အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေဟာ အတော်ကြီးရှည်လျားကြပါတယ်။ လက်နှိပ်စက်နဲ့ စာကြောင်းစိပ်စိပ်ရိုက်ထားတာတောင် စာမျက်နှာလေးရာကျော်၊ ငါးရာကျော်လောက်ရှိလေ့ရှိတယ်။ ဒီစာအုပ်ရေးသူက အဲဒီလို အလွန်အကျူးအသေးစိတ်ကျ လွန်းနေတဲ့ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကြောင့် သက်ဆိုင်ရာလူတွေ၊ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် တွေး ခေါ်ကြံဆဖို့ အခွင့်အလမ်းတွေ နည်းသွားတာကို ပြစ်တင် ဝေဖန်ထားတာဖြစ်တယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ရေးဆွဲထား ရာမှာ လုပ်ငန်းခွင်တွေ တစ်ခုနဲ့တစ်ခု မတူတဲ့အခြေအနေ တွေကို ထည့်မတွက်ဘဲ အကုန်လုံးခြုံပြီး အသေးစိတ် ရေးဆွဲထားတာတွေ ဖြစ်နေတယ်လို့ စာရေးသူနယူးယောက် မြို့ရှေ့နေချုပ်က စာအုပ်ထဲမှာ ဆိုထားတယ်။ လုပ်ထုံးလုပ် နည်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေဟာလည်း မလိုအပ်ဘဲ ရှုပ်ထွေးနေတဲ့အတွက် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အကြံဉာဏ်တွေလည်း ထွက်ပေါ်လာနိုင်မှုမရှိဘဲဖြစ်နေတယ် တဲ့။ တံတားပြင်ဆင်ခြင်း၊ ဝန်ထမ်းသစ်ငှားရမ်း ခန့်ထားခြင်း နဲ့ အစိုးရကျောင်းမှာ သော့ခလောက်တစ်လုံး ပြုပြင်ရေးက အစလုပ်ထုံးလုပ်နည်းတွေက လိုအပ်တာထက် များလွန်းရှုပ် ထွေးလွန်းနေတယ်တဲ့။ အသေးစိတ်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အားလုံးအတွက် တစ်ပြေးညီဖြစ် အောင် ရေးဆွဲထားတဲ့လုပ်ထုံးလုပ်နည်းတွေဟာ မတူညီတဲ့ အခြေအနေတွေမှာ မတူညီတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ် လာစေနိုင်တယ်လို့ စာရေးသူကသုံးသပ်ထားတယ်။ ရေးသူ - Philip K. Howard ထုတ်ဝေသူ - Random House (၃.၅.၂၀၁၁) စာမျက်နှာ - ၂၅၆ မျက်နှာ၊ စက္ကူဖုံး ISBN-10:0812982746 ISBN-13:978-0812982749