Tin Maung Oo Studio လို့ အမည်ပေးဖြစ်ခဲ့ပုံ
------------------
၁၉၇၂ ခုနှစ်ကနေ ပန်းချီတွေကို စဆွဲခဲ့ပြီး ဒီ Studio လေးကိုတော့ ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ပန်းချီ Studio လေးဖြစ်တာကြောင့် Tin Maung Oo Studio လို့ အမည်ပေးဖြစ်ခဲ့ပါတယ်။ Gallery အနေနဲ့ ပြပွဲတွေ လုပ်မယ်ဆိုရင်တော့ Colorcube Gallery နဲ့ ပြပွဲတွေလုပ်ဖြစ်ပါတယ်။ Colorcube ရဲ့ Founder ဦးစိုးက ပန်းချီဆရာတော်တော်များများရဲ့ ပန်းချီကားတွေကို စုဆောင်းရာကနေ Colorcube Gallery ဆိုပြီး နာမည်ပေးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြုလုပ်လေ့ရှိတဲ့ပြပွဲတွေ
----------------
Colorcube အနေနဲ့ပြတဲ့ ပွဲတွေလည်းရှိသလို မိမိကိုယ်ပိုင် Solo ပွဲမျိုးလေးတွေလည်း ပြဖြစ်ပါတယ်။ ပြပွဲတွေကိုတော့ ပြည်ပမှာ အများဆုံးပြသဖြစ်ပါတယ်။ ပြည်တွင်းက Solo ပွဲမျိုးတွေဆိုရင် ဝင်ပြဖြစ်တဲ့ပွဲမျိုးတွေ ရှိပါတယ်။ Colorcube အနေနဲ့ 2016 Art Expo ဆိုပြီး မလေးရှားမှာ အရင်နှစ်ကလည်း ပြတယ်။ ဒီနှစ်လည်းထပ်ပြသဖို့ ရှိပါတယ်။ တစ်ကိုယ်တော်ပြပွဲကိုလည်း ချင်းမိုင်မှာ ပြတယ်။ ဘန်ကောက်မှာလည်း ပြတယ်။ တစ်ကိုယ်တော်ပြပွဲ ပေါင်းဆယ်ပွဲ ပြသခဲ့ပါတယ်။ မော်ဒန်ပန်းချီကားတွေကိုပဲ ရေးဆွဲပြီး ပြသပါတယ်။
ရရှိနိုင်တဲ့ဝန်ဆောင်မှုတွေ
----------------
Tin Maung Oo Studio မှာကတော့ နေရာလည်း ကျဉ်းတဲ့အတွက် ကိုယ်ပိုင်အေးချမ်းစွာပဲ ပန်းချီဆွဲလေ့ရှိပါတယ်။ ပန်းချီကားတွေကိုလည်း ဒီ Studio လေးမှာပဲ ရောင်းချလေ့ရှိပြီး တခြားပန်းချီကားတွေတော့ မပြသပါဘူး။ ပန်းချီလာရောက်ဝယ်သူတွေကလည်း ပြည်တွင်းကရော ပြည်ပကရော နှစ်ခုလုံးမျှပါတယ်။
ဖွင့်ချိန်၊ ပိတ်ချိန်
-----------------
Tin Maung Oo Studio ကို နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသရောင်းချပါတယ်။ Tin Maung Studio ကတော့ ကိုယ်ပိုင်ရေးဆွဲထားတဲ့ Modern ပန်းချီကားတွေကို ဆက်လက်ရောင်းချသွားမှာဖြစ်ပြီး Gallery နဲ့ရော၊ Solo ပြပွဲတွေပါ ဆက်လက်ပြုလုပ်သွားဦးမှာပါ။
လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း၊ အီးမေးလ်
----------
အမှတ် (၇၇)၊ A (3)၊ ဆင်ရေကန်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉၅၁၀၉၄၈၆
အီးမေးလ် - [email protected], [email protected],
Website - www.colorcube.co