News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Travel Agent အများဆုံစည်းရာ Thailand-Myanmar Table Top Sales and Gala Dinner
Editorial
August 16, 2014
Interview
Profile
Tourism
ဥက္ကဋ္ဌ Mr Sisdivachr Cheewarattanaporn ရဲ့ဦးဆောင်မှုနဲ့ Association of Thai Travel Agents (ATTA) ကအဖွဲ့ဝင် ၁၂၅ ယောက်ဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိTourism Business Operator များနဲ့ တွေ့ဆုံခဲ့ပါတယ်။ Project of AEC Explore လို့ အမည်ပေးထားတဲ့သူတို့ရဲ့ခရီးစဉ်ကို ဧပြီလ၂၁ ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၃ ရက်နေ့မှာ Table Top Sales များနဲ့ရင်းရင်းနှီးနှီး ညစာစားသုံးခဲ့ ကြပါတယ်။ အခုလို ပွဲကျင်းပရတာဟာ ထိုင်းနဲ့မြန်မာနိုင်ငံကြား စီးပွားရေးလုပ်ငန်းများပိုမိုတိုးချဲ့လုပ်ကိုင် နိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးဟိုတယ်တွေ၊ Ground Operator တွေ၊ ထိုင်းနိုင်ငံရဲ့ခေတ်အမီဆုံးTourist Destination တွေသိရှိနိုင်စေဖို့နဲ့ Toursim Product တွေကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
Sisdivachr Cheewarattanaporn President Association of Thai Travel Agent (ATTA) ကျွန်တော်တို့ အခုလာတဲ့အဖွဲ့ဝင်ပေါင်း ၁၂၅ ယောက် ရှိတယ်။ ကုမ္ပဏီပိုင် ရှင်တွေ၊ Travel Agency တွေ၊ ဟို တယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ငန်း ရှင်တွေ ပါလာတယ်။Thai Airway လုပ်ငန်းစုကလည်း လိုက်ပါလာပြီး လမ်းကြောင်းလိုအပ်ချက်တွေကိုကြည့်ရှု့ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ရေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးသုံးမြို့ကို လေ့လာဖြစ်ခဲ့တယ်။ ထိုင်းဘက်ကနေ ဒီဘက်ကို လာပြီး ရင်းနှီးမြှုပ်နှံတာက အခုဆို ရင် တဖြည်းဖြည်းများလာပြီး လာ ရောက်လည်ပတ်သူတွေထဲမှာ ထိုင်းကအများဆုံးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ဘက်က လူတွေ မြန်မာနိုင်ငံကို လာရောက် ကြသလိုပဲ မြန်မာနိုင်ငံက လူတွေ ကိုလည်း လာလည်စေချင်ပါတယ်။ ဒါဆိုရင် နှစ်နိုင်ငံရဲ့ ခရီးသွားလုပ် ငန်းတွေကလည်း ပွင့်သွားမယ်။ ဗီဇာကိစ္စနဲ့ ပတ်သက်လို့ကတော့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရ နှစ်ဖက်ညှိမှရမယ်။ အခုထိုင်းမှာ မငြိမ်မသက်ဖြစ်နေတယ်ဆိုပေမဲ့ လာရောက်လည်ပတ်သူ တွေအတွက် လုံခြုံမှုရှိပါတယ်။ အလှအပ၊ ကျန်းမာရေးအ တွက်ရော၊ Shopping ပိုင်းအတွက်ပါ အဆင်ပြေပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၅ Tourism Prospect ကို ကျွန်တော့် အမြင်နဲ့ပြောရမယ်ဆိုရင် တဖြည်းဖြည်း တိုးတက်လာမယ်လို့ မြင်တယ်။
ဦးလှအေး Managing Diector Shan Yoma Travel &Tours Co Ltd Tour Operator တစ်ယောက်အနေနဲ့ ပြောရ မယ်ဆိုရင် ဒီပွဲက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ရဲ့ခရီးသွားလုပ်ငန်း ပူးပေါင်းလုပ်ကိုင်ဖို့ အ ကောင်းဆုံးအခွင့်အရေးလို့ ထင်တယ်။ အခု ဆိုရင် မြန်မာနိုင်ငံသားရှစ် သောင်းလောက်က Medical Tour အနေနဲ့သွားနေပြီး တစ်သိန်း လောက်က ဈေးဝယ်ထွက်ဖို့ရော၊ တခြား အ ကြောင်းအရာတွေကြောင့် ထိုင်း နိုင်ငံကို သွားနေကြတယ်။ ဒီပွဲလုပ် တာက နှစ်နိုင်ငံလုံးကို