The Creative House Event Mangement

လုပ်ငန်းတည်နေရာ အမှတ် ၆/၁၊ အခန်း- ၂၂၊ ရန်အောင်လမ်းသွယ်- ၃၊ ရန်ကင်းလမ်းမကြီး၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့ ၀၉-၃၁၂၅၆၆၀၁၊ ၀၉-၄၂၀၂၂၀၆၄၈၊ ၀၉-၃၁၅၂၆၀၈၀ ဖြစ်ပြီး တနဘျငအန အနေနဲ့ဆိုရင်တော့  www.myanmargoodlink.com.mm  ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။   လုပ်ငန်းဆောင်ရွက်ချိန် အလုပ်ချိန်ကတော့ မနက် ၉ နာရီကနေညနေ ၅ နာရီ ထိဖြစ်ပြီး တနင်္လာနေ့ကနေ စနေနေ့ထိ လုပ်ငန်းတွေဆောင် ရွက်ပေးနေတာဖြစ်ပါတယ်။   လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံ ''ဒီလုပ်ငန်းကို ကျွန်တော်တို့ စိတ်တူကိုယ်တူ ဝါသနာတူ လူငယ်လေးယောက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ဟာ ဒီ Events Manag- ement Fields က မဟုတ်ပါဘူး။ စိတ်ဝင်စားမှု လုပ်ချင် ကိုင်ချင် ကြိုးစားချင်တဲ့စိတ်ဓာတ်တွေနဲ့ စတင်ဖြစ်ခဲ့တာပါ။ လုပ်ငန်းတစ်ခုကို စတင်ဖို့ဆိုတာမလွယ်ကူပါဘူး။ လုပ်ငန်း အစပိုင်းမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေ မဲ့ အောင်အောင်မြင်မြင်နဲ့ ကြိုးစားကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုယ့်  Clients တွေကို Creative Idea  တွေနဲ့ ပံပိုးပေးနိုင်မှလည်း အလုပ်ဖြစ်တာပါ'' လို့ The Creative House Event Mangement  ရဲ့ မန်နေးဂျင်းဒါရိုက်တာ Samuel ဆောင်ဘောင်က ပြောပြခဲ့ပါတယ်။   ရရှိနိုင်သောဝန်ဆောင်မှု့များ The Creative House Event Management    က Customer တွေစိတ်တိုင်းကျတဲ့အထိ ကျွမ်းကျင်စေ့စပ်သေချာတဲ့ဝန် ထမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ စေ့စပ်မင်္ဂလာ ၊ လက် ထပ်မင်္ဂလာ ၊ မင်္ဂလာနှစ်ပတ်လည်၊ အမည်ပေးကင်ပွန်းတပ်၊ အလှူမင်္ဂလာ ၊ ရှင်ပြု နားသ၊ အိမ်သစ်တက်ပွဲ ၊ မွေးနေ့ ပွဲ ၊ ပျော်ပွဲရွှင်ပွဲ ၊ ဖွင့်ပွဲအခမ်းအနား ၊ အစည်းအဝေးပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊ ကုန်စည်ပြပွဲ ၊ ဖျော်ဖြေရေးပွဲစတဲ့ အခမ်း အနားတွေကို ပွဲအစကနေအဆုံးထိ ပွဲချိန်အတွင်းမှာလည်း ပြန်ကြည့်စရာမလိုအောင် ဆောင်ရွက်ပေးနေတာဖြစ်တယ်။   ဈေးနှုန်းသတ်မှတ်ချက် ဝန်ဆောင်ခ သတ်မှတ်နှုန်းထားက နှစ်မျိုးရှိပြီး ပထမ တစ် ခုကတော့ Limited Budget  အတွက်သုံးစွဲဖို့ သတ်မှတ် ထားတဲ့ ငွေကြေးပမာဏအတွင်း Management Fees ကို ပါ တစ်ပါတည်းပါဝင်အောင် ဆောင်ရွက်ပေးပါတယ်။              Open Budget  အတွက်လည်း သီးသန့်ဝန်ဆောင်ခ သတ် မှတ်ပြီး စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်။ Customer တွေရဲ့ အချိန် ၊ ငွေ ၊ စိတ်ပင်ပန်းမှုစတဲ့ ကြုံတွေ့ရမယ့်ကိစ္စရပ်တွေကို ငြိမ်းအေးစေပြီး ကျေနပ်မှုတွေ အပြည့်အဝရရှိစေမယ့် သင့်တင့်တဲ့ ဝန်ဆောင်ခနှုန်းထားပဲ ဖြစ်မှာပါလို့ဆိုပါတယ် ။   အနာဂတ်အစီအစဉ် ဒီ Eventsနဲ့ပတ်သက်ဆက်နွှယ်တဲ့လုပ်ငန်းတွေကို အဓိက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။