Rotary Club က ၁၉၀၅ ခုနှစ်က အမေရိကန်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အခုဆိုရင် ၁၂၂ နှစ် ရှိသွားပါပြီ။ Rotary Club က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က Rotary Club of Yangon ဆိုပြီး မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ခြောက်ဆယ်ကျော်ရှိတဲ့အထဲမှာ မြန်မာနဲ့နိုင်ငံခြားသားတွေ ပါဝင်ပါတယ်။ Rotary Club ကို Business Leader ၊ Social Leader ၊ Professional တွေကို စုစည်းပြီးတော့ Commercial လိုအပ်ချက်၊ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်တွေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို တတ်နိုင်သလောက်ကူညီဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးလလောက်က စပြီး ထိုင်း၊ မလေးရှားနိုင်ငံတွေလိုမျိုး Myanmar Speaking Club ရှိလာပါပြီ။ Tourism ၊ Media ၊ IT ၊ Law Firm ၊ Construction ၊ Education ၊ Engineer နယ်ပယ်က တာဝန်ရှိပုဂ္ဂိုလ်တွေက Roary Club of Central Yangon ဆိုပြီး ထပ်မံတည်ထောင်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့မှာ Rotary Club နှစ်ခု ရှိသွားပြီ။ ကျွန်တော်တို့က Bangkok District ၃,၃၅၀ ရဲ့ အောက်မှာပဲ ရှိသေးတယ်။ အနည်းဆုံးတစ်ထောင်ကျော်မှ District တစ်ခုလုပ်လို့ ရမှာပါ။ အခုဆိုရင် Rotary Club of Yangon နဲ့ Rotary Club of Central Yangon ဆိုပြီး နှစ်ခုဖြစ်လာပြီ။ ကျွန်တော်တို့က သိပ်မကြာသေးခင်ကမှ ဘန်ကောက်သွားပြီး District တွေ သွားတက်ပြီး လက်ခံလိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ကို Membership Fundamental List တွေ ပို့လိုက်တယ်။ ဒီမှာဖွဲ့စည်းဖြစ်တဲ့ အဓိကရည်ရွယ်ချက်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်တွေမှာ အတတ်နိုင်ဆုံး ကူညီသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တခြားနိုင်ငံက ကျွန်တော်တို့ကို ကူညီပေးချင်တဲ့ Rotary Club အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တယ်။ မနှစ်ကလည်း ကျွန်တော်တို့နိုင်ငံကို စုပေါင်း Rotary Club တွေကနေ Income ရော၊ In-cash ရောဝင်လာတာ တစ်သန်းကျော်ကျော်ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်တွေမှာ ကျွန်တော်တို့ ဝိုင်းဝန်းကူညီပံ့ပိုးနိုင်အောင်လည်း Rotary Club က Sponsorship ပေးခဲ့တယ်။ တခြားအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးကျော်ကျော်လှိုင်၊ ဒေါက်တာသန်းဝင်း၊ ဒေါ်ဟေမာန်အောင်၊ ဒေါ်လဲ့လဲ့တို့ ဝိုင်းဝန်းကူညီကြလို့ RCCY ဖြစ်လာခဲ့ပါတယ်။
အဓိကကတော့ စီးပွားရေးနယ်ပယ်က Chairman ၊ CEO ၊ Key Position မှာပါဝင်နေတဲ့ Director ၊ General Manager တွေ ရှိပါတယ်။ အရေးကြီးကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းရာမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဓိကပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဖွဲ့ဝင်သစ်တွေ ဆက်ပြီး လက်ခံသွားဖို့ ရှိပါတယ်။
လစဉ်လတိုင်းရဲ့ ဒုတိယပတ်နဲ့ နောက်ဆုံးပတ်မှာ RCCY အဖွဲ့ဝင်တွေ Chatrium Hotel မှာ တွေ့ပြီး လုပ်စရာရှိတာတွေကို Meeting မှာ ဆွေးနွေးတင်ပြတယ်။ ဆက်သွယ်လာတဲ့လူတွေကို Coordinate လုပ်ပေးတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Activity တွေ စပြီး လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ကျွန်တော်နဲ့ ဆက်သွယ်လို့ ရပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ RCYM ဒေါ်သီရိ၊ ဒေါ်တင်ဇာတို့နဲ့လည်း ဆက်သွယ်နိုင်ပါတယ်။
လာမယ့် ၂၀၁၇-၁၈ မှာတော့ President က All Asia Exclusive Travel ရဲ့ Managing Director ဦးဖြိုးဝေရာဇာ ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ကတော့ Ingyin Development ရဲ့ Managing Director ဦးစိုးမင်းအောင် ဖြစ်ပါတယ်။ အတွင်းရေးမှူး ဦးအောင်သူရ၊ Treasure ဦးအောင်ကျော်သူတို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်စုစုပေါင်း အယောက်သုံးဆယ်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာ ဆက်လက်တိုးချဲ့သွားဖို့ ရှိပါတယ်။
အယ်ဒီတာအဖွဲ့