The Last Leaf Gallery

လူတစ်ဦးတစ်ယောက်ရဲ့  စိတ်နေသဘောထား နူးညံ့သိမ်မွေ့ဖို့အရေးမှာ ပန်းချီ၊ ဂီတ၊ ပန်းပု စတဲ့ အနုပညာတွေက အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။ ဒါ့အပြင်  ငွေကြေးချမ်းသာရုံနဲ့လည်း ပြီးပြည့်စုံ တဲ့ဘဝတစ်ခုကို မပိုင်ဆိုင်နိုင်ပါဘူး။  ကြွယ်ဝချမ်းသာလာသူတွေအနေနဲ့လည်း အသိပညာ၊ အတတ်ပညာ၊ အနုပညာတွေကို ချဲ့ထွင်ရမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် ပန်းချီအနုပညာကို လေ့လာခံစားချင်သူတွေအတွက်  ပန်းချီရသကို အပြည့်အဝရရှိနိုင်စေမယ့် The Last Leaf Gallery နဲ့ပတ်သက်ပြီး ပြခန်းပိုင်ရှင်ဖြစ်တဲ့ ကိုမျိုးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။   article people portrait water mark final1 ကိုမျိုး (ပြခန်းပိုင်ရှင်)  

ပြခန်းတည်နေရာ

အမှတ် ၂၆၈၊ ဒုတိယလွှာ၊ ပန်းဆိုးတန်းလမ်း၊ အထက် ဘလောက်ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၉ ၇၃၁၆၉၃၅၉ ၊ ၀၉ ၄၂၀၇၆၃၄၄၁ တို့ဖြစ်ပါတယ်။  

ပြခန်းဖွင့်ချိန်

ပြခန်းဖွင့်ချိန်အနေနဲ့ နံနက် ၇ နာရီကနေ ည ၈ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။   article landscape wartermark final9

ပြခန်းဖွင့်လှစ်ဖြစ်ခဲ့ပုံ

ပြခန်းဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ ပြခန်းပိုင်ရှင် ကိုမျိုးက “၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာ ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်း နိုင်ငံခြားသားသုံးယောက်နဲ့ ပရဟိတအင်္ဂလိပ် စာကျောင်းလေးကို ပထမဦးဆုံး စတင်ဖွင့်လှစ်ဖြစ်တယ်။ နောက်ပိုင်း ကျောင်းသားတွေကစာသင်ကျောင်း သက်သက် ချည်းပဲဆိုတော့ အာရုံစူးစိုက်မှုအားနည်းတဲ့အတွက် အနုပညာ သင်တန်းပါတွဲဖက်ပြီး ဖွင့်လိုက်တယ်။ အဲဒီတုန်းက ဂီတာ သင်တန်း၊ သီချင်းဆိုသင်တန်း၊ စန္ဒရား သင်တန်းလေးတွေ ကို တစ်ပိုင်တစ်နိုင်ဖွင့်တယ်။ အစက ကလေးတွေကို သင်ပေးဖို့ပါပဲ။ နောက်ပိုင်းဝယ်ရင်းနဲ့ များများလာတော့ အခုလိုပန်းချီပြ ခန်းလေးတစ်ခုဖြစ်လာတာပါ”လို့ ပြောပြ ခဲ့ပါတယ်။ article portrait watermark final5

ရည်ရွယ်ချက်

ပန်းချီဆိုတာက ဘဝရပ်တည်ရေးအတွက် လုပ်နိုင်ဖို့ အင် မတန်နည်းပါတယ်။ အခုနောက်ပိုင်းမှ ပန်းချီဆိုတာက ဈေးကွက်ထဲမှာရောင်းပန်းလှတဲ့ ပစ္စည်း တစ်ခုဖြစ်လာတယ်။ အခုနောက်ပိုင်းပန်းချီဆ ရာတွေရဲ့လက် ရာတွေက ပိုကောင်း လာတယ်လို့ ပြောလို့ရတယ်။ သုံးတဲ့ Material တွေ စုံစုံ လင်လင်ဝယ်လို့ရတယ်။ အခုအချိန်ထိတော့ Quality  ကာင်း ကောင်း Standard ကျကျဖွင့်တဲ့ဆိုင်တော့ မရှိသေးဘူး။ အဲဒီလိုပဲ Gallery  အနေနဲ့လည်း နေရာကျယ်ကျယ်ထားပြီး ပန်းချီကားတွေ ချိတ်ထားတဲ့ဆိုင်လည်း မရှိသေးဘူး။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အကောင်းဆုံးပန်းချီ Museum လုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။  

