ကိုယ်တိုင်လည်း ဧည့်လမ်းညွှန်လုပ်ခဲ့ဖူးသလို Tourism လုပ်ငန်းအတွေ့အကြုံတွေလည်းရှိတဲ့ ဦးတံခွန်ကို သူဦးဆောင်တည်ထောင်ခဲ့တဲ့ D&T Myanmar Travel နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ . . .
မန္တလေးတက္ကသိုလ်မှာ BACHELOR OF SCIENCE (CHEMISTRY) နဲ့ ကျောင်းပြီးပါတယ်။ အဲဒါပြီးတော့ သြစတြေးလျကို သွားတယ်။ အဲဒီမှာ MBA ပြီးတော့ ပြန်လာပါတယ်။ ပြန်လာပြီးတော့ အဲဒီအချိန်မှာ Tour Guide လုပ်တယ်။ နောက်ထပ် Scholarship ရတော့ Master နောက်ထပ်တစ်ဘွဲ့ယူတယ်။ ပြန်လာပြီးတော့ ကျင်လည်ခဲ့တဲ့လုပ်ငန်းခွင်ကတော့ Hotel Life နဲ့ အဓိက Tourism ပိုင်းဖြစ်ပါတယ်။
D & T Myanmar Travels ကို စတင်ခဲ့ပုံ . . .
လက်ရှိ Tour ကုမ္ပဏီကို၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကိုယ်တိုင်လည်း ၁၂ နှစ်လောက် Guide လိုက်ဖူးတယ်။ ပြည်ပမှာ အတွေ့အကြုံကလည်း ရခဲ့ပြီးပြီ။ သူတို့ လိုချင်တာတွေကိုလည်း ဖန်တီးပေးနိုင်တယ်။ Service ကိုလည်း သူများထက်ကောင်းအောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ D & T Myanmar Travel ကို စခဲ့တယ်။
ကျွန်တော် ကုမ္ပဏီ မစတင်ခင်က ရန်ကုန်မှာပဲ နေသင့်တယ်လို့ ကျွန်တော်တွေးတယ်။ ဒါပေမဲ့ သေချာဆန်းစစ်ကြည့်လိုက်တော့ မန္တလေးမှာ International Airport ရှိတယ်။ ရန်ကုန်က နောက်ပိုင်း မြို့ပြဆန်လာပြီး တအားကျပ်တည်းလာပြီး Sightseeing အနေနဲ့လည်း အများကြီးမရှိဘူး။ မြန်မာနိုင်ငံအထက်ပိုင်းက ပိုများတယ်။ လုပ်ငန်းအတွက်လည်း Advantage ပိုရှိလာမယ်လို့ ထင်လို့ မန္တလေးမှာ အခြေတည်ခဲ့ပါတယ်။ Branch Office တွေအနေနဲ့ ရန်ကုန်၊ ပုဂံ၊ အင်းလေးမှာလည်း ရှိပါတယ်။ နေပြည်တော်မှာတော့ Rep-Office ရှိပါတယ်။
Mandalay Boutique Curise နဲ့ ပတ်သက်လို့ . . .
မြန်မာ Toru Company တွေတော်တော်များများက များသောအားဖြင့် ဥပမာ- စားသောက်ဆိုင်လေးတွေ ဖွင့်ကြတယ်။ ကားတွေ ထောင်ကြပါတယ်။ ဒါက Survival အနေနဲ့ပါ။ ကုမ္ပဏီတစ်ခု တည်ထောင်ပြီးတော့ Survival က အဓိကပါပဲ။ ကိုယ့်မှာ Cash Flow က အပြင်ကနေ ရနေမှာ။ ကျွန်တော်တို့ဆီမှာ Ticketing ရှိတယ်။ အဓိကကတော့ In-Bound ပေါ့။ Out-Bound လည်းရှိတယ်။ အဲဒီလို Pillar တွေနဲ့ ထောက်ပြီးတော့ ဝင်ငွေရအောင် ရှာရတာပါတယ်။ အဲဒီမှာ ကျွန်တော်က Cruise ကို သွားတွေ့တယ်။ လောလောဆယ်မှာ မြစ်ထဲမှာ Cruise တော်တော်လေး များနေပါတယ်။ သင်္ဘောအကြီးတွေ များနေပါတယ်။ ဒါပေမဲ့ Exclusive ဖြစ်တဲ့ သင်္ဘောအသေးလေးတွေက နည်းနည်းရှားပါသေးတယ်။ အဲဒီတော့ ဒီ Market ရှိတယ်ဆိုပြီး ကျွန်တော် Mandalay Boutique Cruise ဆိုပြီး