ကျန်ရှိနေသည့်သက်တမ်းအတွင်း လက်ရှိအစိုးရ ပြောင်းလဲသင့်သည်များ : ဦးမြင့်ဦး

[caption id="attachment_7008" align="alignnone" width="264"]ဦးမြင့်ဦး CEO (Bella Interiors Co Ltd) ဦးမြင့်ဦး
CEO (Bella Interiors Co Ltd)[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲ များ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေးပြုပြင်ပြောင်းလဲသင့်သည်များကို ဦးမြင့်ဦး CEO (Bella Interiors Co Ltd) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ ပွင့်လင်းမြင်သာတဲ့စီးပွားရေးဖြစ်ဖို့လို အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိတဲ့စီးပွားရေးကို အရေးကြီးဆုံးအခန်းကဏ္ဍအနေနဲ့ ဦးစားပေးပြောင်းလဲသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အခု သွားနေတဲ့လမ်းကြောင်းဟာ အစကနေဆိုရင်အရင်အတိုင်းပါပဲ။ စီးပွားရေးနဲ့ပတ်သက်လို့ ထူးထူးခြားခြားအခွင့်အရေးကတော့ တစ်ခါမှမရသေးပါဘူး။ ကျွန်တော် ဆိုလို့ရှိရင် Manufacturing ရော၊ Trading ရောလုပ်နေပါတယ်။ အခြေပြုထားတာကတော့ ပြည်တွင်းထွက်ကုန်ပါ။ ကုန်ကြမ်းအနေနဲ့ ပြည်တွင်းက ကုန်ကြမ်းကို အသုံးပြုထားပြီးတော့ Export  လုပ်နေတာပါ။ မြို့နယ်အသီးသီးမှာရှိတဲ့ ထောင်ချီတဲ့အလုပ်သမားတွေကို အလုပ်အကိုင်ပေးထားတာ ဖြစ်တယ်။ ဒီလက်မှုလုပ်ငန်း (Handicraft) က ပြည်တွင်း ထွက်ကုန်ဖြစ်တဲ့ကြိမ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လုပ်တာကလည်း နှစ် ၂၀ ကျော်လောက်ရှိပါပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေက ဘယ်လို လဲဆိုတော့ အခုသွားနေတဲ့ Policy   မှာ တကယ်လုပ်ပိုင်ခွင့်ရှိတဲ့သူနဲ့ တကယ်အလုပ်လုပ်တဲ့သူနဲ့ တွေ့ဆုံဖြစ်ဖို့လိုပါတယ်။ အခုဟာက ဘယ်လိုပဲဖြစ်ဖြစ် အယူအဆ (Theory)  နဲ့ပဲ ပြီးနေပါတယ်။ တကယ့်လက်တွေ့ကျတဲ့အလုပ် (Practical) က လုံးဝမရသေးပါဘူး။ အဲဒီလိုလမ်းကြောင်းတစ်ခုပေါ်မှာ တွေ့ဆုံပြီးမှ အားကြိုးမာန် တက်တကယ်လုပ်ကိုင်တဲ့ Goverment လိုင်းနဲ့ တကယ်လုပ် ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သေချာတွေ့ပြီး ပူးပေါင်းဆွေးနွေးဖို့လိုပါတယ်။ အခုအခြေအနေက တကယ့်လမ်းကြောင်းပေါ်မှာ သွားနေတဲ့စီးပွားရေးနဲ့ ချမှတ်ထားတဲ့Policy တွေက တခြားစီ ဖြစ်နေပါတယ်။ တကယ်လုပ်တဲ့သူက တကယ်လည်းပင်ပန်းပါတယ်။ ကိုယ်တွေ့ကြုံတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းနေရပါတယ်။ ဘယ်သူ့အကူအညီမှ မရပါဘူး။ ကိုယ်ကိုယ်တိုင် ရုန်းကန်လှုပ်ရှားရတဲ့သဘောပါပဲ။ ဘယ်လို ပဲဖြစ်ဖြစ် နောက်ကျန်တဲ့ သက်တမ်းကာလမှာ အဓိကဦးစားပေး ပြောင်းလဲ သင့်တာ ကတော့ ပြောနေရုံနဲ့ မပြီးဘူးဆိုတဲ့အတိုင်း တကယ်လက်တွေ့ အကောင် အထည်ဖော်ဖို့ပဲ လိုပါတယ်။ ပြောတုန်းခဏအနေနဲ့ ပြီးသွားတဲ့ဟာမျိုးကျတော့ ဘာမှလုပ်လို့ မရပါဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းက စာစီစာကုံးရေးသလိုပေါ့။ နိဒါန်းရယ်၊ စာကိုယ်ရယ်၊ နိဂုံးရယ်ကောင်းမှ စာစီစာကုံးတစ်ပုဒ် ထွက်တယ်ဆိုတဲ့အတိုင်း လက်ရှိ ဖြစ်နေတဲ့ တာဝန်ရှိတဲ့အပိုင်းက နိဒါန်းတစ်ခုပဲလာတယ်။ စာကိုယ်က မပါဘူး။ နိဂုံးဆိုရင် အဝေးကြီးပါပဲ။ အဲဒီတော့ ဒီကိစ္စကို သေသေချာချာကိုင်တွယ်ဖို့လိုတယ်လို့ကျွန်တော် ထင်ပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေးမှာ ကျွန်တော်တို့ ဘက်က အလုပ်သမားတွေကို အလုပ်အကိုင်အခွင့်အလမ်း အများကြီးပေးထားတဲ့အတွက် တိုက်ရိုက်အချိုးညီပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းပို့နေတဲ့ Trading ပိုင်းမှာဆိုရင် ကုန်ကြမ်းပို့နိုင်ဖို့လုပ်ရတဲ့လုပ်ထုံးလုပ်နည်း (Procedure) နဲ့ Goverment လုပ်ရတဲ့လုပ်ထုံးလုပ်နည်း (Procedure)  နှစ်ခုစလုံးက တူညီနေ တာကိုတွေ့ရတယ်။ နိုင်ငံတကာ၊ ဒါမှမဟုတ် အာဆီယံမှာ အားပေးကြတဲ့ Value Added ကို ဒီမှာကျတော့ ပိတ်ထားတဲ့သဘောမျိုးရှိ တယ်။ ဒီမှာကျတော့လည်း SME (Small and Medium Enterprises) ကို ပိုပြီးအားပေးကြတာကို တွေ့ရတယ်။ ဒီလိုအားပေးမှုကို အရင်က ကျွန်တော်အိပ်မက်လေးတောင် မမက်ဖူးပါဘူး။ ကျွန်တော် တို့ အခုတန်ဖိုးမြှင့် ထုတ်ကုန်ကို Export  လုပ်နေပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ကျေးရွာတွေမှာလည်း အလုပ်သမားတွေ အများ ကြီးအလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုလျော့နည်းချင်တယ်ဆိုရင် ငွေချေးတာထက် အလုပ်ပေးနိုင်ဖို့က အဓိကပါ။ အလုပ်ပေးနိုင်ဖို့ အတွက်ဆိုရင် လူတစ်ထောင်ကို အလုပ်ပေးနိုင်ရင် လူနှစ်ထောင်ကို ဘယ်လိုနည်းနဲ့ အလုပ်ပေးနိုင်မလဲဆိုတာကတော့ စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ အဲဒါတွေက တကယ်တမ်း ဆိုရင် ဆင်းရဲမွဲတေမှုလျော့နည်းဖို့အတွက် တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းများများဖန်တီးနိုင်ဖို့ပဲ စဉ်းစားရမယ်လို့ ပြောချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ လေ့လာသင့် Business Policy နဲ့ပတ်သက်ပြီးပြောရင် Foreign Investor ဝင်လာနိုင်အောင် ပွင့်လင်းမြင်သာမှုကို ချပေးဖို့လိုပါတယ်။ အာဆီယံဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင် ငံ တွေဖြစ်တဲ့ထိုင်းတို့၊ ဗီယက်နမ်တို့နီးပါးအတိုင်း မပြောင်းလဲနိုင်ဘူးဆိုပေမဲ့ သူတို့နည်းလမ်းတွေကို သင်ယူဖို့တော့လိုပါတယ်။ အဝေးကြီးကိုသွားနေဖို့တော့ မလိုပါဘူး။ အနီးနားမှာရှာတဲ့သူတွေဆီက နည်းလမ်းတွေကို ရှာယူဖို့ပဲလိုပါတယ်။