Street Show အစီအစဉ်

ပန်းချီကားလေးတွေကို ကြည့်ရရင် စိတ်ချမ်းသာမှုရတယ်။ ကိုယ့်လိုပဲ တခြားသူတွေလည်း ပန်းချီရသကို ခံစားနိုင် အောင် ညနေခင်း ၆း၀၀ နာရီကနေ ၈း၀၀ နာရီအထိStreet Show လေးတွေ လုပ်ပါတယ်။ အဲဒီမှာ ကျွန်တော် ကြိုက်တဲ့ကားလေးတွေကို ချိတ်ပြထားတယ်။  လာကြည့်တဲ့ သူတွေကလည်း များပါတယ်။ နောက်တစ်ချက်က ပန်းချီ ပြခန်းတွေမှာ ပန်းချီပြပွဲတွေတော့ လုပ်ကြပါတယ်။ အဲဒီ နေရာကို ပန်းချီအသိုင်း အဝိုင်းလောက်ပဲ သွားတာများ တယ်။ အများစုကကိုယ်နဲ့မဆိုင်သလိုဘဲနေကြတယ်။ ပန်း ချီကားတွေက ဈေးများတဲ့အတွက် သူတို့အနေနဲ့ မဝယ် နိုင်ဘူး။ ကျွန်တော်တို့က Post Card တွေ လုပ်ပြီးရောင်း တယ်။ ဒါလေးတွေကို နည်းနည်းချင်းစီစုပြီး အိမ်မှာချိတ် ထားမယ်။ တဖြည်းဖြည်းနဲ့များလာတဲ့အခါ မရင်းနှီးတဲ့ နယ်ပယ်တစ်ခုကို သူတို့အနေနဲ့ရင်းနှီးလာမယ်။ ဒါကြောင့် လမ်းသွားလမ်းလာရင်းနဲ့ ပန်းချီရသကို ကြည့်ရှုခံစားနိုင် အောင်ဒါလေးကို လုပ်ဖြစ်တာပါ။   article portrait watermark final4

ပန်းချီကားတစ်ချပ်ရဲ့ လျို့ဝှက်ချက်

အိမ်တိုင်းအိမ်တိုင်းမှာပန်းချီကားတွေရှိသင့်ပါတယ်။ပန်းချီ ကားတစ်ချပ်မှာ မမြင်နိုင်တဲ့ဆွဲငင်အားတွေ အများကြီးရှိ တယ်။ ဒါလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ မြင်သွားပြီဆို ရင် စိတ်ထဲမှာမဖော်ပြနိုင်တဲ့ ခံစားမှု မျိုးတွေ ရောက်လာလိမ့် မယ်။ ကမ္ဘာကျော်သူတော်တော်များများဟာ ပန်းချီဆွဲလေ့ ရှိကြတယ်။ အရောင်တွေအကြောင်းကို ကောင်းကောင်း သိကြတယ်။ ဘယ်အရောင်ဟာ အဓိပ္ပာယ် ဘယ်လိုသက် ရောက်မှု ရှိတယ်ဆိုတာကို သိကြတယ်။ ပန်းချီကားတစ်ချပ် ကနေ စကားလုံးတွေအများကြီး ပြောသွားလို့ရတယ်။ ပန်းချီကားတစ်ချပ်ကိုသာမန်လူတစ်ယောက်ကြည့်ရုံနဲ့ တစ်ထိုင် တည်း နားမလည်နိုင်ပါဘူး။ တဖြည်းဖြည်းချင်း သွားရပါ မယ်။ ဒါက လူတစ်ယောက်ရဲ့စိတ်အတိမ်အနက်နဲ့ ဆိုင်ပါ တယ်။  

မြင်တွေ့နိုင်မယ့်ပန်းချီဆရာတွေရဲ့လက်ရာ

ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးပန်းချီဆရာ ရှစ်ယောက် လောက်ပါတယ်။ ပန်းချီဆရာရှိန်ညွှန့်က ကနုတ်တွေကို ဆွဲတယ်။ သူ့ပန်းချီကားကို သွားကြည့်လိုက်မယ်ဆိုရင် ကခုန်နေတယ်လို့မြင်ရလိမ့်မယ်။ ဆရာလှိုင်ဝမ်းနဲ့ ဆရာ ဦးကြည်သိမ်းကTraditional Line ပဲကောက်ကြောင်း လေးတွေကို ဆွဲတာကောင်းတယ်။ ဒီခေတ်မှ ဆရာကျော် သူရိန်သူက အရောင်လေးတွေ ကစားထားတာ အင်မတန်လှ တယ်။ အရောင်ဆိုတဲ့အရသာကို သေချာရအောင်ဆွဲနိုင် တယ်။နောက်ပြီး ဆရာမြင့်ဆွေလှိုင်က အသက် ၆၀  လောက် ရှိပြီ။ ပန်းချီစကေး အင်မတန်ကောင်းတယ်။ ဆရာတွေအား လုံးကတော့ သူ့ဟာနဲ့သူ တစ်နေရာချင်းစီအလိုက် ထူးချွန် ကြတယ်။ အလှဆိုတဲ့ သဘောသဘာဝက တစ်နေရာတည်း မှာမရှိဘူး။ နေရာတိုင်းမှာရှိတယ်။ အားလုံးကို မြင်တတ်ဖို့ပဲ လိုပါတယ်။ ဒီအလှတွေကို ဖော်ထုတ်ခံစားတတ်တဲ့၊ အချိန် လေးပေးချင်တဲ့၊ အလှဆိုတဲ့ သဘောသဘာဝက ချဉ်းကပ် တဲ့နည်းသာ သိထားမယ်ဆိုရင်တော့ ပန်းချီကားတစ်ချပ်က ကြည့်ရတာ တော်တော်ကို အဖိုးတန်မှာပါ။ article landscape wartermark final5

အများဆုံးလာရောက်ကြည့်ရှုသူတွေ

အများဆုံးက Foreinger  သူငယ်ချင်းများတယ်။ မြန်မာထဲ မှာလည်း ကျွန်တော့်သူငယ်ချင်းတွေ လာရောက်ကြည့်ရှုကြ ပါတယ်။  

ဝယ်ယူရရှိနိုင်မယ့် ဈေးနှုန်း

ဈေးနှုန်းက တစ်သိန်းကနေ ဆယ်သိန်း၊ ၁၅ သိန်း၊ သိန်း ၃၀ လောက်ရှိပါတယ်။ တချို့ကားလေးတွေကျတော့ တစ်သောင်းခွဲ၊ နှစ်သောင်း၊ ငါးသောင်းလောက် ရှိပါတယ်။ တကယ်လို့ ပိုက်ဆံအကျေမပေးဘဲ အရစ်ကျခွဲပေးပြီး ဝယ်လို့လည်း ရပါတယ်။ article landscape wartermark final3

ပန်းချီဈေးကွက်အလားအလာ

ပန်းချီကို စိတ်ဝင်စားတဲ့သူတွေများလာတယ်။ အဲဒီလို Demand များလာတဲ့အတွက် Supply လုပ်နိုင်ဖို့ပဲ လိုပါတယ်။ ဗိုလ်ချုပ်ဈေးမှာဆိုရင် ပန်းချီကား ပေါချောင် ကောင်းဈေးကွက်ရှိပါတယ်။ တစ်သိန်း၊ နှစ်သိန်း ကနေ သိန်း ၄၀၊ ၅၀ အထိ ရှိပါတယ်။ ကျွန်တော်တို့ မင်္ဂလာ လက်ဖွဲ့တဲ့ နှစ်သောင်း၊ သုံးသောင်းတန်ကျောက်စီပန်းချီ ကားထက်  ကျွန်တော်တို့ပန်းချီကားတွေက သိန်း ၄၀၊ ၅၀ ရှိတဲ့အတွက် ဈေးကွက်အလားအလာကောင်းတယ်လို့ ပြော လို့ရပါတယ်။  

အနာဂတ်အစီအစဉ်

ပန်းချီတစ်ခုတည်းတင် မကဘူး။ စာအုပ်ထုတ်ဝေရေးလုပ် ငန်းကိုလည်း တွဲလုပ်တယ်။ မြန်မာလက်မှုပစ္စည်းဖြစ်တဲ့ ချည်ထည်၊ မြန်မာပြည်ဒေသအသီးသီးကထွက်တဲ့ လက်မှုပစ္စည်းတွေကိုပါ တွဲဖက်ရောင်း ချသွားဖို့ရှိပါတယ်။