မြန်မာ့ရိုးရာချိတ်ကိုအခြေခံထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းများ၊ ချည်ထည် အမျိုးသမီးဝတ် ဒီဇိုင်းဆန်းအင်္ကျီများအပြင် ပန်းချီဆရာများ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီလက်ရာများနဲ့ လက်ဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Two Ladies Co Ltd အကြောင်းကို လုပ်ငန်းတည်ထောင်သူတွေဖြစ်ကြတဲ့ မမြတ်သဇင်နှင့် မငုဝါမောင်တို့ကို CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံ
Two Ladies Co Ltd ကို စတင်တည်ထောင်ဖြစ်ခဲ့တာ ၂၀၁၈ ခုနှစ်လောက်မှာပါ။ ကျွန်မမြတ်သဇင်ရယ်၊ ညီမငုဝါမောင်ရယ် နှစ်ယောက်နဲ့ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်က Business Management သင်တန်းတွေတက်ရင်းကနေ ခင်မင်ခဲ့ပါတယ်။JICA Scholarship Program နဲ့ ဂျပန်ကို အတူတူသွားရောက် လေ့လာရင်း၊ MABA (Myanmar-Japan-Center Alliance Business Association)ဆိုတဲ့ ဂျပန်မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ လှုပ်ရှားမှုများကို အတူတူလုပ်ရင်း မြန်မာ ပစ္စည်းတွေကို ချစ်မြတ်နိုးရတာတွေ၊ မြန်မာထုတ်ကုန်ကို ထုတ်ချင်တဲ့ဆန္ဒတွေ၊ Idea တွေ ဖလှယ်ခဲ့ကြပါတယ်။ မြဝတီနယ်စပ်လေ့လာရေးခရီးကို အတူသွားစဉ်မှာ အဲ့ဒီမှ စလို့ တခြားနိုင်ငံကတင်သွင်းနေရတာကို စိတ်မကောင်းစွာနဲ့တွေ့ခဲ့ရပါတယ်။ ခရီးကအပြန်တစ်ချိန်မှာ အဆင့်မြင့် မြန်မာထုတ်ကုန်ကို နိုင်ငံခြားဈေးကွက်ကို တင်ပို့နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Idea ဆန္ဒတူ၊ ရည်ရွယ်ချက်တူ မိန်းကလေးနှစ်ယောက်ပေါင်းပြီး စတင်တည်ထောင်ဖြစ်ခဲ့တာပါ။

ရည်ရွယ်ချက်...
မြန်မာထုတ်ကုန်များကို အရည်အသွေးကောင်းပြီး နိုင်ငံတကာဈေးကွက်ဝင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးက မန္တလေးသူဖြစ်သလို လွန်းရာကျော်ချိတ်ကို မြတ်နိုးသူလည်း ဖြစ်ပါတယ်။ မြန်မာရိုးရာလွန်းရာကျော်ချိတ်တွေကို ထိုင်းကလည်းစက်နဲ့ရက်ပါတယ်။ မြန်မာ့ချိတ်တွေကျတော့ ဈေးကြီးတာကြောင့်အဝယ်နည်းပါတယ်။ ဈေးကွက်လည်း အများကြီးမရှိသလို ရက်ကန်းပညာရှင်တွေလည်း နည်းပါးလာပါတယ်။ နိုင်ငံခြားကို တင်ပို့ဖို့ကျတော့ ရေလျော်လို့မရတာရယ် လုံချည်မဝတ်တာရယ်ကြောင့် ချိတ်ကိုမဝယ်ကြပါဘူး။ ဒါကြောင့် ကျွန်မတို့ ရဲ့ထုတ်ကုန်တိုင်းမှာလွန်းရာကျော်ချိတ်ကို ချည်နဲ့ရက်လုပ်ပြီး နိုင်ငံခြားသားများပါသုံးနိုင်အောင် အသုံးအဆောင်တွေထုတ်မယ်ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ဆောင်းဒါးရက်ကန်းကျောင်းမှာ လွန်းရာကျော်ချိတ်ကိုသင်ယူပြီး မြန်မာ့ရိုးရာနဲ့ ဖန်တီးထုတ်လုပ်နိုင်မယ့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ရည်ရွယ်ချက်ကတော့ မြန်မာ့ရိုးရာချည်ထည်တွေနဲ့ သဘာဝဆိုးဆေးများကို အသုံးပြုထား တဲ့ထုတ်ကုန်တွေ မြန်မာကိုအမှတ်ရစေမယ့် ပုံရိပ်လက်ဆောင်ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်း ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ရနိုင်တဲ့ပစ္စည်းတွေ...