စလုပ်ခဲ့ပါတယ်။ Cruise က ၂၀၁၅ ခုနှစ် အကုန်မှာ စတယ်။ အဲဒီ Dinning Cruise တွေက နိုင်ငံတော်တော်များများမှာ ရှိပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မန္တလေးမှာ မရှိသေးပါဘူး။ မရှိတော့ လူတိုင်းက မင်းကွန်းကို သွားကြတယ်။ လျှောက်ကြည့်ကြတယ်။ ပြီးတော့ ညကျ Dinner အဲဒီမှာ စားတာပေါ့။ အဲဒါကို အခြေခံပြီးတော့ ကျွန်တော် Dining Cruise ကို လုပ်ခဲ့တာပါ။ သူက လူတစ်ရာလောက် ဆံ့တယ်။
ကျွန်တော်တို့က Market အသစ်ဆိုတော့ နည်း နည်းတော့ဖောက်ရတယ်။ Market Awareness ရဖို့ Tour Company ကြီးတွေက သူတို့ရဲ့ Program မှာထည့်ဆွဲရောင်းဖို့ ကြိုးစားရပါတယ်။ အဲဒီအချိန်က ကျွန်တော် Target ထားလိုက်တာက နိုင်ငံခြားသား အဓိကပါ။ ကျွန်တော်အခု Market ရလာတာက အများအားဖြင့် Local တွေ ဖြစ်နေပါတယ်။ ဒီအတွေ့အကြုံကို Local တွေ တော်တော်ကြိုက်ကြတယ်။ Feedback က သိပ်ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက တအားကြီး မဖွံ့ဖြိုးသေးတဲ့အတွက် ထိုင်းလို လူအမြဲတမ်း မပြည့်နေဘူး။ အဲဒီမှာ ကိုယ်မျှော်လင့်ထားတဲ့ Target က ရောက်တော့ ရောက်တယ်။ Potential ရှိသလောက် အနေအထားကိုတော့ မရောက်သေးပါဘူး။
နောက်ထပ် Cruise တွေလည်း ထပ်လုပ်နေပါတယ်။ Cruise အသေးတွေပါပဲ။ ဒါပေမဲ့ Iuxurious ဖြစ်မယ်။ အထဲမှာ အကုန်လုံးပါမယ်။ အိပ်ခန်းလည်းပါတယ်။ Hotel Amenities အကုန်လုံးပါမယ်။ Target Individual ရော Group ရောပေါ့။ အိပ်ခန်းက ခြောက်ခန်းလောက်ပဲပါမှာဆိုတော့ လူအလွန်ဆုံးဆံ့ ၁၂ယောက်ပါပဲ။ Execlusive Tour လိုဖြစ်သွားပြီ။ ကျွန်တော်က အဲဒါကို Target ထားပြီးတော့ အခုစလုပ်ခဲ့တာ။ ဒီ အောက်တိုဘာလထဲမှာ နှစ်စီးထွက်လာမယ်။ အဲဒါက ဧရာဝတီ မြစ်တစ်ကြောရယ်၊ ချင်းတွင်းမြစ်ရယ် အဓိကပေါ့။ Highway သွားမှာ။ တချို့Trip တွေဆို တော်တော်လေးကြာမှာ။ ခုနစ်ည၊ ရှစ်ည ရှိပါမယ်။ အဲဒါကတော့ Set Date နဲ့လည်း သွားမယ်။ Charter အနေနဲ့လည်း သွားမယ်။ Set Date ဆိုတာ ဘယ်နေ့မှာ ဘယ် View ကနေစပြီး စီးလို့ ရတယ်ဆိုတာပါ။ Charter ကတော့ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာခေါ်ပြီး စီးလို့ရတယ်။ တချို့ကလည်း Bagan ကနေစပြီး စီးချင်တယ်။ တချို့ကလည်း ဗန်းမော်ကနေ စစီးချင်တယ်။ အဲဒါက နိုင်ငံခြားသား တော်တော်များများ ကြိုက်တယ်။ မြန်မာဈေးကွက် မရှိသေးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အာရှသားတွေလည်း တော်တော်လေး ကြိုက်ကြတယ်။ စင်ကာပူတို့ ၊ ထိုင်းတို့ ၊ ဟောင်ကောင်တို့ အဲဒီက လူတွေက ဒီလိုခံစားချက်မျိုး အလွန်ရချင်တယ်။
Online Booking Trend နဲ့ ပတ်သက်လို့ . . .
