The Princess Pet Spa & Hotel

PrincessPet1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .

ပါရမီလမ်းမီးပွိုင့်နဲ့ သစ္စာလမ်းမီးပွိုင့်ကြား၊ ဝေဇယန္တာလမ်းမပေါ် (The First Container Bar အနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဖုန်းနံပါတ်- ၀၉၉၇၆၆၃၇၁၂၃၊ ၀၉၇၇၈၁၀၆၉၃၀ တို့ကို ဆက်သွယ်နိုင်ပြီး Facebook Page ကတော့ @ThePrincessPetHotel ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်တဲ့ရက်တွေမှာ မနက် ၁၀ နာရီကနေ ည ၇ နာရီခွဲအထိ ဖွင့်ပါတယ်။

PrincessPet2

လုပ်ငန်းစတင်ဖြစ်ခဲ့ပုံ . . .

၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ ဆိုင်စဖွင့်ခဲ့ပါတယ်။ ပထမဦးဆုံး Facilities အပြည့်နဲ့ Pet Hotel စလုပ်ခဲ့တာပါ။ သုံးလလောက်လုပ်ပြီးတော့ နေရာအခက်အခဲကြောင့် Pet Spa ပဲ ဖွင့်ဖြစ်တော့တယ်။ Pet Hotel မှာတုန်းက အကောင်သုံးဆယ်၊ လေးဆယ်လောက် လာအပ်တဲ့အခါ နေရာမဆံ့တော့ တခြားတစ်နေရာမှာ Renovate လုပ်ပြီး ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။ Spa မှာ ပစ္စည်းကောင်းကောင်းသုံးပြီး Service ကောင်းကောင်းနဲ့ ဝန်ဆောင်မှုပေးနေပါတယ်လို့ ဆိုင်ပိုင်ရှင်ကိုကိုကိုအောင်က ပြောပြပေးပါတယ်။

ဝန်ဆောင်မှုတွေနဲ့ အသုံးပြုတဲ့ ပစ္စည်းအမျိုးအစား . . .

အဓိကကတော့ ရေချိုး၊ လက်သည်းညှပ်၊ အမွေးအလှညှပ်ပေါ့။ Product တွေကတော့ အမေရိကားကသွင်းတဲ့ Christ Christensen ဆိုတဲ့ Shampoo ကို အဓိကသုံးပေးပါတယ်။

အများဆုံးလာတဲ့ Pet အမျိုးအစားတွေနဲ့ ဈေးနှုန်းပိုင်း . . .

ခွေးဆိုရင်တော့ Poodle ၊ Pomeranian တွေ လာတာများတယ်။ ကြောင်တို့၊ ယုန်တို့လည်း လာပါတယ်။ ဈေးနှုန်းကတော့ အကောင်အရွယ်အစားအလိုက် ၁၁,၀၀၀ ကျပ်ကနေ လေးသောင်းကျပ်အထိ ရှိပါတယ်။

PrincessPet3

တစ်ရက်ကို ဘယ်နှကောင်လောက် ဝန်ဆောင်မှုပေးရပါသလဲ . . .

ပုံမှန်ကတော့ ၁၅ ကောင်လောက်ရှိပါတယ်။ စနေ၊ တနင်္ဂနွေနေ့လိုမျိုးဆိုရင်တော့ အကောင်သုံးဆယ်လောက်အထိ လာပါတယ်။

Pet Groomer တွေက . . .

Groomer နှစ်ယောက်ရှိပါတယ်။ သူတို့က ထိုင်းမှာလုပ်ခဲ့ပြီး အတွေ့အကြုံ ရှစ်နှစ်လောက်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထိုင်းက Grooming Center တစ်ခုကနေ Professioanl Course တက်ပြီး Certificate ရထားပါတယ်။

အနာဂတ်အစီအစဉ် . . .

Hotel ပိုင်းကို ပြန်လုပ်ပါမယ်။ Cafe တစ်ခုလည်းပါမယ်။ အဲဒီအတွက် ခြံကျယ်ကျယ်ပါတဲ့ နေရာတစ်ခုရှာနေတယ်။ နောက်ပြီး မန္တလေးမှာလည်း ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။