ကျွန်မတို့ကုမ္ပဏီအောက်မှာ Brand သုံးခုရှိပါတယ်။ ချိတ်ကို အခြေခံထားပြီး Souvenir Product တွေထုတ်တဲ့ Zar Ti ရယ်၊ အမျိုးသမီးဝတ် ၁၀၀ ရာခိုင်နှုန်း Cottonနဲ့ သဘာဝဆိုးဆေးကိုအသုံးပြုထားတဲ့ အင်္ကျီကလစ်တွေထုတ်တဲ့ Created by Zar Ti ရယ်၊ မန္တလေးအမှတ်တရ၊ ပုဂံအမှတ်တရ၊ မြန်မာအမှတ်တရဆိုပြီး ပျောက်ဆုံးတော့ မယ့် ပန်းချီအနုပညာလက်ရာနဲ့ မြန်မာအငွေ့အသက်ကို ခံစားနိုင်မယ့် Made In Myanmar Cotton Bag လေးတွေထုတ်တဲ့ Miss Me Brand ရယ်ဆိုပြီးရှိပါတယ်။ZarTi ကတော့ လက်မှုပိုင်းကို အဓိကထားထုတ်လုပ်ပါတယ်။ Miss Me ကတော့ ယဉ်ကျေးမှုပြန့်ပွားရေးကို အဓိကထားထုတ်လုပ်ထားပါတယ်။
ဒီဇိုင်းပိုင်း၊ ထူးခြားချက်တွေ...

ကျွန်မတို့ Product တိုင်းကတော့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေကို ဦးစားပေးထားပါတယ်။ ချိတ်မှာဆိုလည်း ရှေးကသုံးတဲ့ ရိုးရှင်းပြီး ချိတ်လိုင်းကိုအသားပေးတဲ့ ဒီဇိုင်းတွေပဲ သုံးတာများပါတယ်။ ချိတ်မှာ ထူးခြားတာကတော့ လွန်းရာကျော်ချိတ်ကို ပိုးနဲ့မရက်ထားဘဲ ချည်နဲ့ပဲရက်လုပ်ထားလို့ ရေလျော်လို့ရပါတယ်။
အကျီဖက်ရှင်ပိုင်းမှာလည်း ရိုးရိုးလေးနဲ့ စမတ်ကျစေမယ့် Cutting နဲ့ ဒီဇိုင်းကိုဦးစားပေးထုတ်ထားပါတယ်။ အရောင်ကတော့ သဘာဝဆိုးဆေးကို အသုံးပြုထားလို့ Classic ဖြစ်တဲ့ အရောင်ဘက်ကိုရောက်ပါတယ်။
Miss Me ရဲ့ Product တိုင်းကတော့ ရှိပြီးသား ဓာတ်ပုံကို ထုတ်ထားတာမဟုတ်ဘဲ ပန်းချီဆရာရဲ့ ရှေးကောက်ကြောင်း ပန်းချီမူပိုင်လက်ရာကိုခံစားနိုင်ပါတယ်။ မြန်မာ့ပုံရိပ်တွေကို ဦးစားပေးရေးဆွဲပြီး ထုတ်လုပ်ထားပါတယ်။
ဈေးနှုန်းပိုင်း...
