MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
The Host Hotel & Restaurant Articles mart
Editorial
December 24, 2013
New Business
Profile
ဆိုင်တည်နေရာ အမှတ် ၇၊ အောင်သိဒိန္ဓိလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် မြို့။ ဖုန်း - ၆၆၂၀၈၆၊ ၀၉ ၄၉၂၈၂၁၈၅၊ ၀၉ ၃၁၃၆၉၆၉၀ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၉ နာရီကနေ ညနေ ၅း၃၀ အထိ ပိတ်ရက်မရှိ Daily Open ဖွင့်လှစ်ထားပြီး ဆိုင်ဖွင့်ပွဲကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ဖွင့် လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ဖြစ်တဲ့ရည်ရွယ်ချက် ဆိုင်ဖွင့်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ မန်နေဂျင်းဒါရိုက်တာ ဒေါ်ထက်ထက်အောင်က အခုလို ဟိုတယ်လုပ်ငန်းတွေ တွင်ကျယ်လာတဲ့အခါမှာ မြန်မာဟို တယ်လုပ်ငန်းရှင်တွေအတွက် တစ်နေရာတည်းမှာ သူတို့လိုချင်၊ သုံးချင်တဲ့ပစ္စည်းတွေကို စုံစုံလင်လင်ရနိုင်ဖို့အတွက် ရည်ရွယ်ထားခြင်းဖြစ်တယ်' လို့ ဆိုပါတယ်။ ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစား၊ မှာယူတင်သွင်းတဲ့နိုင်ငံ ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားအနေနဲ့ ဟိုတယ်လုပ်ငန်း၊ Restaurant လုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး၊ အိမ်တွင်းသန့်ရှင်းရေးသုံး၊ ဧည့်ကြိုကောင်တာမှာသုံးတဲ့ပစ္စည်းအမျိုးမျိုး၊ အပြင် ရုံးတစ်ရုံးမှာ လိုအပ်တဲ့ပစ္စည်းအမျိုးမျိုးတို့ကို ရရှိနိုင်တယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဟောင်ကောင်၊ ထိုင်းစတဲ့နိုင် ငံပေါင်းခြောက်နိုင်ငံက မှာယူတင်သွင်းထားတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မှုပိုင်းအနေနဲ့ တပ်ဆင်ရမယ့်ပစ္စည်းတွေဆိုရင် ကိုယ်တိုင်သွားရောက်တပ်ဆင်ပေးဖို့အတွက် Technical Team ရှိပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေဆိုရင်တော့ အာမခံလုပ်ထားပေးတယ်လို့ သိရပါတယ်။ ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ သင့်တော်တဲ့ဈေးနှုန်းမျိုးနဲ့ ရောင်းချပေးတာဖြစ်ပြီးတော့ အသက်အသာဆုံး၊ အရည်အသွေးအကောင်းဆုံးဖြစ်အောင် လုပ်ထားပေးတယ် လို့ ဆိုပါတယ်။ အနာဂတ်မျှော်မှန်းချက် အနာဂတ်မျှော်မှန်းချက်ကတော့ ဟိုတယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ တကယ့်ကိုအားကိုးထိုက်တဲ့ Supplier ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ Host Hotel & Restaurant Articles Mart ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်ထက်ထက်အောင်က ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်
Posted On August 11, 2022, By Editorial
JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး
Posted On August 6, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide