်နေကြတယ်ဆိုတာကိုလည်း သေသေချာချာပြောပေးရတယ်။ အရင်က ကျွန်တော်တို့ အလုပ်ချိန်နည်းနည်းတော့ နောက်ကျလို့ရရင်ရမယ်၊ ဒါပေမဲ့ အခုဒီလိုနှစ်အတောအတွင်းမှာဆိုရင် ကိုယ်ကအရာရှိဖြစ်နေပြီဆိုရင် ငါးမိနစ်တောင်နောက်ကျလို့မရဘူးဆိုတဲ့ပုံစံမျိုးတော့ ပြောပြလေ့ရှိတယ်။ ကျွန်တော့်အနေနဲ့က Visionary Leadership ဖြစ်တဲ့အတွက် ကုမ္ပဏီ Vision ၊ Mission တွေနဲ့ Bigger Picture ကိုပဲအမြဲသွားလေ့ရှိတယ်။ အဲဒီကြောင့် Micro-management ကို မလုပ်ဘူး။ Micro-management ကို လုပ်ရင်ဘာဖြစ်လဲဆိုတော့ Chain of Command မှာ Micro-management လုပ်လိုက်ရင် ကိုယ့်ဝန်ထမ်းရဲ့ လက်အောက်ငယ်သားက သူ့ရဲ့ Authority ကို Undermine ဖြစ်သွားစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
လက်ရှိဈေးကွက်မှာ ရောင်းအားအခြေအနေ . . .
အထက်မြန်မာပြည်မှာဆိုရင်တော့ Product တွေက Market Leader အဖြစ်ရှိတယ်။ အောက်မြန်မာပြည် အဓိကရန်ကုန်ဈေးကွက်မှာတော့ Market Present က အဲဒီလောက်မရှိဘူး။ အခုတော့ ရန်ကုန်အတွက် Market Penetration ကို အားသွန်ခွန်စိုက်လုပ်နေတာ ခြောက်လလောက်တော့ရှိပြီ။ TV Commercial Present အချို့နဲ့ Retail Shop အသစ်ဖွင့်တာပါတယ်။ တခြား Research တွေလည်းလုပ်နေတယ်။ အောက်မြန်မာပြည်ဆိုတာ ရန်ကုန်တစ်ခုတည်းတော့မဟုတ်ဘူး၊တခြားနယ်တွေကိုလည်း ထပ်ပြီးလုပ်မှာပါ။ ကျွန်တော်တို့ပေးနေတဲ့ Service နဲ့သွားနေတဲ့ပုံစံက Retailoriented တော့ ပိုဖြစ်တယ်။ Retail မှာ ဆယ်ရက်စမ်းသုံးကြည့်ခွင့်ကို ပေးလို့ရတယ်။ နယ်ကိုယ်စားလှယ်တချို့ကျတော့ ကျွန်တော်တို့ပြောချင်တဲ့ပုံစံအတိုင်း မလုပ်ပေးနိုင်တာတော့ရှိတယ်။ သူတို့ရဲ့ Limitation တွေကြောင့်ဖြစ်တဲ့အတွက် သူတို့ကိုအပြစ်ပြောလို့တော့မရဘူး။ အောက်မြန်မာပြည်ဈေးကွက်ကို သွားချင်တယ်ဆိုရင် တခြား ဘားအံ၊ မော်လမြိုင်၊ ပဲခူးတို့၊ ကျွန်တော်တို့ရဲ့ Distributor လည်း နည်းတဲ့နေရာတွေမှာ Retail Shopတွေ ဆက်ဖွင့်သွားဖို့ရှိတယ်။
ကုမ္ပဏီအနေနဲ့ အနာဂတ်အစီအစဉ် . . .
Swan Arr Electronic & Industries အနေနဲ့ ကျွန်တော်တို့ ပစ္စည်းတွေက အကြမ်းဖျင်းသုံးသပ်ရရင် ဆယ်နှစ်လောက်ထိပဲ Vision ရှိတော့တယ်။ အဲဒီ Develop လုပ်နေတဲ့အခြား Electrical Product တွေရှိတယ်။ ဥပမာ- Smart Home System လိုမျိုးပါ။ အခုက Votage Regulation တစ်ခုတည်းပဲလုပ်ပေးတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ User တွေရဲ့ Demand အရ Voltage Regulation တစ်ခုတည်းနဲ့မလောက်တော့ဘူး။ ဖုန်းပေါ်ကနေ Application နဲ့ အိမ်တစ်ခုလုံးရဲ့ Electrical System ကို ထိန်းချုပ်ချင်တဲ့ အနေအထားလောက်မှာရှိလာနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့အားစိုက်ပြီးလုပ်နေတယ်။ အဲဒီမှာတော့ Sensor တွေပါလာတယ်။ ကျွန်တော်တို့ Electrical Units တွေ ဈေးကြီးလာပြီဆိုရင် လူဖြတ်သွားမှမီးလင်းပြီး လူမရှိတော့ရင် မီးပိတ်တဲ့စနစ်တွေ Smart Room System အတွက် သွားနေပါတယ်။ ကျန်တဲ့လုပ်ငန်းခွဲတွေကလည်း သူတို့ဘာသာ သူတို့တော့ ဆက်ပြီး Develop ဖြစ်နေတယ်။ UPVC Doors & Windows လုပ်ငန်းကတော့ တော်တော်လေးအရှိန်ရလာနေပါတယ်။ အဲဒါက ကျွန်တော်တို့လုပ်ငန်းရဲ့ ရည်ရွယ်ချက်နောက်တစ်ခုက Eco-friendly ဖြစ်တာကို သဘောကျတယ်။ ကျွန်တော်တို့ရဲ့ Product တွေ Invertor ဆိုရင်လည်း Generator နဲ့စာရင် ပိုပြီး Eco-friendly ဖြစ်တယ်၊ Sustainable ဖြစ်တယ်။ UPVC Doors &Windows ဆိုရင်လည်း အဲဒါက Eco-friendly Product ပဲဖြစ်တယ်။ Recyclable လုပ်လို့ရတယ်။ အလူမီနီယမ်တို့၊ တခြားသစ်သားတို့နဲ့စာရင် ပိုပြီး Sustainable ဖြစ်ပါတယ်။