အကျိုးရှိစေ တယ်။ ထိုင်းနိုင်ငံက ခရီးသည် တွေကလည်း ဒီကိုလာရောက်သ လို မြန်မာနိုင်ငံကလည်း သွား ရောက်သူတွေ ရှိလာတဲ့အတွက် ကျွန်တော်တို့အားလုံးက Inbound သာမကOutbound ပါ စဉ်းစားလာ ကြပြီ။ နှစ်ဦးနှစ်ဖက်လုံး အကျိုး ရှိစေတဲ့ပွဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာ နိုင်ငံရေးပြဿနာအချို့ ဖြစ်နေ တယ်ဆိုပေမဲ့ ဒါဟာ Tourism ကဏ္ဍကို ထိခိုက်မှုမရှိနိုင် ပါဘူး။ အားလုံးက Used to ဖြစ်နေကြပါပြီ။ ပြဿနာဖြစ်နေ တဲ့ နေရာတွေကို မသွားဘူး။ွှTravel &Tour ဖြစ်တဲ့အတွက် Thai Tour Operator တွေနဲ့ ပူးပေါင်းပြီး မြေပြင်ပေါ်တက် ချိန်ကနေ ဆင်းချိန်အထိ ခရီးသည်အားလုံးရဲ့လုံခြုံရေးကို ဂရုပြုပါတယ်။ အခုဆိုရင် Outbound Tour တွေက ၃၅၀ç၀၀၀ လောက်ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ဗီဇာကင်းလွတ်ခွင့်ကို တိုက်တွန်းလာကြတယ်။ ၂၀၁၄Tourism Prospect ကို ခန့်မှန်းမယ်ဆိုရင် ဟိုတယ်တွေက ဈေးကြီးနေတဲ့အတွက် အခုနှစ်မှာတော့ ကျဆင်းသွားတယ်။ ဝင်ရောက်တဲ့လူဦးရေ များတယ်ဆိုပေမယ့် ဒါတွေက FID တွေပါ။ ကျွန်တော်က Toursim ကဏ္ဍမှာ ၁၈ နှစ်ရှိပါပြီ။ Tourism ပိုင်းမှာ ၂၀၁၃ ခုနှစ်ကနေ နည်းနည်းလေး ကျ ဆင်းနေပြီး ဟိုတယ်ဈေးနှုန်းကို ကြည့်မယ်ဆိုရင် ဒေါ်လာ ၂၀၊ ၃၀ လောက်ကနေ တစ်ရာလောက် ထိရှိတယ်။Tour Fair တွေကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် မြင့်နေ တယ်။ ဒါကြောင့် Promote ဖြစ်ဖို့ ခက်ခဲတယ်။
ဒေါ်ညွှန့်ညွှန့်သန်း Executive General Manager Royal Colourful Land Travels & Tours
ဒေါ်ခင်မေမြင့် Karaweil M&J Tours ထိုင်းနိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတာက Tourism ပိုင်းကို ထိခိုက်မှုဖြစ်တယ်လို့ ထင် တယ်။ သြင်္ကန်ရက်ဆိုတာ အရင်က Outbound Tour အများဆုံးအချိန်ပါပဲ။ ဒီနှစ်ကျတော့ နည်းသွားတယ်။ ဒါ ကြောင့်လည်း သူတို့က ဒီအချိန်လာပြီး Promotion လုပ် တာ။ အထူးသဖြင့် မြန်မာနိုင်ငံက Inbound Tour များ တယ်။ Arrival လည်းများချင်တယ်။Tour Operator တစ်ယောက်က မလွဲမသေ Inbound ၊ Outbound လုပ်ကြ မှာပဲ။ အဓိကကတော့ Tour ရရေးအတွက်ပါ။
သင်းစန္ဒာManager (Marketing &Sales) Air Mandalay Limited Airline ကို ကြော်ငြာလိုတဲ့သဘောနဲ့ လာ တက်ဖြစ်တာပါ။ အခုလောလောဆယ် ကျွန် မတို့လေကြောင်းလိုင်းက ပြည်တွင်းပဲ ပြေး ဆွဲဖြစ်ပေမယ့် ချင်းမိုင်တို့၊ တာချီလိတ်တို့ ကနေတစ်ဆင့် ဆွဲတာမျိုးတော့ရှိပါတယ်။ Out Bound Tour တွေ လုပ်ဖို့ရှိပါတယ်။ ကျွန်မတို့ လေကြောင်းလိုင်းက ပြေးဆွဲခဲ့တာ နှစ် ၂၀ ရှိပြီ။ Accident တစ်စုံတစ်ရာမရှိဘဲ ရပ်တည်ခဲ့တာ ကလည်း နှစ် ၂၀ ဆိုတော့ ကျွန်မတို့ဟာ ခရီးသည်တွေရဲ့ Safty ပိုင်း ကို အလေးထားတယ်ဆိုတာ သိနိုင်ပါတယ်။ အရင်တုန်း က အောက်တိုဘာလလောက် Tour Season လို ဖြစ်နေ ခဲ့ပြီး အခုဆိုရင် အခုလိုလမျိုး မှာတောင် Promotion လာ လုပ်နေကြတယ်ဆိုတော့ မြန် မာနိုင်ငံရဲ့ တိုးတက်တဲ့လက္ခ ဏာတွေလို့မြင်ပါတယ်။
TWH
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်
Posted On August 11, 2022, By Editorial
JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး
Posted On August 6, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း