The Greatest Business Decisions of All Time

  ရေးသူ            -         Verne Harnish ထုတ်ဝေသူ      -         Time Home Entertainment, First Edition (2-10-12) စာမျက်နှာ       -         ၂ဝ၈ မျက်နှာ ISBN-10:1603200592 ISBN-13:978-1603200592 article portrait watermark final1     ဆုံးဖြတ်ချက်မချဘဲ ဘာအလုပ်မှ မအောင်မြင်နိုင်ပါ။ အောင်မြင်ခြင်းကို ပေးစွမ်းနိုင်တဲ့ အခိုျ့သောဆုံးဖြတ်ချက် ကြီးတွေဟာ အများရဲ့သာမန်အတွေးအမြင်တွေနဲ့ ဆန့်ကျင် နေတတ်လေ့ရှိကြတယ်။ ဥပမာအားဖြင့် Apple ကုမ္ပဏီ က ဘာကြောင့် Steve Jobs ကို ပြန်ခေါ်ခဲ့ရသလဲ။ Johnsonရ Johnson ကုမ္ပဏီဟာ အဆိပ်ဓာတ်ပါတဲ့ ဆေး ပုလင်းနည်းနည်းပါးပါးတွေ့တာလေးနဲ့ဘာ့ကြောင့် Tylenol ဆေးပုလင်းအားလုံးကို ဈေးကွက်က ပြန်သိမ်းယူဖို့ ဆုံး ဖြတ်ခဲ့ရတာလဲ။Henry Ford  က သူ့ရဲ့ကားလုပ်သားတွေ ရဲ့ အခကြေးငွေလစာကို နှစ်ဆပေးဖို့ ဘာကြောင့်ဆုံးဖြတ် လိုက်ရတာလဲ။ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဘယ်လိုအပြောင်းအလဲ ဖြစ်သွားခဲ့ရသလဲ စတာတွေဟာ ဆုံးဖြတ်ချက်တွေရဲ့ အရေးကြီးပုံကို စာအုပ် ထဲမှာ ဆန်းစစ်ထားတာတွေ ဖြစ်တယ်။ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ယနေ့ Ford ကားကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ Bill Ford က ''ဆုံးဖြတ်ချက် ချရာမှာ ညာဏ်အမြော်အမြင်၊ သတ္တိနဲ့ တာဝန်ယူဆောင်ရွက်  နိုင်မှုတွေ လိုတယ်။ ငွေကြေးအမြတ်အစွန်းကိုပဲ မကြည့် သင့်ဘူး။ အများပြည်သူတို့ရဲ့ ဘဝတိုးတက်ရေးကိုလည်း အားစိုက်ဆောင်ရွက်ဖို့ လိုတယ်'' လို့ ဆိုထားတယ်။ ဒီစာအုပ်ဟာ CEO စတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ် ကိုင်နေကြရသူတိုင်း ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။