The Concise 33 Strategies of War

  article portrait watermark final2   ကမ္ဘာ့သမိုင်းမှ ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ရပ်တွေကို ဖော်ပြထားရုံမျမက နိုင်ငံရေး၊ ဘာသာအယူဝါဒရေးရာဆိုင်ရာ အတွေးအခေါ်တွေကို မွှေနောက်ဆက် စပ်သုံးသပ် ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီလိုပဋိပက္ခတွေ၊ စစ်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေရဲ့ အမှားအမှန်တွေ၊ အစွမ်းအစတွေကို နပိုလီယန်၊ မာဂရက်သက်ချာ၊ လော့စ်နယ်လ်အနီ စတဲ့ပုဂ္ဂိုလ်ကျော်တွေအပြင် ဂျပန်ဆာမူရိုင်းဓားသမားတွေနဲ့ သံတမန်တွေအထိ စုံလင် အောင်လေ့လာတင်ပြထားတယ်။ စာမြည်းအဖြစ် အပိုင်းတစ်က ကောက်နုတ်ဖော်ပြရင် ''စစ်၊ ဒါမှမဟုတ် ဘယ်လို ပဋိပက္ခမျိုးဖြစ်ဖြစ်၊ နည်းဗျူဟာသုံးပြီး တိုက်ခိုက်အောင် မြင်ကြရတာဖြစ်တယ်။ စစ်နဲ့နည်းဗျူဟာဟာ လူ့စိတ်ထဲမှာ စတာဖြစ်တယ်။ စိတ်ထဲမှာ အလွယ်တကူ စိတ်ခံစားချက်တွေ သိပ်ပြီးလွှမ်းမိုးနေမယ်၊ ပစ္စုပ္ပန်ကို အာရုံစိုက်ရမယ့်အစား အတိတ်မှာချည်းနစ်မြုပ်နေမယ်၊ ဖြစ်နေတဲ့ဖြစ်ရပ်တွေကို အရေးကြီးရင်ကြီးသလို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဖြစ်နေမယ်။ အဲဒီလိုစိတ်မျိုးဟာ အဓိကလိုရင်းနဲ့ လွဲချော်သွားနိုင်တဲ့ ဗျူဟာတွေကိုသာ ချမှတ်သွားတော့မှာဖြစ်တယ်။ ကျွမ်းကျင်တဲ့နည်းဗျူဟာ ပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် အဆင့်သုံးဆင့်ကို ဆောင်ရွက်ရမှာဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လုပ်ရမှာကခိုင်မာထိရောက်တဲ့နည်း ဗျူဟာတစ်နည်းအားဖြင့် နည်းလမ်းတစ်ရပ်ချမှတ်ရာမှာ လမ်းလွှဲသွေဖည်သွားစေနိုင်တဲ့ မိမိရဲ့ပျော့ကွက်၊ ဟာကွက်ကို သိဖို့လိုတယ်။ ဒုတိယအဆင့်မှာ လုပ်စရာရှိတာ လုပ်လိုက်ဖို့၊ တစ်နည်းအားဖြင့် ရှေ့ကိုချီတက်ဖို့ မိမိကိုယ်မိမိ အမိန့်ပေး စစ်ကြေညာလိုက်ဖို့ဖြစ်တယ်။ တတိယအဆင့်ကျတော့ မိမိရဲ့စိတ်ထဲမှာရှိတဲ့ အတွင်းရန်သူတွေ ကို နည်းဗျူဟာချမှတ်ပြီး ရက်ရက်စက်စက် ပြတ်ပြတ်သားသား ဆက်တိုက်တိုက်ခိုက်လိုက်ဖို့ပဲဖြစ်တယ်။ လာမယ့်အခန်း လေးခန်းကို ဆက်ဖတ်ကြည့်ပါ။ အခုလောလောဆယ်မှာကိုပဲ သင့်စိတ်ထဲမှာ ကမောက်ကမ တွေ၊ ဖရိုဖရဲဖြစ်နေတာတွေ ရှိကောင်းရှိနေမှာပါ။ ဒီအချက်တွေကို အဲဒီအခန်းတွေမှာ ဖော်ပြထားတဲ့အတွက် အဲဒါတွေကို ဘယ်လိုနှိမ်နင်းသုတ်သင်ဖယ်ရှားပစ်ရမလဲဆိုတာနဲ့ ပတ်သက် တဲ့နည်းဗျူဟာတွေကို တွေ့ရပါလိမ့်မယ်။