Training Group

TrainingGroup1

Gym တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အီးမေးလ် . . .

Asia Business Center ၊ အမှတ် 10-H ၊ ပထမထပ်၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၄၅၈၈၈၇၂၇၂ ၊ ၀၉-၄၅၈၈၈၇၅၇၅ ဖြစ်ပါတယ်။ အီးမေးလ်ကတော့ [email protected] ဖြစ်ပါတယ်။

Gym အကျယ်အဝန်းနဲ့ ဖွင့်ချိန် . . .

အကျယ်အဝန်းက စတုရန်းပေ ရှစ်ထောင် ကျယ်ဝန်းပါတယ်။ Gym ဖွင့်ချိန်ကတော့ မနက် ၆ နာရီကနေ ည ၁၀ နာရီထိ ဖြစ်ပါတယ်။

TrainingGroup2

Gym ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . .

Gym ကို သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားပါတယ်။ အထဲကိုဝင်လိုက်တာနဲ့ စက်ရုံဟောင်းတစ်ခုကို ပြင်ဆင်ပြီး အားကစားလုပ်ရသလို တခြားနေရာတွေမှာမရနိုင်တဲ့ ခံစားမှုမျိုးရရှိအောင် အတွင်းပိုင်း ပြင်ဆင်မှုကို လုပ်ပေးထားပါတယ်။ အရောင်သုံးတာကအစ အနီ၊ အနက်၊ မီးခိုး၊ အဖြူရောင်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် အသုံးပြုထားပါတယ်။ Training Ground ဆိုတဲ့အတိုင်း ဘဝရဲ့အခက်အခဲတွေကို ရင်မဆိုင်ခင် စိတ်ရောကိုယ်ပါကျန်းမာစေဖို့ လေ့ကျင့်ပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

TrainingGroup3

Gym ရဲ့ဝန်ဆောင်မှုပိုင်းနဲ့ ထူးခြားချက် . . .

အသင်းဝင်အားလုံးကို Package လိုက် ခွဲခြားထားတာမျိုးမရှိဘဲ အားလုံးတန်းတူပါဝင်ကစားနိုင်အောင် အဖွဲ့လိုက် လေ့ကျင့်ခန်းတွေ စီစဉ်ပေးထားပါတယ်။ အဖွဲ့လိုက်လေ့ကျင့်ခန်းတွေကတော့ Training Ground Program ၊ Yoga ၊ Core Exercise ၊ TRX ၊ Asian Jam ၊ Boxing စတာတွေကို ငွေထပ်မံပေးသွင်းစရာမလိုဘဲ ကစားခွင့်ရမှာပါ။ ဒါအပြင် အတွေ့အကြုံရှိ သင်တန်းဆရာတွေက တစ်ဦးချင်းအလိုက် ခန္ဓာကိုယ်အနေအထားကို လေ့လာသုံးသပ်ကာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သင့်တော်တဲ့ ကစားနည်းတွေကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းဆရာတွေကိုလည်း နိုင်ငံတကာအတွေ့အကြုံရှိ Fitness Director တစ်ဦးရဲ့ ဦးဆောင်မှုနဲ့ ပြည်တွင်းပြည်ပဆုရထားတဲ့ ကာယဗလမောင်မယ်တွေကို ထားရှိပေးပါတယ်။ Physiotherapist တွေကိုပါထားရှိထားတာကြောင့် အရိုးအကြောဝေဒနာရှင်တွေ၊ ထိခိုက်နာကျင်သူ၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါရှိသူတွေပါ လာရောက်ကစားနိုင်ပါတယ်။ အားကစားသုံးပစ္စည်းတွေကိုလည်း ကမ္ဘာ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Life Fitness နဲ့ Hammer Strength တွေကို အသုံးပြုထားတဲ့အပြင် Official Hummer Strength Training Centre အဖြစ် အသိအမှတ်ပြုခံရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Premier Fitness Club တစ်ခု ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာကိုလည်း အီလက်ထရိုအသံစနစ် (Electro Voice) အသုံးပြုထားပြီး နေရာတိုင်း တစ်ညီတည်းကြားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ကြမ်းခင်းပိုင်းကို သားရေအသုံးပြုထားပေမယ့်လည်း အနံ့မထွက်အောင်နဲ့ ခုန်ပေါက်ကစားရင် ခြေဖနောင့်နာကျင်မှုမရှိစေအောင် ကြမ်းခင်းအထူရှစ်မီလီမီတာ ခင်းပေးထားပါတယ်။ နှစ်ဆယ်မီတာရှည်တဲ့ ပြေးပတ်လမ်း၊ လုံခြုံစိတ်ချရတဲ့ Locker  Room တွေ အပြင် Juice Bar လည်း ရှိပါတယ်။

TrainingGroup4

ဈေးနှုန်းပိုင်း . . .

လစဉ်ကြေးကို တစ်လ ဒေါ်လာ ၁၂၀ သတ်မှတ်ထားပါတယ်။ ခြောက်လ၊ တစ်နှစ်စာလည်း ပေးသွင်းနိုင်ပြီး ပေးသွင်းတဲ့ အသင်းဝင်တွေကို ရာခိုင်နှုန်းအလိုက် လျှော့ပေးသွားမှာဖြစ်ပါတယ်။ တစ်နေ့တာ ကစားချင်သူတွေအတွက်လည်း ၁၅ ဒေါ်လာပေးသွင်း ကစားနိုင်သလို အသင်းဝင်တစ်ယောက်နဲ့ အတူလာမယ်ဆိုရင် ဆယ်ဒေါ်လာပဲ ကောက်ခံမှာ ဖြစ်ပါတယ်။