Souvenir ချိတ်ပိုင်းမှာ ဈေးနည်းနည်းမြင့်မယ်။ လက်မှုလည်းဖြစ်တယ်၊ ခက်ခဲတဲ့ လုပ်ငန်းစဉ်လည်းဖြစ်တယ်၊ အရေအတွက်လည်း အများကြီးမထုတ်တဲ့အတွက် ဈေး နည်းနည်းမြင့်မယ်။ Created by Zarti ကတော့ အင်္ကျီတွေ ဆို ဈေးနှုန်းတစ်သောင်းဝန်းကျင်နဲ့ လူတိုင်းဝတ်နိုင် အောင်ထုတ်ထားတယ်။ တခြား Accecory တွေဆိုရင် လည်း ငွေကျပ်တစ်ထောင်ကစပြီးရှိမယ်။ ကျွန်မတို့ရဲ့ အရောင်းရဆုံးဖြစ်တဲ့ ကုတ်အင်္ကျီဆိုရင် နိုင်ငံတကာမှာ ပြနိုင်လောက်တဲ့အထိ Quality ရှိတဲ့အတွက် ဈေးနည်းနည်းမြင့်တယ်။ ကျန်တဲ့ ြူသကျန လေးတွေကတော့ ဈေးအအသင့်အတင့်ပါပဲ။
ဆိုင်လိပ်စာနဲ့ ဘယ်လိုဆက်သွယ်ဝယ်ယူနိုင်သလဲ...
Zarti Facebook Page (www.facebook.com/Zar-Ti-1455159384623027/) နဲ့ Miss Me ဆိုတဲ့ Facebook Page (www.facebook.com/Miss-Me-10125- 5428015803/) ကနေမှာယူနိုင်သလို နယ်ကမှာယူမယ်ဆိုရင်လည်း ပို့ပေးပါတယ်။ လက်ကားယူပြီး ပြန်လည်ရောင်းချချင်သူတွေဆိုရင်လည်း ဈေးနှုန်းကိုပြန်ညိပေး ပါတယ်။လိပ်စာကတော့ အမှတ် ၈၂၊ သီတာအေး ၉၀၂ ရပ်ကွက်၊ ပိတောက်လမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ်...
အရင်တုန်းကတော့ ပြည်ပကိုအများဆုံးရောင်းဖြစ်တယ်။ ဂျပန်မှာတော့ အော်ဒါအများဆုံးရတယ်။ ၂၀၁၉ ခုနှစ် ၅ လပိုင်းတုန်းက ဂျပန်မှာသွားရောင်းတယ်။ တော်တော်များများကကြိုက်ကြတယ်။ လက်မှုဖြစ်တဲ့အတွက် Production ပိုင်းတော့ တအားကြီးမလုပ်နိုင်သေးဘူး။ ဒါကြောင့် နောက်ပိုင်းမှာ Production ပိုင်းကို ပိုကောင်းအောင်လုပ်ဖို့ရှိတယ်။
မြန်မာပြည်မှာလည်း ချိတ်နဲ့ပတ်သက်တဲ့ Souvenir ကို သဘောကျလာတာတွေ့ရတဲ့အတွက် ထုတ်နိုင်အောင်ကြိုးစားနေတယ်။ Created by Zati ကနေ အင်္ကျီလေးတွေကိုလည်း နွေရာသီအတွက်ထုတ်ဖို့ရှိတယ်။ လူအသုံးအဆောင်အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ ထုတ်လုပ်ဖို့စဉ်းစားထားတဲ့ Production Plan တွေလည်း ရှိပါတယ်။
Miss Me အနေနဲ့ကတော့ အိတ်အပိုင်းမှာ ပန်းချီဆရာကိုယ်တိုင်ဆွဲထားတဲ့ပန်းချီကို ပြန်ပြီး Printing လုပ်ထားတယ်။ ဒါကြောင့် ပန်းချီကိုလည်း ထိန်းသိမ်းရာရောက်တယ်။ ပန်းချီဆရာတွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းပေးတယ်။ သူတို့ပန်းချီတွေကိုလည်း တန်ဖိုးထားတဲ့သူတွေလက်ထဲ ရောက်အောင်ထည့်ပေးနိုင်တယ်။
ဒါကြောင့် Miss Me Art Collection အနေနဲ့လုပ်ဖို့ရှိတယ်။ အဲဒါကတော့ မြန်မာ့လက်မှုပညာတွေမှာ မြန်မာနိုင်ငံရဲ့ မြို့တွေက အထင်ကရတွေ၊ သမိုင်းတွေ၊ တိုင်းရင်းသားတွေ ရဲ့ ယဉ်ကျေးမှုတွေကိုဦးစားပေးပြီး ထုတ်လုပ်သွားဖို့ရှိ ပါတယ်။ မြန်မာပြည်နဲ့ပတ်သက်တဲ့ ပုံရိပ်ပိုင်းကိုတော့ Miss Me Brand ကနေ ထုတ်လုပ်သွားပါမယ်။