ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .
အမှတ် ၈၅ ဘီ ၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉ -၄၅၀၆၂၂၆၀၀၊ ၀၉ ၇၇၇၃၃၂၆၀၀ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ ဒါပေမဲ့ ဧည့်သည်ရှိခဲ့ရင် မနက် ၈ နာရီကနေ ည ၁၁ နာရီထိဖွင့်ပါတယ်။
စတင်ဖွင့်လှစ်တဲ့ နေ့နဲ့ ရည်ရွယ်ချက် . . .
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပါ တယ်။ မိသားစုတွေနေ့ခင်းဘက်မှာ သီချင်းဆိုလို့ရအောင် Family KTV မိသားစုအခန်း၊ မွေးနေ့ပွဲ၊ သူငယ်ချင်းမိတ်ဆုံစားပွဲ၊ မင်္ဂလာပွဲတွေ ပြုလုပ်လို့ရအောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။
ရရှိနိုင်တဲ့ Menu တွေက . . .
အဓိကက Chinese Food ၊ Thai Food တို့ဖြစ်ပါတယ်။ Barbeque ၊ Hot Pot လည်းရပါတယ်။ Beverage တွေက Smoothie မျိုးစုံ၊ Fruit Juice ၊ Milk Shake နဲ့ အသီးဖျော်ရည်မျိုးစုံ၊ Cocktail မျိုးစုံ၊ Wine မျိုးစုံ၊ Beer ၊ Alcohol တို့ ရနိုင်ပါတယ်။
ဝန်ဆောင်မှု . . .
Promotion ကာလအတွင်းဆိုရင် မနက် ၈ နာရီကနေ ညနေ ၃ နာရီထိ Karaoke လာဆိုတဲ့ဧည့်သည်တွေကို One Plus Service (တစ်ချိန်ဆိုရင်တစ်ချိန် Free) ပေးတာရှိပါတယ်။ ညနေ ၃ နာရီနောက်ပိုင်း 3 Plus One (သုံးချိန်ဆိုရင် တစ်ချိန် Free) ပေးပါတယ်။ ဆိုင်စဖွင့်တုန်းက Discount Card ဝေထားတာရှိပါတယ်။ အဲဒီကတ်ပါရင် ၁၀ ရာခိုင်နှုန်း Discount ပေးပါတယ်။
ဈေးနှုန်းပိုင်းအနေနဲ့ကတော့ . . .
ဈေးနှုန်းအနေနဲ့ နှစ်ထောင်ကျပ်ကနေစပြီး ၁၂,၀၀၀ ကျပ် ဝန်းကျင်အထိ ရှိပါတယ်။ အဖျော်ယမကာပိုင်းဆိုရင်လည်း ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံး သုံးထောင်ကျပ်ကနေစပြီး အမျိုးမျိုးရှိပါတယ်။ ဝက်သားချဉ်စပ်၊ ကွေ့သယို၊ Hot Pot ၊ သင်္ဘောသီးထောင်း၊ Thai Food အမျိုးမျိုးက လူကြိုက်များပါတယ်။
ဝန်ထမ်းတွေကို Training ပေးတဲ့အပိုင်း . . .
ဆိုင်ကစဖွင့်ခါစဆိုတော့ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတချို့လည်းပါတယ်။ ဝန်ထမ်းအသစ်တွေကိုတော့ Training ပေးရင်းနဲ့သင်ပေးပါတယ်။ အလုပ်အားရင် Speaking လည်း သင်ပေးပါတယ်။ သင်္ဘောသားရုံးနဲ့ နီးတော့ Foreigner အဝင်အထွက်လည်းရှိပါတယ်။
အနာဂတ်အစီအစဉ် . . .
လောလောဆယ်တော့ အောင်မြင်အောင် ကြိုးစားနေပါတယ်။ အောင်မြင်ခဲ့ရင် Restaurant အကြီးကြီးထိ တိုးချဲ့ဖွင့်လှစ်ဖို့ရှိပါတယ်။ နောက်ပြီး မိသားစု Karaoke ကိုလည်း တိုးချဲ့ဖို့အစီအစဉ်ရှိပါတယ်။
သန္တာညွန့်ဝင်း