Online ကနေ အရင်ကြည့်ပြီး ခရီးသွားတာက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ များလာတာပဲ ရှိတယ်။ နည်းမသွားဘူး။ ဘာလို့လဲဆိုတော့ Online ကြည့်တဲ့လူ Market Segment က အသက်လေးဆယ်အောက်မှာ ပိုများတယ်။ အဲဒီလူတွေက Online Booking ပိုများတယ်။ အသက်လေးဆယ်အထက် Internet Age ကို ကျော်သွားတဲ့သူတွေကတော့ အခုချိန်ထိ ဆိုင်တစ်ဆိုင်ကိုသွားပြီး ဝယ်ချင်ကြတုန်းပါပဲ။ ကျွန်တော့်ရဲ့ Focus က New Market ဆိုတော့ နည်းနည်းလေးတော့ ကွဲပြားပါတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာတုန်းက ကျွန်တော်တို့ တစ်နိုင်ငံလုံး Car Rally လုပ်ခဲ့တယ်။ အိန္ဒိယ-မြန်မာ-ထိုင်းချစ်ကြည်ရေး ကားပြိုင်ပွဲမှာ လူအယောက် ၆၅ ယောက်လောက်ပါတယ်။ (India, Myanmar and Thailand Friendship Motor Car Rally, 2016) မြန်မာပြည်ထဲက ဖြတ်သွားတယ်။ အဲဒါမျိုးက ဒီ Internet နဲ့ မလုပ်လို့ မရဘူး။ Arrangement တွေ အများကြီးလုပ်ရတာပါတယ်။ နောက်ပြီး ကျောင်းတွေက Research Trip တွေလုပ်တယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ အမေရိကန်ကျောင်းက တစ်ဖွဲ့ရှိခဲ့တယ်။ အဲဒီတစ်ဖွဲ့က သူတို့ကိုယ်တိုင် စပါးစိုက်ချင်တာတို့၊ အင်းထဲမှာ သူတို့ကိုယ်တိုင် ကျွန်းလေးတွေ လုပ်ချင်တာတို့လို တကယ့် Field Experience လုပ်ပြီးတော့ စာတမ်းလုပ်ချင်တာရှိတယ်။ အဲဒါမျိုးကို ကျွန်တော် Handle လုပ်ပေးတာရှိတယ်။ ဒီ Market က လူသိပ်မရှိသေးဘူး။ ပုံမှန်သွားတဲ့ Tour မရောင်းဘူးလားဆိုတော့ ရောင်းပါတယ်။ ကျွန်တော် Guide လိုက်တုန်းက ခင်ခဲ့တဲ့ အမြဲတမ်းဧည့်သည်တွေ ရှိတယ်။ ကုမ္ပဏီသေးသေးလေးတွေ ရှိတယ်။ သူတို့ကတော့ ပုံမှန် Package လေးတွေပေါ့။ ရန်ကုန်-မန္တလေး-အင်းလေး-ပုဂံဆိုတဲ့ Package တွေ ရှိတယ်။ သူတို့က အသစ်အဆန်း သွားချင်တာရှိရင် ဥပမာ-ချင်းပြည်နယ်ကို သွားမယ်။ သီပေါဘက်သွားမယ်ဆိုရင် အဲဒါလေးတွေကို ထပ်ထည့်တာတွေ ရှိတယ်။ ဒါကတော့ Request ပေါ်မှာ မူတည်ပြီး သွားတာအမျိုးမျိုး လုပ်ပေးပါတယ်။ နောက်ပြီး In-bound ရော Out-bound ရော Website ရှိပါတယ်။ Facebook လည်း ရှိတယ်။ Trip Advisor တို့ အဲဒီမှာလည်း ရှိပါတယ်။ အခုနောက်ပိုင်း အဲဒီလို Website တွေမှာ Review တွေ ကြည့်ပြီး ဘယ်သွားမလဲလို့ စဉ်းစားလာကြတာများတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ . . .
များသောအားဖြင့် ကိုယ်ပိုင်လုပ်ငန်း စတင်ချင်တဲ့သူတွေအတွက် ပထမဆုံးကြုံတွေ့ရတာက Funding အခက်အခဲပါ။ ကျွန်တော် စခဲ့တုန်းကလည်း ကျွန်တော့်မှာ လုပ်ငန်းအတွေ့အကြုံ ရှိတယ်။ လုံလောက်တဲ့ Education ရှိတယ်။ ဒါပေမဲ့ Funding က မလွယ်ကူပါဘူး။ သူများနိုင်ငံတွေလို Startup Funding ကျွန်တော်တို့မှာ မရှိဘူး။ လက်ရှိအချိန်အထိ နိုင်ငံတော်ကလည်း SME ကို ထိထိရောက်ရောက် အားမပေးနိုင်သေးတာလည်း ပါတယ်။
ကျွန်တော် လုပ်ခဲ့တုန်းကလည်း ပထမတစ်နှစ်မှာ Market ရအောင် ကြိုးစားတယ်။ Market ရဖို့ ကြိုးစားတုန်းကလည်း အဓိက နိုင်ငံခြားကုမ္ပဏီအကြီးတွေနဲ့ ချိတ်ယူထားပြီးသား Tour ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြီးတော့ Market Share ကို ယူရတယ်။ ယူရတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ Marketing Cost က လုံလုံလောက်လောက် မသုံးနိုင်ခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် Marketing Cost က တော်တော်များပါတယ်။ နိုင်ငံတကာ Trade Show တွေ သွားရမယ်ဆိုရင် ကုန်ကျစရိတ်တွေက များပါတယ်။ ဒီပွဲတွေကလည်း လစဉ်လတိုင်းလိုလို ရှိနေတာတွေပါ။ ဒီ Cost က ကျွန်တော်တို့လို ကုမ္ပဏီအသေးလေးတွေအတွက် မတတ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရတဲ့ Market ကိုပဲ ဝင်ရတယ်။ အောက် Market လေးတွေဆီပဲ သွားရတာမျိုး ရှိပါတယ်။
မန္တလေးက လက်ရှိအခြေအနေကို ဘယ်လိုမြင်လဲ . . .
Tourism ကတော့ အမြဲတမ်း တစ်ပြေးတည်းတော့ မရှိဘူး။ တက်လိုက် ကျလိုက်ပါပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ မန္တလေးမှာ Market Trend က မျှော်လင့်ထားတာထက် ၂၀- ၂၅ ရာခိုင်နှုန်းလောက် နည်းတယ်။ Political Stability က စကားပြောတယ်လို့ ထင်တယ်။ အချို့နိုင်ငံတွေဆို အန္တရာယ်ရှိတဲ့ နေရာတွေကို မသွားကြဘူး။
အနာဂတ်အတွက် Tourism အလားအလာ . . .
ကျွန်တော်တို့မှာ ကောင်းတာလေးတွေ ပြောရရင်တော့ နိုင်ငံဖွင့်ခါစ၊ Tourism က စတင်ဖွံ့ဖြိုးခါစဆိုတော့ Market Opportunity တွေ အများကြီးရှိခဲ့တယ်။ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ Tour တွေ ပိုဝင်လာမယ်လို့ မျှော်လင့်ထားတာပါ။ ပထမ တစ်နှစ်၊ နှစ်နှစ်မှာ တိုးတက်နှုန်း နည်းသေးပေမယ့် နောက်ပိုင်းမှာ Potential က အများကြီး ရှိပါတယ်။ ကျွန်တော်တို့မှာ Tourism Infrastructure လည်း အားနည်းနေသေးတာကြောင့်လည်း ပါပါတယ်။ ဒီ့ပြင် နိုင်ငံတွေကြည့်လိုက်ရင် ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဆို တိုးတက်နေတာ ကြာနေပါပြီ။ သူတို့နိုင်ငံက Tour Site တွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့နိုင်ငံက တကယ့်ကို un-explore အခြေအနေမှာရှိပါတယ်။ ဒါကြောင့် Potential ရှိတယ်။
ကျွန်တော်တို့ နိုင်ငံက Economic Trend ကတော့ လုံး၀ Basic ပဲ ဖြစ်သေးတဲ့အတွက် တိုးတက်စရာ နည်းလမ်းအများကြီး ရှိသေးတယ်။ Tourism Master Plan မှာ ခုနစ်သန်းလို့ မှန်းထားတာပါ။ ဒါပေမဲ့ Potential က ခုနစ်သန်းမကဘူးလို့ ကျွန်တော်မြင်ပါတယ်။ တကယ်ကို Tourismfriendly Service တွေ ပေးလာနိုင်မယ်။ ထိုင်းမှာလို Tourist တွေဆီကနေ နည်းလမ်းအမျိုးမျိုးနဲ့ ငွေရအောင် လုပ်နိုင်ရင်တော့ ဆယ်သန်းလည်း မကဘူး၊ ဝင်လာနိုင်ပါတယ်။ လက်ရှိကျွန်တော်တို့ဆီမှာ Statistics အရ လေးသန်းဝန်းကျင် ရှိပါတယ်။
ဖြူလဲ့မွန်