Superior Fashion Shop

Superior1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်း . . .

အမှတ် ၃၀၀ (B) ၊ ဗညားဒလလမ်းမပေါ်၊ အောင်မင်္ဂလာလမ်းနဲ့ သီတာလမ်းကြား၊ ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်း- ၀၉၉၇၂၁၁၁၄၂၂ နဲ့ Facebook Page - Superior Clothing တို့ကနေ ဆက်သွယ်နိုင်ပါတယ်။

ဆိုင်စတင်တည်ထောင်ဖြစ်ပုံ . . .

ကျွန်တော်က Media 7 နာမည်နဲ့ Media Entertainment လုပ်ငန်းလုပ်တယ်။ ဒီတော့ ရုပ်ရှင်တွေ၊ MTV တွေ၊ တေးထုတ်လုပ်မှုတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေတယ်။ ရိုက်ကူးရေးအတွက် စာချုပ်ထားတဲ့ အနုပညာရှင်တွေကလည်းများတယ်။ အဲဒီတော့ သူတို့နဲ့ပတ်သက်တဲ့ ဖက်ရှင်လေးတစ်ခုကို ဖန်တီးချင်တယ်။ ဖက်ရှင်ဆိုင်နဲ့ ပတ်သက်လာရင် Snare အဖွဲ့ရဲ့ ဖြိုးလေးက အောင်မြင်ပြီးသားဆိုတော့ သူနဲ့တိုင်ပင်ကြည့်ဖြစ်ပြီး သူငယ်ချင်းတွေ ပေါင်းလုပ်ရင်ကောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ Superior ဆိုင်လေးကို စတင်ဖွင့်ဖြစ်တာပါ။ ဆိုင်ကို ကျွန်တော်ရယ်၊ VeVe အချိုရည်က ကိုနိုင်ဖြိုးကျော်နဲ့ ဖြိုးလေးရယ် အားလုံးသုံးယောက်ပေါင်းပြီး ဖွင့်ဖြစ်တာပါလို့ ကိုဝေမင်းမောင်က ပြောပြပါတယ်။

ဆိုင်မှာရနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဒီဇိုင်းပိုင်း၊ ချုပ်လုပ်မှုပိုင်း . . .

အဓိကအနေနဲ့ ဒီဆိုင်မှာ လူငယ်လူလတ်ပိုင်း ယောက်ျားလေးဝတ်တွေများတယ်။ မိန်းကလေးဝတ်လည်း အတန်အသင့်လောက်ပါတယ်။ အဓိကက အခုခေတ်ပေါ်နေတဲ့ လူငယ်လူလတ်ဖက်ရှင်ဒီဇိုင်းတွေကို ဖြိုးလေးစိတ်ကူးနဲ့ လုပ်တာများပါတယ်။ တခြားကျောပိုးအိတ်တွေ၊ ဦးထုပ်တွေလည်း ရပါတယ်။ ချုပ်လုပ်မှုပိုင်းကိုတော့ မြန်မာနိုင်ငံမှာ လုပ်တာလည်းရှိတယ်။ ထိုင်းတို့၊ တရုတ်တို့ကို ဒီဇိုင်းပေးပြီး ချုပ်ခိုင်းတာလည်းရှိပါတယ်။

Article Lanspace

ဈေးနှုန်းပိုင်းနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် . . .

ဈေးနှုန်းကတော့ ပစ္စည်းအမျိုးအစားအပေါ်မှုတည်ပြီး တစ်သောင်းကျပ်ကနေ နှစ်သောင်းကျပ်ဝန်းကျင် ရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့က Superior Clothing အောက်ကသွားနေပြီး အဲဒီအောက်မှာပဲ တခြားအမှတ်တံဆိပ်လေးတွေလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ပထမဆုံးလုပ်ဖြစ်တာတော့ TREND ဖြစ်ပါတယ်။

လက်ရှိရောင်းဝယ်မှုပုံစံနဲ့ အနာဂတ်အစီအစဉ် . . .

နယ်ကမှာယူတဲ့သူတွေလည်း ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာပါတယ်။ နယ်ကိုယ်စားလှယ်နဲ့ ပြန်ရောင်းမယ့်သူတွေကိုတော့ ဈေးတစ်မျိုးသတ်မှတ်ပေးထားပါတယ်။ သူတို့လည်း ပြန်ရောင်းရတာအဆင်ပြေအောင် ကိုယ်လည်းအကျိုးရှိအောင် ညှိုနှိုင်းရတာလေးတွေတော့ ရှိပါတယ်။ နောက်ထပ်ထုတ်မယ့် အမှတ်တံဆိပ်တွေကိုတော့ အွန်လိုင်းကနေရောင်းဖို့ တိုင်ပင်ထားတာရှိပါတယ်။ ကျွန်တော့်အစ်မကလည်း အခုလက်ရှိ RGO အွန်လိုင်းရှော့ပင်းလုပ်နေတော့ သူနဲ့လည်း ဆွေးနွေးထားပါတယ်။ နောက်ပိုင်း ဝယ်ယူသူစိတ်ကြိုက်ဖြစ်စေမယ့် ဒီဇိုင်းအသစ်တွေလည်း ဆက်ပြီးအကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ နောက်ပြီး မန္တလေးတို့လို မြို့ကြီးတွေက ဈေးဝယ်စင်တာကြီးတွေမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်သွားဖို့ရှိပါတယ်။ ၂၀၁၇ခုနှစ် အတွင်းမှာ အမြန်ဆုံးလုပ်နိုင်အောင် ကြိုးစားနေပါတယ်။